နှစ်သစ်မှစပြီး ကံထူးခွင့်တွေရယူနိုင်ဖို့ Wave နဲ့ပိုပိုပေးချေပြီး ဆုကြီးတွေ ပိုင်ဆိုင်နိုင်ပြီနော်

နှစ်သစ်မှစပြီး ကံထူးခွင့်တွေရယူနိုင်ဖို့ Wave နဲ့ပိုပိုပေးချေပြီး ဆုကြီးတွေ ပိုင်ဆိုင်နိုင်ပြီနော်


“Wave နဲ့ ပိုပိုပေးချေ ဆုကြီးတွေပိုင်ဆိုင်လိုက်လေ” ကမ်ပိန်းမှာ ပါဝင်ဖို့ ဆိုရင် မိမိ Wave အကောင့်နဲ့ Wave ဝန်ဆောင်မှုတွေကို တစ်လလျှင် လုပ်ငန်းစဉ် ၁ ကြောင်းကို ၁၀၀၀ ကျပ်မှစတင်၍ လုပ်ငန်းစဉ် ၅ ကြောင်း အနည်းဆုံးပြုလုပ်ရပါမယ်။ လစဉ် E-money (၅)သိန်း၊ (၃)သိန်း၊ (၁) သိန်း နဲ့ (၁)သောင်းကျပ်ဆုတို့ကို (၃)လတိုင်တိုင် ရွေးချယ်ကံစမ်းပေးသွားမယ့်အပြင် အစီအစဉ်အပြီးမှာ အထူးဆုကြီးဖြစ်တဲ့ iPhone 16 Pro ကိုလည်း ချီးမြင့်ပေးသွားမှာဆိုတော့

  • Wave ဝန်ဆောင်မှုများဖြစ်တဲ့ ငွေသွင်းခြင်း၊ ငွေလွှဲခြင်း၊ ဖုန်းဘေလ်ဖြည့် ဒေတာဝယ်ယူခြင်း၊ Wave QR နှင့် ငွေပေးချေခြင်း၊ လစဉ်ဘေလ်မျိုးစုံ နှင့် အာမခံကြေး၊ ချေးငွေတို့ ပေးဆောင်ခြင်း၊
  • Wave အကောင့်ဖြင့် ပြုလုပ်နိုင်သောအခြားမည်သည့်ငွေပေးချေမှုမဆိုပြုလုပ်ခြင်းများ (ခရီးသွားလက်မှတ်ဝယ်ယူခြင်း၊ Food Panda ဖြင့်မုန့်ဝယ်စားခြင်း၊ Min Thein Kha ဗေဒင်၊ Mahar ရုပ်ရှင်နှင့်ဂီတ၊ City Mall မှဈေးဝယ်ခြင်း၊ Canal + ရုပ်ရှင်ဝယ်ယူခြင်းနှင့် အခြားသော ငွေပေးချေမှုအစုံ) ကို ဖေဖော်ဝါရီလ (၁) ရက်မှ ဧပြီလ (၃၀) ရက်နေ့အတွင်း များများအသုံးပြုပြီး Wave ဆုကြီးတွေ ဆွတ်ခူးလိုက်ရအောင်။

Kindly review the terms & conditions for our campaign.

စည်းကမ်းသတ်မှတ်ချက်များ

 

ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။

အစီအစဥ်၏သတ်မှတ်ကာလ – ၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ဧပြီလ ၃၀ ရက်နေ့ အထိ
ကံစမ်းမဲဆုလက်ဆောင်ရရှိနိုင်မည့်ကာလ – ကံစမ်းမဲအစီအစဥ်စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ ဆုလက်ဆောင်များကို ဆက်သွယ်ပြီးသည့်ရက်မှ ရုံးဖွင့်ရက် (၇) ရက်အတွင်း ဆုလက်ဆောင် ပေးမည်ဖြစ်ပါသည်။

ဆုလက်ခံရယူရန် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုပါ။ ကံထူးသူများသည် ကံထူးရှင်အဖြစ်ကြေညာရန် သင့်တော်သော မိမိဓာတ်ပုံကို သဘောတူပေးအပ်ရပါမည်။

 

အခြားစည်းမျဉ်းစည်းကမ်းများ

 

(က) ဆုလက်ဆောင် ကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။

 

(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

 

(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။

 

(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။

 

(င) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

 

(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။

 

(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

 

(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။

 

(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – care@wavemoney.com.mm ကိုလည်း ဆက်သွယ်နိုင်ပါသည်။

 

(ည) အကောင့်များ ရပ်တန့်နေ၍ ပြန်အမ်းငွေပြန်လည်ထည့်သွင်း၍ မရပါက သုံးစွဲသူသည် ပရိုမိုးရှင်း ပြန်အမ်းငွေများကို လုပ်ငန်းစဉ်ဆောင်ရွက်ပြီးချိန်မှ ၄၅ ရက်အတွင်း Wave Money Customer Care အားဆက်သွယ်တောင်းဆိုနိုင်ပါသည်။ ၄၅ ရက်ကျော်လွန်သွားသော ပြန်အမ်းငွေများအား ထပ်မံတောင်းဆိုနိုင်ခြင်းမရှိတော့ပါ။

Icon
campaign brief

Wave Mega Campaign

Icon
campaign period

01 Feb - 30 Apr 2025

share on:

Wavemoney © 2025. All rights reserved.Developed by B360

chat icon