ဒီငလျင်က ကျွန်မတို့တွေရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်ခဲ့တဲ့အလျောက် ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာ အကြင်နာတရားတွေကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ဆေးရုံအဖွဲ့များ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံသာမက ထိခိုက်ဆုံရှုံးနစ်နာခဲ့ရသူတွေ ခွန်အားဖြစ်စေဖို့ သူတို့နဲ့အတူ ရပ်တည်ပေးလျက်ရှိပါတယ်။ ကျွန်မတို့အတွက်တော့ အခုလို လုပ်ဆောင်ခြင်းဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုနေခြင်းပဲ ဖြစ်ပါတယ်။” — ဒေါက်တာ ဇော်ဝင်းစန္ဒီ (လုပ်ငန်းအမှုဆောင် အရာရှိချုပ်၊ Pun Hlaing Hospitals)
ယာယီအမိုးအကာများ ဆောက်လုပ်ပြီး ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများဖြင့် အကူအညီလိုအပ်နေသူများကို ကူညီပေးနေသည့်အပြင် ပန်းလှိုင်ဆေးရုံအဖွဲ့များအနေဖြင့် ဒေသခံအဖွဲ့အစည်းများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မန္တလေးရှိ ကန်တော်နဒီ ကယ်ဆယ်ရေးစခန်းတွင် ပန်းလှိုင်ဆေးရုံမှဆရာဝန်များနှင့် သူနာပြုများသည် ထိခိုက်ဒဏ်ရာ ရရှိသူများ ၊ နာတာရှည်ရောဂါ ရှိသူများကို လိုအပ်သည့် ကုသမှုများပေးနေသည့်အပြင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကိုလည်း အခြေခံကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် ရှမ်းပြည်နယ်၊ အင်းလေးဒေသရှိ ညောင်ရွှေမြို့နယ်တွင်လည်း လုပ်အားပေးဝန်ထမ်းများမှ အစားအသောက်များ ပေးဝေခြင်း၊ ဒေသခံပြည်သူများအား ဘေးကင်းရာသို့ လမ်းညွှန်ခြင်းနှင့် အခြေခံ အရေးပေါ်ကုသမှုသင်တန်းများပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။
ပန်းလှိုင်ဆေးရုံ၏ ဝန်ထမ်းပေါင်း ၁,၅၀၀ ကျော်သည် မိမိတို့၏ ပုံမှန်တာဝန်များအပြင် အကူအညီလိုအပ်နေသော ပြည်သူများအတွက် မရပ်မနား ကြိုးစားပေးသွားမည် ဖြစ်ပါသည်။
ရိုးမလုပ်ငန်းစုမှ ဦးဆောင်၍ ရန်ပုံငွေစုဆောင်းခြင်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်တိုင်သွားရောက် ကူညီပံ့ပိုးခြင်းများစသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။
အဖွဲ့ဝင်များ ၊ လုပ်အားပေးများနှင့် ဒေသခံမိတ်ဖက်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။