ငလျင် သတင်းများ
18 Apr, 2025

အင်းလေးဒေသ၏ ပြန်လည်ထူထောင်ရေးအတွက် ကျွန်ုပ်တို့ Memories Group ၏ တစ်ဖက်တစ်လှမ်းမှ ပါဝင်ဆောင်ရွက်မှု

သင်္ကြန်ကာလအတွင်း Memories Group မှ ဝန်ထမ်းများပါဝင်သော လုပ်အားပေးအဖွဲ့သည် ဒေသခံ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း၍ ငလျင်ဘေးသင့် ဒေသခံပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

Rotary Club (Greater Yangon), Methodist Church Myanmar, Future Kidz School, Aura Beauty Lounge, ရန်ကုန်မှ အဖွဲ့အစည်းများနှင့် အခြားသူများ၏ လှူဒါန်းမှုများဖြင့် လုပ်အားပေးအဖွဲ့သည် ဟန်ချို၊ ရွာကြီးတောင်အောက်၊ ကေလာ၊ ကြေးစားကုန်းနှင့် ညောင်ရွှေ ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူပေါင်း လူနာ ၃၀၀ ကျော်ကို ကုသပေးခဲ့ပါသည်။ ထို့အပြင် အရေးပေါ်ခိုလှုံရန် ပစ္စည်းများ၊ ဆိုလာမီးအိမ်များနှင့် အစားအသောက်များကို ဖြန့်ဝေပေးခဲ့ပြီး ရေသန့်စင်စက်များကိုလည်း တပ်ဆင်ပေးခဲ့ပါသည်။

အင်းလေးကန်အတွင်း သယ်ယူပို့ဆောင်ရေးနှင့် လုပ်အားပေးများ တည်းခိုနေထိုင်ရန် ပံ့ပိုးကူညီပေးသော Inle View Point Hotel ကိုလည်း ကျေးဇူးတင်ရှိပါသည်။

ပြန်လည်ထူထောင်ရေး ခရီးလမ်းသည် ရှည်လျားသဖြင့် ကျွန်ုပ်တို့အားလုံး အတူလက်တွဲပြီး ကြိုးစားလျှောက်လှမ်းမှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon