ငလျင် သတင်းများ
14 Apr, 2025

Yoma Heavy Equipment မှ ငလျင်ပြီးနောက် ကျန်ရှိသည့် အပျက်အစီးများ ရှင်းလင်းရေးတွင် ပါဝင်ကူညီ

ယခင်လက ဖြစ်ပွားခဲ့သော ငလျင်ပြီးနောက် ကျန်ရစ်နေခဲ့သည့် အက်ကွဲပြိုကျနေသော နံရံများ ၊ ပိတ်ဆို့နေသောလမ်းများနှင့် ပျက်စီးနေသည့် အခြေခံအဆောက်အအုံများ အကြားတွင် ဒေသခံပြည်သူများအနေဖြင့် ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေကြရပါသည်။

ပျက်စီးမှု အကြွင်းအကျန်များကို ကူညီရှင်းလင်ရန်အတွက် Yoma Heavy Equipment မှ မြေတူးစက်များနှင့် ဘက်ဟိုးများကို ငလျင်ဒဏ်သင့်ဒေသများထံ ပို့ဆောင်၍ ကူညီပေးလျက်ရှိပါသည်။ မြေပြင်တွင် သင့်တော်သော စက်ယန္တရားများ ရှိနေခြင်းသည် ရပ်ရွာနေပြည်သူများအတွက် အပျက်အစီးများ ရှင်းပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းလာအောင် လမ်းရှင်းပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon