၁။ ကံစမ်းမဲအစီအစဉ် အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ – Wave Pay အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင်ပါ၀င်ကံစမ်းနိုင်သည်
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ် – Promotion ကာလ (၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့ မှ ၂၀၂၆ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့) အတွင်း ငွေကျပ် ၅သောင်း ကျပ်နှင့် အထက်အား Wave Pay အကောင့်မှ မိမိနှစ်သက်ရာ ဖုန်းနံပါတ်သို့ (လျို့၀ှက်နံပါတ် ၆လုံးဖြင့်) ငွေလွဲရမည် ဖြစ်သည်၊၊
(ဂ) အကျိုးခံစားခွင့် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို ပရိုမိုရှင်းကာလအတွင်းပြီး မြောက်ပြီး ကံစမ်းမဲအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အောက်ပါ e-money ဆုလက်ဆောင်ကိုကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။
ကံထူးရှင်ဆုမဲများ အား အောက်ပါအတိုင်းရွေးချယ်ပါမည်။
၁,၀၀၀,၀၀၀ ကျပ် x ၁ ဦး
၅၀၀,၀၀၀ ကျပ် x ၂ ဦး
၁၀၀,၀၀၀ ကျပ် x ၁၀ ဦး
၅၀,၀၀၀ ကျပ် x ၁၀ ဦး
၁၀,၀၀၀ ကျပ် x ၁၅၀ ဦး
ကံထူးရှင်များ (ကို Wave Money call center နံပါတ်များမှသာ (၉၀၀ (သို့) ၀၉၇၉၀၀၀၉၀၀၀) ဆက်သွယ်ပြီး ) SMS, Push notification ပေးပို့မည် ဖြစ်သည်။
(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။
(င) Promotion ကာလ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့အထိ
(စ) ကံစမ်းမဲဆုလက်ဆောင်ရရှိနိုင်မည့်ကာလ – ကံစမ်းမဲအစီအစဥ်စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ WavePay အကောင့်များသို့ e-money ဆုလက်ဆောင်များကို ဆက်သွယ်ပြီးသည့်ရက်မှ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ပြန်အမ်းငွေကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည် မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ဃ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်း ကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။
(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊ အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။
(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။