၁။ အစီအစဉ်အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ
Wave အကောင့် အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ်
Wave အကောင့် အသုံးပြုပြီး December 10 ရက်နေ့ မှ December 15 ရက်နေ့ အတွင်း Wave အကောင့်မှ အနည်းဆုံး ၁,၀၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်ခြင်း ဒေတာ Pack ဝယ်ယူခြင်းများပြုလုပ်ရပါမည်။
(ဂ) အကျိုးခံစားခွင့် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို ပရိုမိုရှင်းကာလအတွင်း
ပြီးမြောက်ပြီး ကံစမ်းမဲအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အောက်ပါ Data ဆုလက်ဆောင် များကို ကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။ Bonus Gift 500MB မှ 12 GB (7 Days Validity) အား ဖုန်းငွေအဖြည့်ခံရသည့် နံပါတ်သို့ ထည့်သွင်းပေးပါမည်။
ကံထူးရှင်ဆုမဲများ
ကံထူးရှင်များအား အောက်ပါအတိုင်းရွေးချယ်ပါမည်။
12 GB x ၁၂ဦး
5GB x ၄၀ ဦး
2GB x ၂၅၂ ဦး
1GB x ၁၀၀၀ ဦး
500 MB x ၂၀၀၈ ဦး
(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။ အသုံးပြုသူတစ်ယောက်လျှင် Data Bonus အား Promotion ကာလအတွင်း ၁ ကြိမ်ရရှိပါမည်။
(င) အစီအစဥ်၏သတ်မှတ်ကာလ – ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ
(စ) ဆုလက်ဆောင်ရရှိနိုင်မည့်ကာလ – ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံး
ဆုလက်ခံရယူရန် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုပါ။
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ဆုလက်ဆောင် ကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။
(င) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။
(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။
(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။
(ည) အကောင့်များ ရပ်တန့်နေ၍ ပြန်အမ်းငွေပြန်လည်ထည့်သွင်း၍ မရပါက သုံးစွဲသူသည် ပရိုမိုးရှင်း ပြန်အမ်းငွေများကို လုပ်ငန်းစဉ်ဆောင်ရွက်ပြီးချိန်မှ ၄၅ ရက်အတွင်း Wave Money Customer Care အားဆက်သွယ်တောင်းဆိုနိုင်ပါသည်။ ၄၅ ရက်ကျော်လွန်သွားသော ပြန်အမ်းငွေများအား ထပ်မံတောင်းဆိုနိုင်ခြင်းမရှိတော့ပါ။