ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အမြဲအတူရှိနေမယ့် WAVE

ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အမြဲအတူရှိနေမယ့် WAVE

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအားများငလျင်ဘေးဒဏ်ကြောင့် ကြီးမားသောဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသောပြည်သူများနဲ့ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။ ​

ထို့ကြောင့် လက်ရှိအခြေအနေများတွင် Wave အနေနဲ့ ပြည်သူများအား ကူညီနိုင်ရန် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ မြို့များတွင်​

ငွေသားထုတ်ယူမှုလွယ်ကူအဆင်ပြေစေရန်

  • သတ်မှတ်ထားတဲ့ Wave အေးဂျင့်ဆိုင်များတွင် Wave အကောင့်မှ အခမဲ့ ငွေထုတ်ယူခြင်း၊
  • ငလျင်ဒဏ်သင့်ဒေသများသို့ အခြားတိုင်းဒေသကြီးများရှိ အေးဂျင့်ဆိုင်များမှ အခမဲ့ ငွေလွှဲခြင်း နှင့်
  • Wave အကောင့်မှ ငလျင်ဒဏ်သင့်ဒေသရှိ ငွေလက်ခံမည့်သူ၏အကောင့်အားတိုက်ရိုက်မဟုတ်ပဲ အေးဂျင့်မှတစ်ဆင့်ထုတ်ယူနိုင်ရန် ငွေလွှဲပါက  ငွေလွှဲခနှုန်းထား အားပြန်လည်ရရှိခြင်း စသည်တို့ကို အလွယ်တကူလုပ်ဆောင်နိုင်ပါပြီ။

အခမဲ့ ဝန်ဆောင်ခရယူနိုင်တဲ့ ကာလ – ဧပြီလ (၂)ရက် မှ (၉)ရက်နေ့အထိ

ငွေလွှဲနိုင်သော ဆိုင်များ Link

ငွေထုတ်ယူနိုင်သော ဆိုင်များ Link

ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ကြည့်လိုက်ပါ

ငလျင်ဘေးသင့်သော ဒေသများအတွက် Wave ၏ ကူညီပံ့ပိုးမှု အစီအစဉ်”  

 

အသေးစိတ်

(က) Customer များအနေဖြင့် သတ်မှတ်ထားသော တည်နေရာများ (Link တွင် ကြည့်ရန်) ရှိ အေးဂျင့်ဆိုင်များတွင် ဝန်ဆောင်ခ ပေးစရာမလိုပဲ ငွေပို့ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပါသည်။

(ခ) Customer များအနေဖြင့် သတ်မှတ်ထားသော တည်နေရာများ (Link တွင် ကြည့်ရန်) ရှိ အေးဂျင့်ဆိုင်များတွင် ဝန်ဆောင်ခ ပေးစရာမလိုပဲ ငွေထုတ်ဝန်ဆောင်မှုကို လုပ်ဆောင်နိုင်ပါသည်။

(ဂ) WA-WST များအတွက်၊ ငွေလက်ခံသူသည် ငလျင်ဘေးသင့်ဒေသများရှိ သတ်မှတ်ထားသောဆိုင်များတွင် ငွေထုတ်ပါက ပေးပို့မှု ဝန်ဆောင်ခကို ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

(ဃ) ငွေလွှဲ ငွေထုတ်ရာတွင် KYC ကိုယ်ရေးအချက်အလက် များအား ပြည့်စုံစွာပေးရမည်။


အချိန်ကာလ

ဤအစီအစဉ်ကို ဧပြီလ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်သွားပါမည်။

 

၂။ အခြားစည်းမျဉ်းစည်းကမ်းများ

(က) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်မရှိပါ။

(ခ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။

(ဂ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။

(ဃ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊ အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(င) မရိုးဖြောင့်သော လုပ်ငန်းစဉ်များ (သို့) ပြန်အမ်းငွေရရှိရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ထားသော လုပ်ငန်းစဉ်များ တွေ့ရှိပါက အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြန်အမ်းငွေ ပေးမည်မဟုတ်ပါ။

(စ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(ဆ) အငြင်းပွားမှုများဖြစ်ပေါ်ပါက Wave Money ၏ ဆုံးဖြတ်ချက်သည်များ အမှန်ဖြစ်ပါသည်။ အကယ်၍ ဖောက်သည်၏ အကောင့်သည် ယာယီရပ်ဆိုင်းထားသော အကောင့် ဖြစ်နေပါက ဖောက်သည်အနေဖြင့် ၄၅ ရက်အတွင်း Wave Money Customer Care သို့ ဆက်သွယ်၍ ပြန်အမ်းငွေတောင်းဆိုနိုင်ပါသည်။ ၄၅ ရက် ကျော်လွန်သွားသော လုပ်ငန်းစဉ်များအတွက် ပြန်အမ်းငွေများအား ထပ်မံပြန်လည်ပေးအပ်မည် မဟုတ်ပါ။

(ဇ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – care@wavemoney.com.mm ကိုလည်း ဆက်သွယ်နိုင်ပါသည်။

Icon
campaign brief

ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အမြဲအတူရှိနေမယ့် WAVE

Icon
campaign period

02 Apr - 09 Apr 2025

Icon
prize

ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် WAVE ဆိုင်များမှ ငွေထုတ်ခ အခမဲ့

share on:

Wavemoney © 2025. All rights reserved.Developed by B360

chat icon