Wave အကောင့်ထဲ လက်ကျန်ငွေထားရှိရုံနဲ့ (၁၀)သိန်းကျပ်အထိကံထူးနိုင်ပါပြီ။

Wave အကောင့်ထဲ လက်ကျန်ငွေထားရှိရုံနဲ့ (၁၀)သိန်းကျပ်အထိကံထူးနိုင်ပါပြီ။

အစီအစဥ်မှာပါဝင်ဖို့ ဇူလိုင်လ ၁ ရက်မှ ၃၁ ရက် အတွင်း Wave အကောင့်ထဲမှာ ရက် (၂၀) တိတိလက်ကျန်ငွေ အနည်းဆုံး ၃၀,၀၀၀ကျပ်ထားရှိလိုက်ပါ။ ဉပမာ- မိမိအကောင့်မှာ ဇူလိုင်လ (၁)ရက်နေ့ကစပြီး သတ်မှတ်လက်ကျန်ငွေချန်ထားမယ်ဆို ရက် (၂၀)ပြည့်တာနဲ့ ကံထူးခွင့်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ လွယ်လွယ်လေးနော်။​

ကံထူးနိုင်မယ့်ဆုတွေကတော့-​

၁၀ သိန်းကျပ် (၁) ဆု​

၁သိန်းကျပ် (၁၀) ဆု

၁သောင်းကျပ်ကံ (၂၀)ဆု နဲ့

၅ထောင်ကျပ် (၂၅၉) ဦး တို့ကို ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။​​

​​Wave အကောင့်ထဲ ရက် (၂၀) ထိ လက်ကျန်ငွေထားထားရုံနဲ့ ၁၀ သိန်းကျပ်ထိကံထူးနိုင်မှာဆိုတော့ Wave အကောင့်သုံးတိုင်းလက်ကျန်ငွေချန်ထားဖို့မမေ့နဲ့နော်။​

ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ကြည့်လိုက်ပါ

Wave အကောင့်ထဲမှာ နေ့စဉ်လက်ကျန်ငွေ ထားပြီး ကံထူးမည့်အစီအစဉ်”

========================

ကံစမ်းမဲအစီအစဉ် အသေးစိတ်

(က) ပါဝင်ဆင်နွှဲနိုင်သူများ  Wave Pay အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင်ပါ၀င်ကံစမ်းနိုင်သည်

() ပြုလုပ်ရမည့်လုပ်ငန်းစဉ် Promotion ကာလ (သြဂုတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့) အတွင်း ငွေကျပ် ၃သောင်း ကျပ်အား Wave Pay အကောင့်ထဲတွင် ရက်၂၀ တိတိနေ့စဥ်လက်ကျန်ငွေ သိမ်းဆည်းထားရှိရမည် ဖြစ်သည်၊၊

(ဂ) အကျိုးခံစားခွင့် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို ပရိုမိုရှင်းကာလအတွင်းပြီး မြောက်ပြီး ကံစမ်းမဲအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီပါက အောက်ပါ e-money ဆုလက်ဆောင်ကို ကံထူးခွင့် ရရှိမည်ဖြစ်ပါသည်။

ကံထူးရှင်ဆုမဲများ အား အောက်ပါအတိုင်းရွေးချယ်ပါမည်။

၁,၀၀၀,၀၀၀ ကျပ် x ၁ ဦး

၁၀၀,၀၀၀ ကျပ်    x ၁၀ ဦး

၅၀,၀၀၀ ကျပ်     x ၁၀ ဦး

၁၀,၀၀၀ ကျပ်     x ၂၀ ဦး

၅,၀၀၀ ကျပ်       x ၂၅၉ ဦး

ကံထူးရှင်များ (ကို Wave Money call center နံပါတ်များမှသာ (၉၀၀ (သို့) ၀၉၇၉၀၀၀၉၀၀၀) ဆက်သွယ်ပြီး ) SMS, Push notification ပေးပို့မည် ဖြစ်သည်။

(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။

(င) Promotion ကာလ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့

(စ) ကံစမ်းမဲဆုလက်ဆောင်ရရှိနိုင်မည့်ကာလကံစမ်းမဲအစီအစဥ်စည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ WavePay အကောင့်များသို့ e-money ဆုလက်ဆောင်များကို ဆက်သွယ်ပြီးသည့်ရက်မှ ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။

၂။ အခြားစည်းမျဉ်းစည်းကမ်းများ

(က) ပြန်အမ်းငွေကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။

(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည် မဟုတ်ပါ။ တစ်စုံတစ်ဦးမှ မေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။

(ဃ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်း ကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။

(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။

(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – care@wavemoney.com.mm ကိုလည်း ဆက်သွယ်နိုင်ပါသည်။

Icon
campaign brief

Wave အကောင့်ထဲမှာ နေ့စဉ်လက်ကျန်ငွေ ထားပြီး ကံထူးမည့်အစီအစဉ်

Icon
campaign period

01 Jul - 31 Jul 2025

Icon
prize

၁,၀၀၀,၀၀၀ ကျပ် x ၁ ဦး ၊ ၁၀၀,၀၀၀ ကျပ် x ၁၀ ဦး ၊ ၅၀,၀၀၀ ကျပ် x ၁၀ ဦး ၊ ၁၀,၀၀၀ ကျပ် x ၂၀ ဦး ၊ ၅,၀၀၀ ကျပ် x ၂၅၉ ဦး

share on:

Wavemoney © 2025. All rights reserved.Developed by B360

chat icon