နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများ

Wave Money ၏ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများမှ မြန်မာနိုင်ငံရှိ ချစ်ခင်ရတဲ့ မိသားစုဝင်များထံသို့ လုံခြုံလွယ်ကူစွာ ငွေလွှဲပို့နိုင်အောင် ကူညီပေးနေပါတယ်။ 2C2P၊ DeeMoney နှင့် MoneyGram ကဲ့သို့သော ယုံကြည်စိတ်ချရသည့် မိတ်ဖက်များမှတစ်ဆင့် ငွေလွှဲများကို နိုင်ငံပေါင်း ၂၀၀ ကျော်မှ Wave Wallet အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်သလို၊ နိုင်ငံတဝှမ်းရှိ အေးဂျင့် ၆၁,၀၀၀ ကျော် မှတစ်ဆင့်လည်း ငွေထုတ်ယူနိုင်ပါတယ်။

အကျိုးကျေးဇူးများ

အဆင်ပြေလွယ်ကူမှု
အဆင်ပြေလွယ်ကူမှု

Wave Wallet အတွင်းသို့ တိုက်ရိုက်ငွေလက်ခံနိုင်ပြီး၊ နိုင်ငံတစ်ဝှမ်းရှိ အေးဂျင့် ၆၁,၀၀၀ ကျော်တွင် ငွေထုတ်ယူနိုင်ပါတယ်။

အဆင်ပြေလွယ်ကူမှု
အဆင်ပြေလွယ်ကူမှု

Wave Wallet အတွင်းသို့ တိုက်ရိုက်ငွေလက်ခံနိုင်ပြီး၊ နိုင်ငံတစ်ဝှမ်းရှိ အေးဂျင့် ၆၁,၀၀၀ ကျော်တွင် ငွေထုတ်ယူနိုင်ပါတယ်။

ယုံကြည်စိတ်ချရသော ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှု
ယုံကြည်စိတ်ချရသော ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှု

2C2P WAVE App ၊ MoneyGram နှင့် DeeMoney ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါတယ်။

ယုံကြည်စိတ်ချရသော ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှု
ယုံကြည်စိတ်ချရသော ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှု

2C2P WAVE App ၊ MoneyGram နှင့် DeeMoney ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါတယ်။

မြန်ဆန်သောငွေလွှဲမှု
မြန်ဆန်သောငွေလွှဲမှု

နိုင်ငံပေါင်း ၂၀၀ ကျော်မှ မြန်မာနိုင်ငံသို့ လျင်မြန်လွယ်ကူစွာ ငွေလွှဲနိုင်ပါတယ်။

မြန်ဆန်သောငွေလွှဲမှု
မြန်ဆန်သောငွေလွှဲမှု

နိုင်ငံပေါင်း ၂၀၀ ကျော်မှ မြန်မာနိုင်ငံသို့ လျင်မြန်လွယ်ကူစွာ ငွေလွှဲနိုင်ပါတယ်။

တရားဝင်ငွေလက်ခံပြေစာ
တရားဝင်ငွေလက်ခံပြေစာ

ငွေလွှဲမှတ်တမ်းသိမ်းဆည်းရန် တရားဝင်ပြေစာများ ရရှိစေပါတယ်။

တရားဝင်ငွေလက်ခံပြေစာ
တရားဝင်ငွေလက်ခံပြေစာ

ငွေလွှဲမှတ်တမ်းသိမ်းဆည်းရန် တရားဝင်ပြေစာများ ရရှိစေပါတယ်။

လုံခြုံသောငွေလွှဲမှု
လုံခြုံသောငွေလွှဲမှု

ငွေလွှဲခြင်းအားလုံးကို ခိုင်မာသော လုံခြုံရေးစံနှုန်းများဖြင့် ကာကွယ်ထားပြီး ငွေလွှဲသူနှင့် ငွေလက်ခံသူတို့အတွက် စိတ်ချရစေပါတယ်။

လုံခြုံသောငွေလွှဲမှု
လုံခြုံသောငွေလွှဲမှု

ငွေလွှဲခြင်းအားလုံးကို ခိုင်မာသော လုံခြုံရေးစံနှုန်းများဖြင့် ကာကွယ်ထားပြီး ငွေလွှဲသူနှင့် ငွေလက်ခံသူတို့အတွက် စိတ်ချရစေပါတယ်။

2C2P WAVE App ဖြင့် ထိုင်းမှ မြန်မာသို့ လွယ်ကူစွာ‌ငွေလွှဲပါ

(Send Money from Thailand to Myanmar with Ease)

2C2P WAVE App ကနေ ထိုင်းမှ မြန်မာသို့ လွယ်ကူလုံခြုံစွာ‌ ငွေလွှဲပေးပို့နိုင်ပြီဖြစ်ပါတယ်။ သင့်ရဲ့ ငွေလွှဲကို မြန်မာနိုင်ငံရှိ မိသားစုဝင်များရဲ့ Wave အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်သလို၊ Wave အေးဂျင့်ဆိုင်ပေါင်း ၆၁,၀၀၀ ကျော်မှတစ်ဆင့် နီးစပ်ရာအေးဂျင့်ဆိုင်တွင်လည်း အလွယ်တကူ ငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 2C2P WAVE App ကို ထိုင်းမှ မြန်မာ ပြည်ပငွေလွှဲရာတွင်သာမကပဲ ထိုင်းနိုင်ငံအတွင်း တွင်လည်း QR Code (သို့မဟုတ်) Wallet ID ကိုအသုံးပြုပြီး အချင်းချင်း ငွေလွှဲနိုင်ပါသေးတယ်။ Wallet ကိုငွေဖြည့်သွင်းရန် ထိုင်းဘဏ်အကောင့်များ မှတစ်ဆင့် ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) နီးစပ်ရာ စူပါမားကတ်၊ စတိုးဆိုင်များတွင်လည်း ငွေဖြည့်နိုင်မှာဖြစ်ပါတယ်။လွယ်ကူ၊ မြန်ဆန်၊ စိတ်ချရတဲ့ 2C2P WAVE App ကိုအသုံးပြုပြီး စက္ကန့်ပိုင်းအတွင်း သင့်ချစ်ရတဲ့သူများထံသို့ အချိန်မရွေး ငွေပေးပို့လိုက်ပါ။

MoneyGram ဖြင့် မြန်မာသို့ လွယ်ကူမြန်ဆန်စွာငွေလွှဲပါ

(Send Money Fast to Myanmar)

MoneyGram ဖြင့် နိုင်ငံပေါင်း 200 ကျော်မှ ပေးပို့သောငွေလွှဲကို သင့် Wave Wallet ထဲသို့ တိုက်ရိုက် လက်ခံနိုင်ပြီး ဒီဂျစ်တယ်ငွေပေးချေမှုများအတွက် အသုံပြုနိုင်သလို၊ နိုင်ငံတဝှမ်းရှိ Wave အေးဂျင့်ဆိုင်များတွင် မည်သည့်အချိန်မဆို ငွေထုတ်ယူနိုင်ပါတယ်။ ဒါ့အပြင် မည်သည့် ရိုးမဘဏ်ခွဲတွင်မဆို ငွေသားထုတ်ယူနိုင်ပြီး ရိုးမဘဏ်အကောင့်ဖြင့်လည်း တိုက်ရိုက်လက်ခံနိုင်ပါသည်။ MoneyGram ၏ ယုံကြည်စိတ်ချရသော နိုင်ငံတကာကွန်ယက်ဖြင့် ချစ်ရသူများထံမှငွေလွှဲကို မြန်မာနိုင်ငံသို့ လုံခြုံမြန်ဆန် အဆင်ပြေစွာဖြင့် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

DeeMoney ဖြင့် ထိုင်းမှ မြန်မာ တိုက်ရိုက် ငွေလွှဲမှုများ ပြုလုပ်ပါ

Wave Money နဲ့ DeeMoney ပူးပေါင်းပြီး ထိုင်းမှာနေတဲ့ မြန်မာနိုင်ငံသားများ အိမ်ကို ပိုက်ဆံအလွယ်တကူ ပို့လို့ရအောင် စီစဉ်ပေးထားပါတယ်။ DeeMoney App (သို့) ထိုင်းက DeeMoney Agent ဆိုင်တွေကနေ မြန်မာပြည်က Wave အကောင့်တွေ (သို့) Wave Agent ဆိုင် ၆သောင်းကျော်ကို ချက်ချင်း ငွေလွှဲလို့ရပါတယ်။ သင်ချစ်ရတဲ့သူတွေဆီ လုံခြုံမြန်ဆန်စွာဖြင့် အခုပဲ ငွေလွှဲလိုက်ပါ။

Frequently Asked Questions

MoneyGramကို အသုံးပြု၍ နိုင်ငံပေါင်း ၂၀၀ ကျော်ကနေ မြန်မာနိုင်ငံကို ငွေလွှဲနိုင်ပါတယ်။ ထိုင်းနိုင်ငံမှ ငွေလွှဲများအတွက် 2C2P WAVE App နှင့် DeeMoney ကို အသုံးပြုနိုင်ပါတယ်။

သင့် Wave Wallet ထဲသို့ တိုက်ရိုက်လက်ခံနိုင်သလို၊ တစ်နိုင်ငံလုံးရှိ Wave အေးဂျင့်ဆိုင် ၆၁,၀၀၀ ကျော်မှ နီးစပ်ရာဆိုင်တွင် ငွေသားထုတ်ယူနိုင်ပါတယ်။

ပေးပို့သူမှ ငွေလွှဲလုပ်ဆောင်ချက်ပြီးစီးသည်နှင့် SMS သို့မဟုတ် app မှ အကြောင်းကြားချက် ချက်ချင်းလက်ခံ ရရှိမှာ ဖြစ်ပါတယ်။

ငွေလွှဲမှု ပြီးစီးသည်နှင့် လက်ခံသူထံ အချိန်နှင့်တပြေးညီရောက်ရှိပါသည်။

ထိုင်းနိုင်ငံမှ ငွေလွှဲမှုများအတွက် 2C2P WAVE App ကို အသုံးပြုနိုင်ပါတယ်။ ပေးပို့သူက သင့် Wave Wallet သို့ တိုက်ရိုက်လွှဲနိုင်သလို၊ အနီးဆုံး Wave အေးဂျင့်ဆိုင်တွင် ငွေသားထုတ်ယူနိုင်ပါတယ်။

ငွေလက်ခံသူအနေဖြင့် ငွေလွှဲဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်လုံးဝမလိုအပ်ပါ။

ငွေလက်ခံမှုအားလုံးသည် လုံခြုံစိတ်ချရပြီး ငွေရေးကြေးရေးဆိုင်ရာ စည်းမျဉ်းများအတိုင်း ဆောင်ရွက်ထား ပါတယ်။ ထို့အပြင် ငွေလွှဲတိုင်းအတွက် တရား၀င်ပြေစာ ရရှိမှာ ဖြစ်ပါတယ်။

Wave အေးဂျင့်ဆိုင်တွင် ငွေသားထုတ်ယူရန် မှတ်ပုံတင် မူရင်းကတ် မဖြစ်မနေယူဆောင်သွားဖို့ လိုအပ်ပါတယ်။ အဆိုပါမှတ်ပုံတင်သည် ငွေလွှဲပေးပို့သူမှ ဖြည့်သွင်းထားသောအချက်အလက်များနှင့် ကိုက်ညီမှုရှိရပါမယ်။ ထို့အပြင် ပေးပို့သူထံမှ လျှို့ဝှက်နံပါတ် နှင့် ငွေလွှဲလက်ခံသူ SMS မှ ရရှိသည့် ငွေလွှဲလုပ်ငန်းစဥ်အမှတ်အား ငွေသားထုတ်ပေးမယ့် အေးဂျင့်သို့သာ ပြသရမှာဖြစ်ပါတယ်။

နိုင်ငံတကာငွေလွှဲဆိုင်ရာ မေးမြန်းစရာများအတွက် Wave Money ၏ Customer Care 097 9000 9000 ၊ လိုင်းခွဲ နံပါတ် (၄) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

What Our Client Say

2C2P WAVE app နှင့်လွှဲရင် ငွေလဲနှုန်းတွေပိုကောင်းကောင်းပေးတာမလို့ မိသားစုအတွက် ပိုပြီးအထောက်အကူဖြစ်စေတယ်လေ။ မြန်မာနိုင်ငံဘက်က မိသားစုတွေအနေနဲ့လည်း လွှဲလိုက်တဲ့ ငွေကို Wave Wallet ထဲ အချိန်နှင့်တပြေးညီ တိုက်ရိုက်ငွေလွှဲလက်ခံတာဖြစ်ဖြစ်၊ Wave Money ကိုယ်စားလှယ်ဆိုင်တွေကပဲ ထုတ်ထုတ် အချိန်မရွေးငွေလွှဲကို လက်ခံလို့ရတာမလို့ အရမ်းကိုအဆင်ပြေပါတယ်။

...

U Kyaw Lwin Moe

Office Staff

2C2P WAVE App မှာ ဘာသာစကားကို မြန်မာလိုရော အင်္ဂလိပ်လိုရော ထိုင်းလိုရော ထည့်သွင်းပေးထားတာမလို့ အသုံးပြုရအရမ်းလွယ်တယ်လေ။ ပြီးတော့ ဘယ်သူ့အကူအညီမှ ယူစရာမလိုပဲ App ကို အသုံးပြုရလွယ်အောင် ဖန်တီးပေးထားတော့ သုံးရအဆင်ပြေတယ်လေ။

...

Daw Su Wai Nwe

Translator

ပြည်ပမှာအလုပ်စလုပ်တဲ့ အချိန်ကစလို့ မြန်မာနိုင်ငံက မိသားစုဆီ ငွေပြန်လွှဲဖို့အတွက် MoneyGram ကို အများဆုံးသုံးဖြစ်ပါတယ်။ ငွေလွှဲလက်ခံသူ ရဲ့ Wave Wallet ထဲကို တိုက်ရိုက်လွှဲပေးလို့ရလို့ ချက်ချင်းငွေရောက်မရောက်လဲသိနိုင်တယ်။ လွှဲရတဲ့ အဆင့်တွေကလဲ ရိုးရှင်းတာမလို့ အရမ်းအဆင်ပြေပါတယ်

...

U Wai Min Htet

Factory Staff

မြန်မာနိုင်ငံကနေ ငွေလက်ခံမယ့် ကိုယ့်မိသားစုမှာ ဘဏ်အကောင့်မရှိတာတို့ အရေးတကြီး ငွေလိုချိန် ဘဏ်ပိတ်ရက်ဖြစ်နေတာတို့ဆိုလဲ စိတ်ပူစရာမလိုတော့ဖူး။ Wave Wallet ရှိနေရင်ကိုပဲ MoneyGram နိုင်ငံခြား ငွေလွှဲ လက်ခံလို့ရတာမလို့ ကျွန်တော့်အနေနဲ့ မိသားစုဆီ ငွေလွှဲတိုင်း အမြဲသုံးဖြစ်ပါတယ်။

...

U Thi Ha

Factory Worker

Wavemoney © 2025. All rights reserved.Developed by B360

chat icon