Help Center

Wave Money နဲ့ WavePay ဝန်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ပိုသိချင်တာရှိရင် Help Center မှာ ကြည့်နိုင်ပါတယ်။

အမေးရှိလား? အဖြေက အသင့်ပဲ! ဒီမှာရှာလိုက်ပါ။

မေးခွန်းများ ရှာဖွေလိုက်ပါ

Wave အေးဂျင့်ဆိုင်ဆိုတာ မိုဘိုင်းဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရှိရုံဖြင့် မြန်မာနိုင်ငံတစ်၀န်းမှာရှိတဲ့ Wave အေးဂျင့်ဆိုင်ပေါင်း ၆၁,၀၀၀ ကျော် ကတစ်ဆင့် အလွယ်တကူ အချိန်မရွေး ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်တဲ့ ငွေကြေး၀န်ဆောင်မှုဖြစ်ပါတယ်။ Wave အေးဂျင့်ဆိုင်တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေအပြင် ချေးငွေပေးချေခြင်း နဲ့ဘေလ်ဆောင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်တွေကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူဆီကို လုပ်ငန်းစဉ်အမှတ်ပါတဲ့ SMS က ချက်ချင်းရောက်ပြီး ငွေလက်ခံမယ့်သူက ငွေလွှဲသူပေးပို့သော လျှို့ဝှက်နံပါတ် ၆လုံးဖြင့် ချက်ချင်းထုတ်ယူနိုင်ပါတယ်။ လွှဲငွေကို ၂၁ရက်အတွင်း ငွေထုတ်ရန်လိုအပ်ပါတယ်။

Wave အေးဂျင့်ဆိုင်မှာ ငွေလွှဲလုပ်ငန်းစဉ်တစ်ကြိမ်ကို အများဆုံး ၁,၀၀၀,၀၀၀ ကျပ်အထိ လွှဲနိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်တိုင်းမှာ Wave ဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲထားပါတယ်။

၂၁ရက်ကျော်သွားတဲ့ လုပ်ငန်းစဉ်တွေအတွက် ၂၄ နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို Atom အသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာ အသုံးပြုသူတွေက 09790009000ကို ဆက်သွယ်ပြီး ငွေထုတ်ယူရန်အတွက် လိုအပ်တဲ့အကူအညီများရယူနိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်ကနေတစ်ဆင့် လျှပ်စစ်မီတာဘေလ်အပါအဝင် အာမခံဘေလ်၊ အင်တာနက်ဘေလ် အစရှိသော အမျိုးမျိုးသော ဘေလ်ပေးဆောင်မှုများနှင့် ချေးငွေပေးချေမှုများကို လုပ်ဆောင်နိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်ကတစ်ဆင့် Wave အကောင့်မရှိတဲ့သူကိုဖြစ်စေ၊ Wave အကောင့်ရှိတဲ့သူကိုဖြစ်စေ ငွေလွှဲမယ်ဆိုရင် ငွေလွှဲမယ့်သူက လွှဲတဲ့ပမာဏအလိုက် ငွေလွှဲခပေးရမှာ ဖြစ်ပါတယ်။ ငွေလက်ခံတဲ့သူက လုပ်ငန်းစဉ်နံပါတ်၊ မှတ်ပုံတင်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်တွေသုံးပြီး ငွေထုတ်တဲ့အခါ ငွေထုတ်ခပေးဖို့ မလိုပါဘူး။ ဒါပေမယ့် Wave အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို အကောင့်ထဲက ဖြတ်သွားမှာဖြစ်ပါတယ်။  
ငွေလွှဲခနှုန်းထားတွေကိုကြည့်ရှုနိုင်ရန်ဤနေရာတွင်နှိပ်ပါ။
https://wavemoney.com.mm/mm/limit-fees-mm

ငွေလက်ခံမယ့်သူက Wave အကောင့်မရှိရင် မှတ်ပုံတင်၊ လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့၀ှက်နံပါတ်တွေကိုသုံးပြီး အနီးဆုံးရှိ Wave အေးဂျင့်ဆိုင်မှာ ငွေထုတ်နိုင်ပါတယ်။ ငွေလက်ခံမယ့်သူက Wave အကောင့် ရှိရင် လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ Wave အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး ငွေထုတ်ချင်ရင်တော့ နီးစပ်ရာ Wave အေးဂျင့်ဆိုင်မှာ ဖုန်းနံပါတ်ပြောရုံနဲ့ ငွေထုတ်နိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်သူ့ကိုမဆို ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်သိရုံဖြင့် အနီးဆုံးမှာရှိတဲ့ Wave အေးဂျင့်ဆိုင်မှာ ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူကို Wave Money က အလိုအလျောက်ပို့ပေးမယ့် လျှို့ဝှက်နံပါတ်ကို ပေးရမှာဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave အေးဂျင့်ဆိုင်မှာ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။ ငွေလက်ခံမယ့်သူက Wave အကောင့်ရှိရင် Wave အေးဂျင့်ဆိုင်မှာ လွှဲလိုတဲ့ ဖုန်းနံပါတ်နဲ့ လွှဲမယ့်ငွေပမာဏကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ လွှဲလိုက်တဲ့ငွေက အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပြီး အနီးဆုံးမှာရှိတဲ့ Wave အေးဂျင့်ဆိုင်မှာ ဖုန်းနံပါတ် ပြောရုံနဲ့ ငွေထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Wave အေးဂျင့်ဆိုင်ကွန်ရက်သည် နိုင်ငံတစ်ဝှမ်းတွင် ၆၁,၀၀၀ ကျော်ရှိပါသည်။ Wave ဆိုင်းဘုတ်ချိတ်ဆွဲထားသော ဆိုင်များတွင် Wave ဝန်ဆောင်မှုများရရှိနိုင်ပါတယ်။ Wave ဆိုင်စာရင်းများကိုလည်း Wave Money Website မှာ ကြည့်ရှုနိုင်ပါတယ်။

၂၄ နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကိုဆက်သွယ်နိုင်ပါတယ်။ Atom အသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာအသုံးပြုတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ Atom နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်းဆက်သွယ်နိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားခဲ့ရင် ငွေလွှဲသူက ငွေလွှဲလိုက်တဲ့ Wave အေးဂျင့်ဆိုင်မှာပဲ လျှို့ဝှက်နံပါတ်အသစ် ၆လုံးကို ပြောင်းပေးဖို့ တောင်းဆိုနိုင်သလို၂၄ နာရီ ဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကိုလည်း ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်အသစ်ရရင် ငွေလက်ခံမယ့်သူကို တိုက်ရိုက် ပြန်ပေးနိုင်ပါတယ်။ Wave Money Call Center ကို ဆက်သွယ်မယ်ဆိုရင် Atom ဖုန်းသုံးတဲ့သူတွေက 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ဆိုတဲ့ နံပါတ်တွေကို ခေါ်ဆိုပြီး မေးမြန်းနိုင်သလို အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။

Wave အေးဂျင့်ဆိုင်ကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမည့်သူကလွဲပြီး လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ် (Transaction ID) ကို သေချာသိမ်းထားပြီး မည်သူ့ကိုမှ ပြောပြခြင်းမပြုရပါ။

Wave အကောင့်မရှိတဲ့သူဆီ Wave အေးဂျင့်ဆိုင်ကနေ ဖြစ်ဖြစ်၊ Wave အကောင့်ထဲကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ Wave Money က ငွေလွှဲတဲ့သူဆီအလိုအလျောက် ပို့ပေးတဲ့ လျှို့ဝှက်နံပါတ် (Secret Code)ကို မက်ဆေ့ချ်ရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ် (Secret Code) မှာ ဂဏန်း ၆လုံးရှိပါတယ်။

Wave အေးဂျင့်ဆိုင်တွေကတစ်ဆင့် ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်နဲ့ လွှဲလိုတဲ့ ငွေပမာဏကိုပဲ ပြောပြရမှာဖြစ်ပါတယ်။

Wave Money call center က မိတ်ဆွေတို့ကို ဆက်သွယ်တဲ့အခါ တယ်လီနောအသုံးပြုသူတွေဆိုရင် 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေဆိုရင် 09790009000 နံပါတ်တွေနဲ့ပဲ ဆက်သွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဆက်သွယ်ခဲ့ရင် သို့မဟုတ် မိတ်ဆွေကို ဆက်သွယ်လာတဲ့အခါ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money ရဲ့ official Facebook Messenger ကသာ အစစ်အမှန်ဆိုတာကို သတိပြုပေးစေလိုပါတယ်။ Wave Money call center က မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်၊ လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ်တွေကို မေးမြန်းမှာမဟုတ်သလို တစ်စုံတစ်ယောက်ကမေးလာခဲ့ရင်လည်း မပြောပြမိဖို့ တိုက်တွန်းလိုပါတယ်။

Wave App ကို download လုပ်မယ်ဆိုရင် Android ဖုန်းတွေအတွက် Google Play Store: https://bit.ly/wavepayandroid သို့မဟုတ် https://www.wavemoney.com.mm/wavepay.php သို့မဟုတ် Huawei AppGallery: https://bit.ly/3dZ18yA တို့ကနေ download ရယူနိုင်ပါတယ်။ iOS ဖုန်းတွေအတွက် Apple App Store: https://apple.co/2AwTRHM တို့ကနေ download လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Google Play Store၊ Huawei App Gallery နဲ့ Apple App Store တွေမှာ WavePay လို့ ရှာပြီးလည်း download လုပ်နိုင်ပါတယ်။

Wave အကောင့်ဆိုတာ Wave Money ရဲ့မိုဘိုင်းပိုက်ဆံအိတ် Wave App ကို အသုံးပြုဖို့အတွက် ဖွင့်ထားရတဲ့ အကောင့်ဖြစ်ပါတယ်။ Wave အကောင့်ဖြင့် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ချေးငွေ၊ အာမခံငွေများပေးသွင်းခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

Wave App စသုံးမယ်ဆိုရင် အကောင့်ဖွင့်ဖို့ ကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုနိုင်ပါတယ်။ အသုံးပြုမည့် SIM Card က မိမိမှတ်ပုံတင်ဖြင့် register လုပ်ထားသော SIM Card ဖြစ်သင့်ပါတယ်။ Wave အကောင့်ဖွင့်ဖို့အတွက် အရင်ဆုံး Wave App ကို ဖုန်းထဲသို့ download လုပ်ပါ။ ထို့နောက် download လုပ်ထားသော Wave App ကိုဖွင့်ပါ။ လိုအပ်သော အဆင့်များကို လွယ်ကူမြင်သာစွာ ဆက်လက်လုပ်ဆောင်နိုင်ရန် ဤလင့်တွင် ကြည့်ရှုနိုင်ပါ။ https://wavemoney.com.mm/mm/userguide-type/register-wave-account

Wave အကောင့်ကို ဖျက်ရန်အတွက် Wave Money Call Center ကို ဆက်သွယ် ဆောင်ရွက်ရပါမယ်။ အကောင့်မဖျက်ခင် သင်၏ မိုဘိုင်းလ်ပိုက်ဆံအိတ်အတွင်း လက်ကျန်‌‌‌ငွေ သုညသာရှိရမှာဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးရန် လုပ်ဆောင်ချိန် ၁ရက် ကြာပါမယ်။

Wave အကောင့်ကို အသုံးပြုနိုင်ရန် သင်သည် Wave မှ အတည်ပြုပြီးသော Verified User ဖြစ်ရပါမယ်။ Verified User ဖြစ်ရန် အကောင့်ဖွင့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်လုပ်ဆောင်ရန်သာ လိုအပ်ပါတယ်။

Wave အကောင့်ထဲသို့ ငွေဖြည့်လိုလျှင် နီးစပ်ရာ Wave ဆိုင် (သို့) Yoma Bank အကောင့် (သို့) CB/CB Special အကောင့်တို့နှင့်ချိတ်ဆက်၍ငွေဖြည့်နိုင်သလို MPU Card ဖြင့်လည်း ငွေဖြည့်လို့ ရပါတယ်။

Wave အကောင့်သို့ ရိုးမဘဏ်၊ CB ဘဏ်တို့နှင့် ချိတ်ဆက်ငွေဖြည့်သွင်းနိုင်ပြီး Wave အကောင့်တွင်းသို့ ချက်ချင်း ငွေရောက်ရှိပါတယ်။

Wave App ကို သုံးမယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ –
၁။ မိမိကိုယ်တိုင် အကောင့်ဖွင့်နိုင်ခြင်း
၂။ နေရာအချိန်မရွေး အသုံးပြုနိုင်ခြင်း
၃။ Wave အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ခြင်း
၄။ မိမိအကောင့်ထဲတွင် လုပ်ဆောင်ခဲ့သောလုပ်ငန်းစဉ်များကို ပင်မစာမျက်နှာမှာရှိတဲ့ “စာရင်း”ကိုနှိပ်ပြီး ပြန်လည်ကြည့်ရှုနိုင်ခြင်း
၅။ မိမိရဲ့ နောက်ဆုံး ၃လအတွင်း ပြီးမြောက်ခဲ့သောလုပ်ငန်းစဉ်စာရင်းများအား ပြန်လည်ကြည့်ရှုခံနိုင်ခြင်း
၆။ QR Code များကို Scan ဖတ်ပြီး မြန်ဆန်စွာ ငွေပေးချေနိုင်ခြင်း
၇။ Wave App ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ခြင်း
၈။ Wave ဖြင့် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေပေးချေခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ခရီးသွားလက်မှတ်များဝယ်ယူနိုင်ခြင်းနှင့် အခြားဝန်ဆောင်မှုများ ရယူနိုင်ခြင်း
၉။ မိမိအကောင့်ထဲသို့ ငွေသွင်းခြင်း (သို့မဟုတ်) အကောင့်ထဲမှ ငွေထုတ်ခြင်းများကို နီးစပ်ရာ Wave အေးဂျင့်ဆိုင်များတွင် အလွယ်တကူပြုလုပ်နိုင်ခြင်း
၁၀။ အကောင့်ထဲသို့ ငွေသွင်းခြင်းအတွက် Wave အေးဂျင့်ဆိုင်တွေအပြင် ရိုးမဘဏ်၊ CB ဘဏ်၊ MPU Card တို့ဖြင့် အလွယ်တကူငွေဖြည့်သွင်းနိုင်ခြင်း
အစရှိတဲ့ လုပ်ဆောင်မှုတွေလုပ်နိုင်တာကြောင့် Wave Appကို အသုံးပြုဖို့ အကြံပေးလိုပါတယ်။

Wave အကောင့် အချင်းချင်းငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို သိဖို့လိုပါတယ်။
ငွေလွှဲပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။
၁။ အရင်ဆုံး Wave App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။
၂။ ငွေလွှဲမည့်ဖုန်းနံပါတ်ကို ရွေးချယ် သို့မဟုတ် ရိုက်ထည့်ပါ။ မိတ်ဆွေ ငွေလွှဲမယ့်ဖုန်းနံပါတ်နှင့် ငွေလက်ခံမည့်သူအမည် မှန်မမှန် ပြန်စစ်ပါ။
၃။ လွှဲမည့်ငွေပမာဏကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။ မိတ်ဆွေလွှဲလိုတဲ့ ငွေပမာဏ မှန်မမှန် ပြန်စစ်ပါ။
၄။ ငွေလွှဲလုပ်ဆောင်မှုစာမျက်နှာပေါ်လာမှာဖြစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၅။ မိမိ Wave အကောင့် PIN နံပါတ်၄လုံးရိုက်ထည့်ပြီး “ယခုပို့ပါ” ကို နှိပ်ပါ။
၆။ ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
မိတ်ဆွေရဲ့အကောင့်လုံခြုံရေးအတွက် OTP နဲ့ Wave အကောင့်ရဲ့ PIN နံပါတ် ကို ဘယ်သူ့ကိုမှ မပြောပြရဘူးနော်။
https://wavemoney.com.mm/mm/userguide-type/send-money-wave-app-to-wave-app

Wave အကောင့်အသုံးပြုသူများသည် Wave Account ရှိသူထံဖြစ်စေ၊ မရှိသူထံဖြစ်စေ Wave App မှ ငွေလွှဲနိုင်ပါတယ်။ Wave အကောင့် မရှိသူသည် ငွေလွှဲထုတ်ယူရန် မှတ်ပုံတင်ကတ် (NRC) သို့မဟုတ် မြန်မာတွင် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ရှိရပါမယ်။ Wave အကောင့်မှငွေလွှဲခများကို အောက်ပါ link တွင် ကြည့်ရှုနိုင်ပါတယ်။
https://wavemoney.com.mm/mm/limit-fees-mm

Wave အကောင့်ကနေ Wave အကောင့်မရှိသူကို ငွေလွှဲမယ်ဆိုရင် ငွေလက်ခံမယ့်သူရဲ့ဖုန်းနံပါတ်၊ နာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိဖို့လိုအပ်ပါတယ်။ ငွေလွှဲပြီးသွားရင်တော့ ငွေလက်ခံမယ့်သူက နီးစပ်ရာ Wave အေးဂျင့်ဆိုင်ကတစ်ဆင့် အခမဲ့ငွေထုတ်နိုင်ပါတယ်။
ငွေလွှဲပုံအဆင့်ဆင့်ကို အောက်မှာ ကြည့်နိုင်ပါတယ်။
၁။ အရင်ဆုံး Wave App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။
၂။ ငွေလွှဲမည့်ဖုန်းနံပါတ်ကို ရွေးချယ် သို့မဟုတ် ရိုက်ထည့်ပါ။ ငွေလွှဲမယ့်ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပါ။
၃။ လွှဲမည့်ငွေပမာဏ၊ ငွေလက်ခံသူရဲ့ နာမည်နဲ့ မှတ်ပုံတင်နံပါတ်၊ လျှို့ဝှက်နံပါတ် ကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။ မိတ်ဆွေလွှဲလိုတဲ့ ငွေပမာဏ နဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန် ပြန်စစ်ပါ။
၄။ ငွေလွှဲလုပ်ဆောင်မှုစာမျက်နှာပေါ်လာမှာဖြစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၅။ မိမိ Wave အကောင့် PIN နံပါတ် ၄လုံးရိုက်ထည့်ပြီး “ယခုပို့ပါ” ကို နှိပ်ပါ။
၆။ ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်ပါပြီ။ မိတ်ဆွေထည့်သွင်းထားတဲ့ လျှို့ဝှက်နံပါတ် ၆ လုံးကို ငွေလက်ခံမယ့်သူကိုပဲ ပြောပြပေးပါ။ ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
Wave အကောင့်မရှိသူတွေကို ငွေလွှဲတဲ့အခါ အရေးကြီးဆုံးက ငွေလွှဲချင်တဲ့ ဖုန်းနံပါတ် မှန်ကန်ဖို့နဲ့ မိတ်ဆွေထည့်သွင်းထားတဲ့ လျှို့ဝှက်နံပါတ် ၆လုံးကို ငွေလက်ခံမယ့်သူ တစ်ယောက်တည်းကိုပဲပြောပြဖို့ အရေးကြီးပါတယ်။
https://wavemoney.com.mm/mm/userguide-type/send-money-wave-app-to-wave-agent

သင့်ရဲ့ ငွေလွှဲမှတ်တမ်းများကို စစ်ဆေးရန် Home စာမျက်နှာသို့ သွားပြီး ‘History’ ကိုရွေးပါ။ သင့်ရဲ့ ငွေလွှဲမှတ်တမ်းများအားလုံးကို ကြည့်ရှုနိုင်ပြီး အမျိုးအစား၊ ရက်စွဲ သို့မဟုတ် ပမာဏအလိုက် စစ်ထုတ်ပြီး ရှာဖွေနိုင်ပါသည်။

အကယ်၍ PIN မေ့သွားပါက ကိုယ်တိုင် PIN အသစ် ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ Wave အကောင့်ကို ရက်ပေါင်း (၁၈၀) မသုံးဘဲထားရင် မိတ်ဆွေရဲ့ အကောင့်လုံခြုံရေးအတွက် အကောင့်ကို ယာယီ ပိတ်လိုက်မှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ ယာယီပိတ်ထားတဲ့ အကောင့်ကိုပြန်လည်အသုံးပြုချင်တယ်ဆိုရင် Wave Money Call Center ကို ဆက်သွယ်နိုင်ပါတယ်။ အကောင့်ယာယီပိတ်ထားတဲ့အချိန်မှာ ငွေလွှဲလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အကောင့်ကို မပိတ်ခင်မှာလည်း အကောင့်ပိတ်မယ့် သတိပေးအကြောင်းကြားစာကို Wave Money မှ SMS ရရှိမှာဖြစ်ပါတယ်။

Wave ဖြင့် ဖုန်းဘေလ်ဖြည့်မယ်ဆိုရင် Wave အကောင့်ရှိဖို့လိုပါတယ်။ Wi-Fi သို့မဟုတ် မိုဘိုင်းလ်ဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ အရင်ဆုံး Wave App ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ဖုန်းငွေဖြည့်” ကိုနှိပ်ပါ။
၂။ ငွေဖြည့်လိုတဲ့ဖုန်းနံပါတ်ကို မှန်အောင်ရိုက်ထည့်ပါ။
၃။ ငွေဖြည့်ချင်တဲ့ ပမာဏကိုရွေးပေးပါ။
၄။ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၅။ မိမိ Wave အကောင့် PIN နံပါတ် ၄လုံးရိုက်ထည့်ပြီး “ယခုဝယ်ပါ” ကို နှိပ်ပါ။
၆။ မိတ်ဆွေရဲ့ ဖုန်းဘေဖြည့်တဲ့လုပ်ဆောင်မှု ပြီးမြောက်ပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

ရိုးမဘဏ် Flexi Everyday အကောင့်ကနေ Wave အကောင့်ထဲကို ငွေလွှဲမယ်ဆိုရင် Wave အကောင့် နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်တို့ကို ချိတ်ဆက်ထားဖို့လိုပါတယ်။
တကယ်လို့ Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်တွေကိုချိတ်ဆက်ထားပြီးရင်တော့ –
၁။ အရင်ဆုံး Wave App ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေသွင်း/ထုတ်”ကိုနှိပ်ပါ။
၂။ “ငွေသွင်း” ကိုနှိပ်ပါ။
၃။ “ဘဏ်အကောင့်” ကိုနှိပ်ပါ။
၄။ “Yoma Bank” ကို နှိပ်ပါ။
၅။ လွှဲလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၆။ အတည်ပြုတဲ့ စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၇။ Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးရိုက်ထည့်ပြီးရင်တော့ ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်သွားပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ တကယ်လို့ Wave အကောင့်က ရိုးမဘဏ် Flexi Everyday အကောင့်နဲ့ မချိတ်ရသေးဘူးဆိုရင်လည်း Yoma Bank Next အက်ပလီကေးရှင်းကတစ်ဆင့် Wave အကောင့်ထဲကို ငွေလွှဲလို့လည်းရပါတယ်။

Wave အကောင့်ထဲကနေ ရိုးမဘဏ် Flexi Everyday အကောင့်ကို ငွေလွှဲမယ်ဆိုရင် Wave အကောင့်နဲ့ ရိုးမဘဏ် SMART အကောင့်တို့ကို ချိတ်ဆက်ထားဖို့လိုပါတယ်။
တကယ်လို့ Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်တွေကိုချိတ်ဆက်ထားပြီးရင်တော့ –
၁။ အရင်ဆုံး Wave App ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “ငွေသွင်း/ထုတ်”ကိုနှိပ်ပါ။
၂။ “ငွေထုတ်” ကိုနှိပ်ပါ။
၃။ “ဘဏ်အကောင့်” ကိုနှိပ်ပါ။
၄။ “Yoma Bank” ကို နှိပ်ပါ။
၅။ လွှဲလိုတဲ့ ငွေပမာဏကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၆။ အတည်ပြုတဲ့ စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၇။ Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးရိုက်ထည့်ပြီးရင်တော့ ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်သွားပါပြီ။
ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
Wave အကောင့်ထဲကငွေကို ရိုးမဘဏ် Flexi Everyday အကောင့်ထဲ လွှဲပြီးသွားပြီဖြစ်လို့ နီးစပ်ရာ ရိုးမဘဏ် ATM နဲ့ အခြားဘဏ်များရဲ့ ATM တွေမှာ ရိုးမဘဏ် Flexi Everyday ကတ် သုံးပြီး ငွေသား ထုတ်ယူနိုင်ပါပြီ။ တကယ်လို့ မိတ်ဆွေရဲ့ Wave အကောင့်က ရိုးမဘဏ် Flexi Everyday အကောင့်နဲ့ မချိတ်ထားဘူးဆိုရင် ဒီဝန်ဆောင်မှုကိုတော့ သုံးလို့ရမှာမဟုတ်ပါဘူး။

Wave App ကတစ်ဆင့် ခရီးသွားလက်မှတ်တွေဝယ်နိုင်ဖို့ MMBusTicket, Oway Travel, Flymya နှင့် Elite Express စတဲ့ ခရီးသွားအေးဂျင့်တွေနဲ့ ချိတ်ဆက်ထားတာကြောင့် ဘက်စ်ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်းနဲ့ ဟိုတယ်ဘိုကင်တင်ခြင်းတွေကို Wave App ပင်မစာမျက်နှာရှိ “လက်မှတ်” တွင် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

Wave App နဲ့ ဘတ်စ်ကားလက်မှတ်ဝယ်မယ်ဆိုရင် Wave အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းလ်ဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ ပထမဆုံး Wave App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “လက်မှတ်” ကိုနှိပ်ပါ။
၂။ MMBusTicket, Elite Express, Flymya နဲ့ Oway စတာတွေထဲက ကြိုက်နှစ်သက်ရာ လက်မှတ်ဝန်ဆောင်မှုကိုရွေးချယ်ပါ။
၃။ မိတ်ဆွေတို့ ခရီးသွားလိုတဲ့ နေရာနဲ့ နေ့ရက်တွေကို ရွေးချယ်ပါ။
၄။ မိတ်ဆွေရဲ့ နာမည်၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် နဲ့ လိုအပ်တဲ့ အချက်အလက်တွေ ကိုပြည့်စုံအောင်ဖြည့်ပြီး “Proceed to WavePay”ကို နှိပ်ပါ။
၅။ ခရီးစဉ်အချက်အလက်ကို သေချာပြန်စစ်ပြီး အတည်ပြုပါ။
၆။ Wave App ကတစ်ဆင့် ဝယ်ယူဖို့ “Continue” ကို နှိပ်ပါ။ မိတ်ဆွေရဲ့ Wave PIN နံပါတ် ၄ လုံးကို ရိုက်ပြီးရင်တော့ လက်မှတ်ဝယ်ယူတာအောင်မြင်ပါပြီ။
မိတ်ဆွေရဲ့ လက်မှတ်ကိုတော့ သက်ဆိုင်ရာ ခရီးသွားအေးဂျင့်က အီးမေးလ်က ဖြစ်စေ၊ Viber ကဖြစ်စေ ပို့ပေးသွားမှာဖြစ်ပါတယ်။

Wave App နဲ့ ဟိုတယ်ဘိုကင်တွေ တင်တော့မယ်ဆိုရင် Wave အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ ပထမဆုံး Wave App ကို ဖွင့်ပါ။ ပင်မစာမျက်နှာမှာရှိတဲ့ “လက်မှတ်”ကိုနှိပ်ပါ။
၂။ ဟိုတယ် Booking တင်ဖို့ကတော့ Oway ကိုရွေးချယ်ပြီး Oway ရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “ဟိုတယ်များ” ကိုနှိပ်ပါ။
၃။ မိတ်ဆွေ တည်းခိုမယ့် မြို့၊ နေ့ရက် နဲ့ နိုင်ငံသားကို ရွေးချယ်ပြီး “ရှာရန်” ကိုနှိပ်ပါ။
၄။ စိတ်ကြိုက် ဟိုတယ်ကို တွေ့ပြီဆိုရင် “Select” ကိုနှိပ်ပါ။
၅။ ဟိုတယ်အတွက် လိုအပ်တဲ့ အချက်အလက်တွေဖြည့်ပြီး “Confirm” ကိုနှိပ်ပါ။
၆။ အတည်ပြုတဲ့စာမျက်နှာပေါ်လာတဲ့အခါဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်မမှန်ပြန်စစ်ပြီး “Continue” ကိုနှိပ်ပါ။
၇။ Checkout Type ကို ရွေးချယ်ပြီး “Continue” ကိုနှိပ်ပါ။
၈။ Booking တင်ဖို့အတွက် လိုအပ်တဲ့ ကိုယ်ပိုင်အချက်အလက်တွေကို မှန်ကန်စွာဖြည့်ပြီး “Continue” ကိုနှိပ်ပါ။
၉။ Payment Type မှာ Mobile Payment ကို ရွေးပြီး “Continue To Pay” ကိုနှိပ်ပါ။
၁၀။ မိတ်ဆွေရဲ့ Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကိုထည့်ပြိး “Submit” ကိုနှိပ်ပါ။
၁၁။ အတည်ပြုတဲ့စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၁၂။ မိတ်ဆွေရဲ့ Wave အကောင့် PINနံပါတ် ၄လုံးကို ထည့်ပြီး “ယခုပေးချေပါ” ကိုနှိပ်ပြီးရင်တော့ ဟိုတယ် booking တင်တာနဲ့ ငွေပေးချေတာ အောင်မြင်သွားပါပြီ။ မိတ်ဆွေရဲ့ ဘိုကင်ကိုတော့ သက်ဆိုင်ရာ ခရီးသွားအေးဂျင့်က အီးမေးလ်က ဖြစ်စေ၊ Viber ကဖြစ်စေ ပို့ပေးသွားမှာဖြစ်ပါတယ်။

Wave App သုံးပြီး ဘေလ်ပေးဆောင်မယ်ဆိုရင်တော့ Wave အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ ပထမဆုံးWave App ကို ဖွင့်ပါ။ ပင်မစာမျက်နှာရှိတဲ့ “အခြား” ကိုနှိပ်ပါ။
၂။ ဘေလ်ပေးဆောင်လိုတဲ့ဝန်ဆောင်မှုကိုရှာပါ။
၃။ နောက်ပြီး ပေးချေလိုသည့်ဝန်ဆောင်မှုကိုရွေးပြီး လိုအပ်တဲ့ အချက်အလက်များကို မှန်ကန်စွာဖြည့်ပါ။
၄။ ဘေလ်ပေးဆောင်တာဆက်လက်လုပ်ဆောင်နိုင်ဖို့ “ဆက်လုပ်ပါ” ကို နှိပ်ပါ။
၅။ မိတ်ဆွေရဲ့ Wave အကောင့် PIN နံပါတ် ၄ လုံးကို ရိုက်ထည့်ပြီး “ယခုပေးချေပါ” ကိုနှိပ်ပါ။
၆။ မိတ်ဆွေရဲ့ ဘေပေးဆောင်မှု အောင်မြင်ပါပြီ။ ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Wave App သုံးပြီးချေးငွေပေးချေမယ်ဆိုရင်တော့ Wave အကောင့်ရှိဖို့လိုပါတယ်နော်။ Wi-Fi သို့မဟုတ် မိုဘိုင်းဒေတာ ရှိဖို့လည်းလိုပါတယ်။
၁။ အရင်ဆုံး Wave App ကိုဖွင့်ပါ။ ပင်မစာမျက်နှာမှာ ရှိတဲ့ “ချေးငွေ” ကိုနှိပ်ပါ။
၂။ မိတ်ဆွေပေးလိုတဲ့ ချေးငွေဝန်ဆောင်မှုကိုနှိပ်ပါ။
၃။ လိုအပ်တဲ့ အချက်အလက်တွေကိုဖြည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၄။ အတည်ပြုဖို့စာမျက်နှာပေါ်လာတဲ့အခါ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၅။ မိတ်ဆွေရဲ့ Wave အကောင့် PIN ၄ လုံးကို ရိုက်ပြီးရင်တော့ “ယခုပေးချေပါ” ကိုနှိပ်ပါ။
၆။ ချေးငွေပေးချေတဲ့ လုပ်ငန်းစဉ် အောင်မြင်ပါပြီ။ ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

Wave App သည် မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အသုံးပြုနိုင်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု application တစ်ခု ဖြစ်ပါသည်။ မည်သည့်အချိန်မဆို မိမိမိုဘိုင်းဖုန်းမှ Wave App ဖြင့် ငွှေလွှဲဝန်ဆောင်မှုအား အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူများအနေဖြင့် အကန့်အသတ်ရှိသော ဘဏ်ဖွင့်ချိန်များပေါ်တွင် အားကိုးစရာမလိုတော့ဘဲ ဤဝန်ဆောင်မှုအား မှတ်ပုံတင်ရန်အတွက် ကွန်နက်ရှင်ရှိဖို့သာ လိုအပ်ပြီး နေရာအချိန်မရွေး အသုံးပြုနိုင်ပါတယ်။

Wave App ကို မည်သည့်အော်ပရေတာနံပါတ်နဲ့မဆို အသုံးပြုနိုင်ပါတယ်။

Wave အကောင့် အချင်းချင်းဆိုရင် အခမဲ့ ငွေလွှဲနိုင်ပါတယ်။ Wave အကောင့်မှ အကောင့်မရှိတဲ့သူဆီ ငွေလွှဲတဲ့အခါ ငွေလွှဲခပေးရပါတယ်။ Wave အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို အကောင့်ထဲက ဖြတ်သွားမှာဖြစ်ပါတယ်။ ကျသင့်တဲ့ ငွေလွှဲခပမာဏကို Wave App ထဲမှာရှိတဲ့ “သတ်မှတ်ချက်နှင့်ဝန်ဆောင်ခများ” ကိုအသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။ Wave အေးဂျင့်ဆိုင်များတွင် မိမိအကောင့်ထဲငွေသွင်းတဲ့အခါ ငွေသွင်းခပေးဖို့မလိုပါဘူး။

ဖုန်းနံပါတ်တစ်ခုကို Wave အကောင့်တစ်ခုပဲဖွင့်လို့ရပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံခြားငွေလွှဲတဲ့ ဝန်ဆောင်မှု မရှိသေးပါ။ သို့သော် နိုင်ငံပေါင် ၂၀၀ကျော်မှ 2C2P WAVE App ၊ DeeMoney နှင့် MoneyGram တို့မှတစ်ဆင့် ငွေလွှဲမှုများကို Wave အကောင့်ဖြင့် တိုက်ရိုက် လက်ခံနိုင်ပါတယ်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းလုပ်ဆောင်ချက်ကို အကောင့်အတည်ပြုပြီး Verified Users ဖြစ်ပါက အသုံးပြုနိုင်ပါတယ်။

မြန်မာနိုင်ငံတွင်းက မည်သူ့ကိုမဆို Wave App ဖြင့် ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူမှာ Wave အကောင့်ရှိရင်တော့ ဖုန်းနံပါတ်သိရုံနဲ့ ငွေလွှဲနိုင်ပြီး လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ ငွေလက်ခံမယ့်သူက Wave အကောင့်မရှိရင်တော့ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိရုံနဲ့ မြန်မာနိုင်ငံထဲက မည်သူ့ကိုမဆို Wave Ap ကနေ ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲပြီးရင် လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူဆီပို့လိုက်တာနဲ့ နီးစပ်ရာ Wave အေးဂျင့်ဆိုင်မှာ ငွေထုတ်ယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။

ငွေလက်ခံမယ့်သူက Wave အကောင့် ရှိရင် လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ Wave အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး ငွေထုတ်ချင်ရင်တော့ နီးစပ်ရာ Wave အေးဂျင့်ဆိုင်မှာ ဖုန်းနံပါတ်ပြောရုံနဲ့ ငွေထုတ်နိုင်ပါတယ်။ ငွေလက်ခံမယ့်သူက Wave အကောင့်မရှိရင် လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့၀ှက်နံပါတ်သုံးပြီး အနီးဆုံးမှာရှိတဲ့ Wave အေးဂျင့်ဆိုင်မှာ ငွေထုတ်နိုင်ပါတယ်။

Wave App ကို Android နဲ့ iOS ၂မျိုးလုံးနဲ့ အသုံးပြုနိုင်ပါတယ်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းရန်အတွက် MPU ကဒ်များသည် e-commerce လုပ်ဆောင်ချက်ဖြင့် မှတ်ပုံတင် ဖွင့်ထားရပါမည်။ ၎င်း e-commerce လျှောက်ထားခြင်းကို သက်ဆိုင်ရာကဒ်ထုတ်ပေးသည့်ဘဏ်၌ လုပ်ဆောင်နိုင်ပါတယ်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းအတွက် လုပ်ငန်းစဉ်တစ်ခုလျှင် အနိမ့်ဆုံးပမာဏသတ်မှတ်ချက်မှာ ၁၀,၀၀၀ ကျပ်ဖြစ်ပြီး Wave Wallet ၏ လက်ခံနိုင်သည့် အများဆုံး ငွေပမာဏမှာ သိန်း (၁၀) ကျပ်အထိ ဖြစ်ပါသည်။ သို့ရာတွင် ကဒ်ထုတ်ပေးသောဘဏ်၏ Debit ကန့်သတ်ချက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံး ကိုပြောင်းမယ်ဆိုရင်
၁) Wave App ကိုဖွင့်ပြီး ပရိုဖိုင်အောက်ရှိ “PIN ပြောင်းရန်” ကိုနှိပ်ပါ။
၂) လက်ရှိသုံးနေတဲ့ လျှို့ဝှက် နံပါတ် ၄လုံးကို ရိုက်ထည့်ပါ။
၃) ပြောင်းချင်တဲ့ PIN နံပါတ် ၄လုံး ကို ရိုက်ထည့်ပါ။
၄) PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ”ကိုနှိပ်ပါ။
၅) Wave အကောင့်ရဲ့ PIN နံပါတ်အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။
ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။

Wave အကောင့်ထဲဝင်ကိုဝင်ပြီးသားဖြစ်ပေမယ့် PIN နံပါတ် ၄လုံး ကိုမေ့သွားခဲ့ရင် PIN နံပါတ်အသစ်ကို ပြန်ပြောင်းလို့ရပါတယ်။
၁) Wave App ကိုဖွင့်ပြီး ပရိုဖိုင်အောက်ရှိ “PIN မေ့နသလား?” ကိုနှိပ်ပါ။
၂) စစ်ဆေးအတည်ပြုခြင်းအတွက် သင့် Wave အကောင့်ဖုန်းနံပါတ်ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၃) သင့် Wave အကောင့်ဖွင့်ရန် အတည်ပြုခဲ့သော မှတ်ပုံတင်နံပါတ်ကိုထည့်၍ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၅) ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့အတွက် ယာယီ PIN နံပါတ်ကိုရိုက်ထည့်ပါ။
၆) PIN နံပါတ်အသစ်ကို ရိုက်ထည့်ပါ။
၇) PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ”ကိုနှိပ်ပါ။
၈) PIN နံပါတ် အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။
ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။ “

Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို မေ့သွားခဲ့ရင်
၁) Wave App ကိုဖွင့်ပါ။
၂) ဘာသာစကားရွေးချယ်ကာ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၃) Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၄) OTP နံပါတ် ၆လုံးပါတဲ့ SMS ကို ရတဲ့အခါ OTP နံပါတ်ကိုရိုက်ထည့်ပါ။
၅) “PIN ထည့်ပါ” ဆိုတဲ့စာမျက်နှာပေါ်လာရင် “PIN မေ့နေသလား” ကိုနှိပ်ပါ။
၆) သင့် Wave အကောင့်ဖွင့်ရန် အတည်ပြုခဲ့သော မှတ်ပုံတင်နံပါတ်ကိုထည့်၍ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။
၇) ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့အတွက် ယာယီ PIN နံပါတ်ကိုရိုက်ထည့်ပါ။
၈) PIN နံပါတ်အသစ်ကိုရိုက်ထည့်ပါ။
၉) PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ဆက်လုပ်ပါ”ကိုနှိပ်ပါ။
၁၀) PIN နံပါတ် အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။
ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။ Wave အကောင့်ကို မသုံးတာ ရက်၃၀ကျော်သွားရင်လည်း အကောင့်က အလိုအလျောက်ထွက်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။

Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်ကို ချိတ်ဆက်မယ်ဆိုရင် သင့် Wave အကောင့်သည် အတည်ပြုပြီးသား Verified User ဖြစ်ရမှာဖြစ်ပြီး ရိုးမဘဏ် Flexi Everyday အကောင့်ရှိဖို့လိုပါတယ်။ Wave အကောင့်ဖွင့်စဉ် အသုံးပြုခဲ့သော မှတ်ပုံတင်နံပါတ်နှင့် ရိုးမဘဏ် Flexi Everyday အကောင့်ဖွင့်တုန်းစဉ်သုံးခဲ့တဲ့ မှတ်ပုံတင်နံပါတ်တို့ ကိုက်ညီဖို့လိုပါတယ်။ OTP နံပါတ် လက်ခံရရှိဖို့အတွက် ရိုးမဘဏ် Flexi Everyday အကောင့်ဖွင့်တုန်းက သုံးခဲ့တဲ့ ဖုန်းဆင်းကတ်ကလည်း active ဖြစ်နေဖို့လိုပါတယ်။ အွန်လိုင်းကနေချိတ်ဆက်ပုံအဆင့်ဆင့်ကို အောက်ပါလင့်တွင်ကြည့်နိုင်ပါတယ်။
https://wavemoney.com.mm/mm/userguide-type/bank-linkage-with-yoma

Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်ကို ဘဏ်သွားဖို့မလိုဘဲ အွန်လိုင်းကနေ လင့်ခ်ဖြုတ်မယ်ဆိုရင် –
၁။ အရင်ဆုံး Wave App ကို ဖွင့်ပါ။ ပြီးရင် “ငွေသွင်း/ထုတ်” ကိုနှိပ်ပါ။
၂။ “Yoma Bank” ကိုနှိပ်ပါ။
၃။ “ဘဏ်အကောင့်နှင့်လင့်ခ်ဖြုတ်ပါ” ကိုနှိပ်ပါ။
၄။ လင့်ခ်ဖြုတ်ဖို့သေချာပြီဆိုရင် “အတည်ပြုရန်” ကိုနှိပ်ပါ။
၅။ Wave အကောင့် PIN နံပါတ် ၄လုံးကိုရိုက်ထည့်ပြီးရင်တော့ အကောင့်လင့်ခ်ဖြုတ်တာအောင်မြင်သွားပါပြီ။ Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်ကို လင့်ခ်ပြန်ချိတ်ချင်တယ်ဆိုရင်လည်း အချိန်တိုအတွင်းပြန်လည်ချိတ်ဆက်နိုင်ပါတယ်။

Wave အသုံးပြုသူများအတွက်ကတော့ မိမိဆီ ငွေရောက်၊မရောက် စစ်ချင်တယ်ဆိုရင် Wave App အတွင်းထဲမှာရှိတဲ့ “စာရင်း”ကိုဝင်ကြည့်နိုင်မှာဖြစ်ပါတယ်။

ငွေလွှဲ/ငွေထုတ်စာရင်းကို Wave App ရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “စာရင်း” မှာဝင်ကြည့်နိုင်ပါတယ်။

ပင်မစာမျက်နှာရှိ စာရင်းမှ လုပ်ဆောင်မှု မှတ်တမ်းများကို စစ်ဆေးရပါမည်။ လုပ်ငန်းစဥ် အောင်မြင်လျှင် မူလလက်ကျန်ငွေ E-money မှအနှုတ်ခံထားရမည်ဖြစ်သည်။ လုပ်ငန်းစဥ် အောင်မြင်ပြီးဖြစ်သော်လည်း တစ်ဖက်တွင် ငွေမဝင်သေးပါက customer service မှအကူအညီ ရယူနိုင်ပါသည်။ Atom အသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာအသုံးပြုတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ Atom နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်းဆက်သွယ်နိုင်ပါတယ်။

Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းကတ် ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့အခါ ထိုဆင်းမ်ကတ်နံပါတ်နဲ့တူညီတဲ့ ဆင်းမ်အသစ်ကို သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာမှာ ပြန်လျှောက်ထားနိုင်ပြီး ဆင်းမ်ကတ်အသစ်ရတဲ့အခါ ရှိပြီးသား Wave အကောင့်ကို ပြန်လည်ဝင်ရောက်နိုင်ပါတယ်။ ဆင်းမ်ကတ်အသစ်လျှောက်ထားဆဲကာလမှာတော့ မိတ်ဆွေရဲ့ Wave အကောင့်ကို လုံခြုံရေးအရ ယာယီပိတ်ထားပေးမှာဖြစ်ပါတယ်။ ဆင်းမ်ကတ်အသစ်ရပြီးရင်တော့
အကောင့်ပြန်လည်အသုံးပြုဖို့အတွက် ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။
အကယ်၍ ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့ ဖုန်းဆင်းမ်ကတ်နဲ့ နံပါတ်တူ ဆင်းမ်ကတ်အသစ်ကို သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာမှာ ပြန်လည်လျှောက်ထားဖို့အဆင်မပြေခဲ့ရင် Wave အကောင့်ဟောင်းထဲက လက်ကျန်ငွေတွေကို ပြန်လည်ပြောင်းထည့်ပေးဖို့အတွက် Wave အကောင့်အသစ်ဖွင့်ထားရမှာဖြစ်ပါတယ်။ အကောင့်ဟောင်း ကိုပိတ်ပြီး အကောင့်အသစ်မှာ လက်ကျန်ငွေတွေလွှဲပြောင်းပေးဖို့အတွက် Wave Money Call Center ကိုဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ Atom ဖုန်းသုံးတဲ့သူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ Atom နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ပါ။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။

Wave အေးဂျင့်တွေအတွက်ကတော့ သီးသန့် အက်ပလီကေးရှင်း ရှိပါတယ်။ Wave အေးဂျင့်လျှောက်ဖို့အတွက် (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ Atom အသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ Atom နံပါတ်များနှင့် ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ပါ။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုဆက်သွယ်ပြီးတော့လည်း လျှောက်နိုင်ပါတယ်။

Wave App ရဲ့ ပင်မစာမျက်နှာမှာ “Wave ဆိုင်များ” ကို နှိပ်ပြီး မိတ်ဆွေနဲ့ အနီးဆုံးမှာရှိတဲ့ Wave ‌အေးဂျင့်ဆိုင်တွေကို ရှာနိုင်ပါတယ်။ Wave Money ရဲ့ official website မှာဆိုရင်တော့ “သင်နှင့်အနီးဆုံးဆိုင်” မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

သုံးစွဲသူတွေကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ Atom ဖုန်းသုံးတဲ့သူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။

ဖုန်းအဟောင်းနှင့် ဖုန်းအသစ်နှစ်ခုလုံးတူတူရှိနေသည့်အခြေအနေတွင် Wave အကောင့်ကို ဖုန်းအသစ်သို့ပြောင်းလဲအသုံးပြုရန် အောက်ပါလင့်ကိုကြည့်ပါ။
https://wavemoney.com.mm/mm/userguide-type/device-authorization အကယ်၍ ဖုန်းအဟောင်း ပျောက်ဆုံး၊ ပျက်စီး၍ ဖုန်းအသစ်ဖြင့် Wave အကောင့်ပြန်လည်ဝင်ရောက် အသုံးပြုရန်တွက်မှာ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ Atom ဖုန်းသုံးတဲ့သူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ call center ၀၉၇၉၀၀၀၉၀၀၀ (သို့) ၉၀၀ သို့ နံနက် ၈ နာရီမှည ၈ နာရီအတွင်း ဖုန်းခေါ်ဆိုပြီး သင်၏ Wave အကောင့်ကို ယာယီပိတ်သိမ်းရန် အကြောင်းကြားနိုင်ပါတယ်။

Wav အကောင့်သည် အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်ဖြစ်သည့်အတွက် Wave အကောင့်တစ်ခုကို မိုဘိုင်းလ် ဖုန်းနှစ်လုံးတွင် တစ်ပြိုင်နက်တည်း အသုံးပြု၍ မရနိုင်ပါ။

လူကြီးမင်းရဲ့ မိုဘိုင်းလ်ဖုန်းက Google Service များကို အပြည့်အဝ အလုပ်မလုပ်တဲ့ (Chinese Devices) များဖြစ်နေခဲ့ရင်လဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို ရရှိမှု ကြန့်ကြာနေတာမျိုး ဖြစ်နိုင်ပါတယ်။ လူကြီးမင်းကိုယ်တိုင်လဲ မိမိ Wave APP ထဲမှာ ထိုတောင်းခံချက်ကို အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ မိမိ Wave အကောင့်ထဲရှိ “ဝင်စာ (Inbox)” သို့မဟုတ် “ပြင်ဆင်ရန်” (Setting) တွင် “ယခုဖုန်းကို အသုံးပြုခွင့်ပေးခြင်း“ကို နှိပ်ပါ။ ယခုဖုန်းကို အသုံးပြုခွင့်ပေးရန် “မိုဘိုင်းလ်ဖုန်း Login ခွင့်ပြုချက်“ တောင်းခံမှုကို နှိပ်ပါ။

အကယ်၍ သင်က နောက်ထပ် မိုဘိုင်းလ်ဖုန်းတစ်ခုမှာ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုချက် တောင်းခံတဲ့ စာကို မတော်တဆ ငြင်းပယ်လိုက်ပြီး ထိုငြင်းပယ်မှုကို ပြန်လဲ ပယ်ချလို လျှင်ကျွန်ုပ်တို့၏ call center ၀၉၇၉၀၀၀၉၀၀၀ သို့ ၉၀၀ သို့ နံနက် ၈ နာရီမှ ည ၈နာ၇ီအထိ ခေါ်ဆိုပြီး အကူအညီရယူနိုင်ပါတယ်။

လက်ရှိဖုန်းကို အတည်ပြုဖုန်း အဖြစ်သတ်မှတ်လို့ မရဖြစ်နေပါတယ်။ ဘယ်လိုဆက်လုပ်ရမလဲ? OTP နှင့် PIN ရပြီးနောက် လက်ရှိဖုန်းကို အတည်ပြုဖုန်းအဖြစ် ခွင့်ပြုသတ်မှတ်ရန် တောင်းဆိုသောဖုန်းမျက်နှာပြင်ကို တွေ့ရပါမယ်။ တောင်းဆိုမှုကိုခွင့်ပြုပြီးတဲ့အခါ လက်ရှိဖုန်းသည် အတည်ပြုဖုန်း (မူလဖုန်း) ဖြစ်လာပါမယ်။

မိမိ PIN အသစ်ကိုပြန်လည်သတ်မှတ်ရန် နံနက် ၈ နာရီမှည ၈ နာရီအထိကျွန်ုပ်တို့၏ call center 09790009000 သို့ 900 သို့ခေါ်ဆိုပါ။

မိမိ မသိရှိတဲ့ အခြား မိုဘိုင်းလ်ဖုန်း တစ်ခုကနေ မိမိဖုန်းထဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို အတည်ပြုပေးရန် စာရောက်ရှိလာပါက လုံးဝ (လုံးဝ) ငြင်းပယ်ရမည်ဖြစ်သည်။ ထိုမှသာလျှင် မိမိ Wave အကောင့်ကို မိမိတစ်တစ်ယောက်ထဲသာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

Wave App ထဲကို ပထမဆုံး ဝင်ရောက်ဖို့အတွက် Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို ရိုက်ထည့်ရမှာပါ။ အကောင့်ထဲကို တစ်ကြိမ်ဝင်ပြီးရင် နောက်ထပ် ဝင်တဲ့အခါ PIN နံပါတ်ကို ထပ်ရိုက်စရာမလိုပါဘူး။ ဒါပေမယ့် အကောင့်လုံခြုံရေးအတွက် စိတ်ချရအောင် ငွေပေးချေတိုင်း PIN နံပါတ် ၄လုံးကို ရိုက်ထည့်ပေးရမှာပါ။

SMS မှရရှိသော OTP နံပါတ် ၆လုံး၊ ယာယီ PIN နံပါတ် ၄လုံးနှင့် မိမိ Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးတွေကို ဘယ်သူ့ကိုမှ မပြောပြရပါဘူး။ မိမိ Wave အကောင့်နဲ့ပတ်သက်သော screenshot ကို social media အပေါ်မတင်ပါနဲ့။

Wave အကောင့်ဖြင့် ငွေသွင်း သို့မဟုတ် ငွေထုတ်တဲ့အခါ Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောပြရမှာ ဖြစ်ပါတယ်။

Wave Money call center က မိတ်ဆွေတို့ကို ဆက်သွယ်တဲ့အခါ Atom အသုံးပြုသူတွေဆိုရင် 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေဆိုရင် 09790009000 နံပါတ်တွေနဲ့ပဲ ဆက်သွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဆက်သွယ်ခဲ့ရင် သို့မဟုတ် မိတ်ဆွေကို ဆက်သွယ်လာတဲ့အခါ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money ရဲ့ official Facebook Messenger ကသာ အစစ်အမှန်ဆိုတာကို သတိပြုပေးစေလိုပါတယ်။ အရေးကြီးဆုံးက Wave Money call center က မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်၊ OTP နံပါတ် ၆လုံးနဲ့ PIN နံပါတ် ၄လုံးကို မေးမြန်းစုံစမ်းခြင်းမရှိပါဘူး။ အကယ်၍ တစ်စုံတစ်ယောက်က မေးမြန်းလာခဲ့ရင်လည်း မိတ်ဆွေအနေနဲ့ မပြောပြမိဖို့ တိုက်တွန်းလိုပါတယ်။

Wave အကောင့်ရှိပြီးတဲ့သူများ မိမိအကောင့်ကို ဖုန်းအသစ်မှာ ဝင်လိုက်တဲ့အခါ သို့မဟုတ် Wave App Log-out ထွက်သွားပြီး မိမိအကောင့်ထဲကို ပြန်ဝင်ရောက်တဲ့အခါ ရိုက်ထည့်နိုင်ဖို့ Wave Money က အလိုအလျောက်ပြန်ပို့ပေးတဲ့ ယာယီလျှို့ဝှက်ဂဏန်း ၆ လုံးဖြစ်ပါတယ်။ မိတ်ဆွေတစ်ဦးတည်းပဲ သိသင့်တဲ့လျှို့ဝှက်နံပါတ်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မပြောပြမိဖို့လည်း အရေးကြီးပါတယ်။

Wave စသုံးတဲ့ မိတ်ဆွေတွေ အကောင့်ထဲပထမဆုံးဝင်ရောက်တဲ့အခါမှာသော်လည်းကောင်း၊ Waveအကောင့်ရဲ့ PIN နံပါတ်၄လုံး ပြောင်းတဲ့အခါမှာသော်လည်းကောင်း အကောင့်ထဲဝင်ဖို့အတွက် Wave Money က အလိုအလျောက်ပို့ပေးတဲ့ ယာယီ PIN နံပါတ် ဖြစ်ပါတယ်။ ယာယီ PIN နံပါတ်က ဂဏန်း ၄လုံးရှိပြီး မိတ်ဆွေတစ်ဦးတည်းပဲ သိသင့်တဲ့လျှို့ဝှက်နံပါတ်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မပြောပြမိဖို့လည်း အရေးကြီးပါတယ်။

Wave အကောင့်မရှိတဲ့သူဆီ Wave အေးဂျင့်ဆိုင်ကနေ ဖြစ်ဖြစ်၊ Wave အကောင့်ထဲကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ လျှို့ဝှက်နံပါတ် (Secret Code) ကို လိုအပ်ပါတယ်။ အကယ်၍ Waveအေးဂျင့်ဆိုင်ကနေ တစ်ဆင့် ငွေလွှဲမယ်ဆိုရင် ဒီလျှို့ဝှက်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ငွေလွှဲသူက အလိုအလျောက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ငွေလွှဲသူက Wave အကောင့်ထဲက လွှဲမယ်ဆိုရင်တော့ လျှို့ဝှက်နံပါတ်ကို ငွေလွှဲသူကိုယ်တိုင် သတ်မှတ်ရမှာဖြစ်ပါတယ်။

Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို Wave အကောင့်ထဲဝင်တဲ့အခါ သို့မဟုတ် Wave App ဖြင့် ငွေပေးချေမှု အမျိုးမျိုးပြုလုပ်တဲ့အခါ လိုအပ်ပါတယ်။

Wave Merchant App သည် ဆိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် WaveQR နဲ့ MMQR တို့ကနေ Customer များထံမှ ငွေပေးချေမှုတွေကို အဆင်ပြေစွာ လက်ခံနိုင်ဖို့ ထုတ်ထားတဲ့ App ပါ။ တစ်နေ့တာရောင်းအားနဲ့ အရောင်းမှတ်တမ်းတွေ ကိုလည်း လွယ်ကူစွာ စစ်ဆေးစီမံနိုင်မှာ ဖြစ်ပါတယ်။

စစ်မှန်သောနိုင်ငံသားစိစစ်ရေးကတ်နှင့် မှတ်ပုံတင်ထားသော အသုံးပြုနေသည့်ဖုန်းရှိရုံဖြင့် လုပ်ဆောင််နိုင်ပါတယ်။ ဆိုင်လုပ်ငန်း၊ ကော်ဖီဆိုင်၊ ဝန်ဆောင်မှုလုပ်ငန်း၊ အွန်လိုင်းအရောင်းဆိုင် အစရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တိုင်း စာရင်းသွင်းနိုင်ပါတယ်။ စာရင်းသွင်းထားချိန်တွင်း မြန်ဆန်သော Know Your Merchant (KYM) လုပ်ငန်းစဉ်အား လုပ်ဆောင်ရုံပါပဲ။

Wave QR နဲ့ MMQR တို့ဖြင့် လက်ခံနိုင်ပါတယ်။ MMQR ဆိုတာ ဘယ် Wallet နဲ့ ပေးပေး လက်ခံလို့ရတဲ့ စနစ်ပါ။ Customer တွေအတွက် ၎င်းတို့ အဆင်ပြေရာ Wallet နဲ့ ငွေပေးချေနိုင်မှာဖြစ်လို့ ငွေလက်ခံခြင်း လွယ်ကူအဆင်ပြေပြီး ရောင်းအားလည်း တိုးစေပါတယ်။

လုပ်ငန်းရှင်အနေနဲ့ ကိုယ့် Merchant App ကနေ တခြား Merchant တွေ ဒါမှမဟုတ် Supplier တွေကို ငွေပေးချေမှုတွေ အလွယ်တကူ လုပ်နိုင်ပါတယ်။ဒါကြောင့် လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်ချောမွေ့စေပြီး ငွေသားကိုင်ဆိုင်မှု လျော့ချနိုင်ပါတယ်။

“ငွေလွှဲ” အောက်တွင် ကိုယ့် Merchant Account ကနေ တခြား Merchant တွေဆီ တိုက်ရိုက် အခမဲ့ လွှဲလို့ရပါတယ်။

Merchant များအနေဖြင့် ရွေးချယ်စရာ နည်းလမ်း ၃ ခုမှာ –
• ရိုးမဘဏ်အကောင့်သို့ တိုက်ရိုက်လွှဲခြင်း (စာရင်းရှင်းတမ်း နေရာတွင်)
• Wave User Pay အကောင့်သို့ တိုက်ရိုက်လွှဲခြင်း (My Wave Pay နေရာတွင်)
• မြန်မာနိုင်ငံတစ်ဝှမ်း မည်သည့် Wave agent ဆိုင်တွင်မဆို ငွေထုတ်ယူခြင်း (Wave Agents ဆိုင်များတွင်)

အောက်ပါအတိုင်း အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ပါတယ် –
• ၀န်ထမ်းများ (သို့မဟုတ်) ဆိုင်ခွဲများစွာရဲ့ အရောင်းကို ထိရောက်စွာ ခြေရာခံနိုင်ဖို့အတွက်အဆင့်နှစ်ဆင့်ပါ စီမံခန့်ခွဲမှုစနစ်ဖြစ်ခြင်း
• သင့်ရဲ့ စာရင်းကိုင်နှင့် လုပ်ငန်းဆိုင်ရာ ဆန်းစစ်မှုများ ပြုလုပ်နိုင်ဖို့အတွက် CSV ဖိုင်ဒေါင်းလုဒ် ပြုလုပ်နိုင်ခြင်း

အရောင်း Dashboard ကို အသုံးပြု၍ အချိန်နှင့်တစ်ပြေးညီ နေ့စဉ်ရောင်းအားများကို သိနိုင်ခြင်း၊ အလားအလာရှိသည့်ဈေးကွက် Trend များကို စောင့်ကြည့်ခြင်းနှင့် သင့်လုပ်ငန်းကို ဖုန်းမှတစ်ဆင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။

Wave Zay Sine သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် မည်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများကိုမဆို အဆင်ပြေစွာလက်ခံနိုင်ဖို့နဲ့ နေ့စဉ်လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်လွယ်ကူ လုံခြုံစွာဆောင်ရွက်နိုင်ဖို့အတွက် လွယ်ကူမြန်ဆန်စွာလျှောက်ထားပြီး Wave Merchant တစ်ယောက်ဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။

Wave Zay Sine သည်မြန်ဆန်စွာစတင်အသုံးပြုနိုင်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းကို လက်ခံနိုင်ခြင်း၊ တစ်နေရာထဲတွင် ကိုယ်ရေးကိုယ်တာနှင့်လုပ်ငန်းငွေများကိုစီမံခန့်ခွဲနိုင်ခြင်း၊ ပိုများသော ငွေလွှဲပမာဏဖြင့် လုပ်ငန်းကို ချဲ့ထွင်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်ပါတယ်။

Wave Zay Sine ဖွင့်ရန်လိုအပ်သောအချက်များနှင့် အတည်ပြုရန်ကြာချိန်မှာ –
“ယခုလျှောက်ထားရန်” ကိုနှိပ်ပြီး Wave MMQR ကုန်သည်အဖြစ် စာရင်းသွင်းရာတွင် သင်၏စတိုးဆိုင်နှင့် ထုတ်ကုန်များ၏ ဓာတ်ပုံများနှင့်အတူ သင့်အချက်အလက်များကို ဖြည့်စွက်ရန်လိုပါတယ်။ အတည်ပြုပြီးနောက်၊ MMQR ငွေပေးချေမှုများကို စတင်လက်ခံရန် Activate ပြုလုပ်ရပါမယ်။ စစ်ဆေးအတည်ပြုချိန်သည် အကြာဆုံး ၇၂ နာရီဖြစ်ပါတယ်။
အကောင့်ဖွင့်ပုံ အသေးစိတ်ကို ဒီလင့်ခ်တွင်ကြည့်ရှုနိုင်ပါတယ်: [https://wavemoney.com.mm/userguide-type/wave-zay-sine-wave-app]

Wave App မှတစ်ဆင့် Wave Zay Sine mini app (or) banner မှ လျှောက်ထားနိုင်ပါတယ်။ သို့မဟုတ် သင့်ပရိုဖိုင်သို့သွားကာ ပရိုဖိုင်မှ Wave Zay Sine Banner မှ လျှောက်ထားနိုင်ပါတယ်။ Wave Zay Sine လျှောက်ထားရန် သင်သည် Wave App အတည်ပြုပြီးသောအသုံးပြုသူ (Verified User) ဖြစ်ရပါမယ်။

သင်၏ Wave အက်ပ်သည် နောက်ဆုံးဗားရှင်း (ဗားရှင်း 2.5) ဖြစ်ရပါမည်။ နောက်ဆုံးဗားရှင်းအက်ပ် အသုံးပြုသူများသာ အသုံးပြုရန် WZS mini app နှင့် banner ကို မြင်နိုင်ပါသည်။

Wave Zay Sine ကုန်သည်အဖြစ် စာရင်းသွင်းရန်၊ မှန်ကန်သော NRC၊ တိုက်ရိုက်ချက်ချင်းရိုက်သော ရှင်းလင်းသည့်ဆိုင်ပုံ၊ Wave App အတည်ပြုပြီးသောအသုံးပြုသူ (Verified User) ဖြစ်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်နှင့် Wave အကောင့်ပိုင်ရှင်သည် တူညီသောလူဖြစ်ရမယ် (မကိုက်ညီပါက အချက်အလက်များကို ပြန်လည်စာရင်းသွင်းခြင်းဖြင့် ပြင်ပေးနိုင်ပါတယ်။)

တရားဝင် NRC၊ တိုက်ရိုက်ချက်ချင်းရိုက်သော ရှင်းလင်းသည့်ဆိုင်ပုံ၊ ရောင်းကုန်ပုံ၊ Wave App အတည်ပြုပြီးသောအသုံးပြုသူ (Verified User) ဖြင့် MMQR ကို လျှောက်ထားနိုင်ပါတယ်။ YCDC လိုင်စင်ကို မတောင်းပါ။

သင့်တွင် ဆိုင်းဘုတ်မရှိပါက၊ သင့်ဆိုင်၏ အဝင်ပေါက်၊ သင့်ကောင်တာ/စင်ပေါ်/ထုတ်ကုန်များ၊ ၎င်းသည် လုပ်ငန်းလည်ပတ်နေသော ဆိုင်ဖြစ်ကြောင်းပြသသည့် ပြတ်သားသော ဓာတ်ပုံကို တင်ရပါမယ်။ ဓာတ်ပုံတည်နေရာသည် တကယ့်ဆိုင်ဖြစ်ပြီး ရိုးရိုးအခန်း သို့မဟုတ် နေရာလွတ်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြရပါမယ်။

တင်သွင်းရန် သင့်လျော်သောဆိုင် သို့မဟုတ် ကုန်ပစ္စည်းဓာတ်ပုံမရှိပါက ၎င်းတို့နှင့်သက်ဆိုင်သည့် ပုံတစ်ပုံကို ပေးနိုင်ပါတယ်။ ကုန်ပစ္စည်းဓာတ်ပုံနှင့် လုပ်ငန်းအွန်လိုင်းစာမျက်နှာ သို့မဟုတ် အရောင်းဆိုင်ဓာတ်ပုံအဖြစ် ၎င်းတို့၏ ဆက်စပ်ပစ္စည်းများ (ဥပမာ Hiking Business ဖြစ်ပါက တောင်တက်ခရီးနှင့် တောင်တက်ဓာတ်ပုံ) တို့ကို ကျွန်ုပ်တို့ လက်ခံနိုင်ပါတယ်။

အများဆုံးစောင့်ဆိုင်းချိန်သည် 72 နာရီဖြစ်သော်လည်း တန်းစီမှုအပေါ်အခြေခံ၍ ထိုထက်စောပြီး အတည်ပြုနိုင်ပါသည်။

ဤသည်မှာ သုံးစွဲသူဘက်တွင်မဟုတ်ဘဲ ကျွန်ုပ်တို့ဘက်မှ KYC မပြည့်စုံခြင်းကြောင့် ဖြစ်နိုင်သည်။ error message များပေါ်တွင်မူတည်ပြီး ပြန်လည်ပြင်ဆင်ပေးပြီးမှ ပြန်လည်လျှောက်ထားနိုင်ပါသည်။

အများဆုံးစောင့်ဆိုင်းချိန်သည် 72 နာရီဖြစ်သော်လည်း တန်းစီမှုအပေါ်အခြေခံ၍ ထိုထက်စောပြီး အတည်ပြုနိုင်ပါသည်။

Wave Zay Sine သည် ဖုန်း/ SIM နံပါတ်ပေါ်တွင် အခြေခံထားခြင်းမရှိပါ။ ၎င်းသည် Merchant ID ဖြစ်သည်။ Waveအကောင့်အသစ်သို့ ပြောင်းလဲပါက၊ ကျွန်ုပ်တို့သည် ကုန်သည် ID (Account) ကို ပိတ်ကာ အသစ်မှတ်ပုံတင်ရန် တောင်းဆိုပါမယ်။

Wave အကောင့်ဖွင့်စဉ်အသုံးပြုထားသည့် မှတ်ပုံတင်၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသည့်အတွက် ဖြစ်ပါတယ်။ Wave အကောင့်တွင် အသုံးပြုထားသည့် ကိုယ်ရေးအချက်အလက်ကို အရင်မှန်ကန်စွာ ပြင်ဆင်ရန်လိုအပ်ပါတယ်။ ပြင်ဆင်မှုပြုလုပ်ရန် Wave Money Call Center ကို ဆက်သွယ်နိုင်ပါတယ်။

သင့်ကုန်သွယ်အကောင့်ကို လုံခြုံအောင်ထားရန် Wave Zay Sine သည် စာရင်းသွင်းနေစဉ်အတွင်း တိုက်ရိုက်ရိုက်သောပုံ လိုအပ်ပါတယ်။ ထိုသို့ရိုက်ခိုင်းခြင်းသည် ကျွန်ုပ်တို့အား သင့်အထောက်အထားကို အတည်ပြုပြီး အကောင့်အတု သို့မဟုတ် ပွားနေခြင်းကို ကာကွယ်ရန် ကူညီပေးပါတယ်။ သင့်ဖုန်းကင်မရာကို အသုံးပြု၍ တိုက်ရိုက်ဓာတ်ပုံရိုက်ရမည်ဖြစ်ကာ photo gallery မှတစ်ဆင့်တင်သွင်းခွင့်မပြုပါ။

MDR သည် ဆိုင်အမျိုးအစားပေါ်မူတည်ပါတယ်။
• အချို့သော ကုန်သည်အမျိုးအစားများတွင် 0% MDR ဖြစ်သည်။
• အခြားအမျိုးအစားအလိုက် စည်းမျဉ်းများအလိုက် 0.3% မှ 0.5% ကြား MDR အခကြေးငွေ အနည်းငယ်ရှိပါတယ်။

အထောက်အထားစိစစ်ခြင်းနှင့် လုံခြုံရေးသေချာစေရန်၊ Wave Zay Sine သည် လက်ရှိတွင် NRC ကိုင်ဆောင်ထားသူများကိုသာ လက်ခံပါတယ်။ နိုင်ငံကူးလက်မှတ်၊ နိုင်ငံခြား ID နှင့် NRC မရှိသော အသုံးပြုသူများသည် ယခုအချိန်တွင် လျှောက်ထား၍မရပါ။

သင့်ဆိုင်၏ QR ကို အလွယ်တကူ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။
1. Wave Zay Sine ကိုဖွင့်ပါ။
2. သင်၏ Merchant QR မျက်နှာပြင်သို့ သွားပါ။
3. ဒေါင်းလုဒ်ခလုတ်ကို နှိပ်ပါ။
Print ထုတ်ခြင်း သို့မဟုတ် မျှဝေခြင်းအတွက် သင်၏ MMQR ကို သင့်ဖုန်း Gallery တွင် သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။

သင်၏ WavePay အကောင့် အချက်အလက် မပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ပံ့ပိုးကူညီရန် ကျွန်ုပ်တို့၏ Customer Care ကို ခေါ်ဆိုပါ။ (error message များပေါ်တွင်မူတည်ပါမည်။)

MDR သည် ဆိုင်အမျိုးအစားပေါ်မူတည်ပါသည်။
• အချို့သော ကုန်သည်အမျိုးအစားများတွင် 0% MDR ဖြစ်သည်။
• အခြားအမျိုးအစားအလိုက် စည်းမျဉ်းများအလိုက် 0.3% မှ 0.5% ကြား MDR အခကြေးငွေ အနည်းငယ်ရှိသည်။

သင်၏ MMQR ကို လွယ်ကူစွာရယူပြီး ငွေပေးချေမှုများကို စတင်လက်ခံနိုင်ပါတယ်။
အရောင်းဆိုင်ဝင်ငွေနှင့် ကိုယ်ရေးကိုယ်တာအကောင့်အားလုံးကို အက်ပ်တစ်ခုတည်းတွင် အသုံးပြုနိုင်တယ်။
သင်၏နေ့စဉ်ငွေပေးငွေယူနှင့် ငွေပေးချေမှုမှတ်တမ်းများကိုကြည့်ရှုစစ်ဆေးနိုင်တယ်။
သုံးစွဲသူများအတွက် MMQR ကိုဒေါင်းလုဒ်လုပ်ပြီး ပရင့်ထုတ်ပြီး လုံခြုံ၊ မြန်ဆန်သော ငွေပေးချေမှုများကို လက်ခံလိုက်ပါ။

Merchant App ထဲမှာ ငွေလက်ခံမည့်ပမာဏထည့်ပြီး Dynamic QR Code တွေ ထုတ်နိုင်ပါတယ်။ MMQR Stand ကိုတေ့ Wave ရုံးရှိ ဝန်ထမ်းများက လာရောက်ပေးပို့မှာဖြစ်ပါတယ်။ Wave Pay account ထံမှ Wave Zay Sine သို့ဝင်ရောက်ပြီးလည်း QR code ထုတ်ခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Merchant Support ကို ဆက်သွယ်ရန် –
ကျွန်ုပ်တို့၏ Call Center ဝန်ဆောင်မှုကို နေ့စဥ် (၂၄/၇) ပိတ်ရက်မရှိ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။
၉၆၆၂ (Atom နှင့် Ooredoo မှ ဆက်သွယ်ပါက)၊ ၀၉၇ ၉၆၆၂ ၉၆၆၂ (အခြားဖုန်းနံပါတ်များမှ ဆက်သွယ်ပါက)

Wave Merchant Care ရဲ့ Official Viber Channel ကို ဝင်ရောက်ပြီး နောက်ဆုံးရသတင်းတွေကို အမြန်ဆုံးရယူလိုက်ပါ။
👉 [ဝင်ရောက်ရန်] https://invite.viber.com/?g2=AQBE0Yb4I4PdX1TpZ7jmesng7kF%2BhFfr2rVXeiCmguyBn1mdM8jqL0zI2udEtuDe

Help Center မှာ မိတ်ဆွေသိလိုတဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ မကြာခဏ ဝင်ကြည့်နိုင်ပါတယ်။ မိတ်ဆွေမေးလိုတဲ့ မေးခွန်းအတွက် အဖြေတွေပေးနိုင်ဖို့ မေးခွန်း အမေးအဖြေတွေ အများကြီးရှိပါတယ်။ ပိုပြီး အသေးစိတ်တဲ့ မေးမြန်းမှုတွေအတွက်ဆိုရင်တော့ Wave Money Call Center ကို မနက် ၇ နာရီ – ည ၁၂ နာရီ အတွင်း Atom အသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000 ကို ဆက်သွယ်နိုင်ပါတယ်။ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook Messenger မှာလည်း မေးမြန်းနိုင်ပါတယ်။

Wave Money ဆိုသည်မှာ Yoma Strategic Holdings၊ ရိုးမဘဏ်နှင့် Frontiir တို့ ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး လွယ်ကူ၊ လုံခြုံ၊ အဆင်ပြေပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ Wave အေးဂျင့်ဆိုင် ၆၁,၀၀၀ ကျော် ဖြင့်လည်းကောင်း၊ မိုဘိုင်း wallet တစ်ခုဖြစ်သော Wave App ဖြင့်လည်းကောင်း သုံးစွဲသူတို့အား ငွေကြေးဝန်ဆောင်မှု ပေးနေသော မြန်မာ့အကြီးဆုံးကွန်ရက်တစ်ခုဖြစ်ပါသည်။

Wave App သည် မိုဘိုင်းဖုန်းအသုံးပြုသူတိုင်း အသုံးပြုနိုင်သည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု application တစ်ခု ဖြစ်ပါသည်။ မည်သည့်အချိန်မဆို မိမိမိုဘိုင်းဖုန်းမှ Wave App ဖြင့် ငွှေလွှဲဝန်ဆောင်မှုအား အသုံးပြုနိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် အကန့်အသတ်ရှိသော ဘဏ်ဖွင့်ချိန်များပေါ်တွင် အားကိုးစရာမလိုတော့ဘဲ ဤဝန်ဆောင်မှုအား မှတ်ပုံတင်ရန်အတွက် ကွန်နက်ရှင်ရှိဖို့သာ လိုအပ်ပြီး နေရာအချိန်မရွေး အသုံးပြုနိုင်ပါတယ်။

Wave Money ဆိုတာ ကျွန်ုပ်တို့၏ ကုမ္ပဏီလုပ်ငန်း၏ အမည်အနေဖြင့် ခေါ်ဆိုအသုံးပြုခြင်းဖြစ်ပြီး၊ Wave App မှာ Wave Money ရဲ့ ငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်သော မိုဘိုင်းပိုက်ဆံအိတ် (Digital/ Mobile Wallet) ဖြစ်ပါတယ်။ Wave App ကို အသုံးပြုရန် မိတ်‌ဆွေရဲ့ မိုဘိုင်းဖုန်းမှာ Wave အကောင့်ဖွင့်ထားဖို့ လိုအပ်ပြီး အင်တာနက်ရှိရုံနဲ့ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ချေးငွေ၊ အာမခံငွေများပေးသွင်းခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

Wave အကောင့် ဆိုတာ Wave Money ရဲ့မိုဘိုင်းပိုက်ဆံအိတ် Wave App ကို အသုံးပြုဖို့အတွက် ဖွင့်ထားရတဲ့ အကောင့်ဖြစ်ပါတယ်။ Wave အကောင့်ဖြင့် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ချေးငွေ၊ အာမခံငွေများပေးသွင်းခြင်း အစရှိတဲ့ ငွေကြေး၀န်ဆောင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။

Wave App ကို အသုံးပြုပြီး အကောင့်မှတ်ပုံတင်ခြင်း၊ အကောင့်နှင့် ပက်သက်သည့် အသေးစိတ်များ ကြည့်ရှုခြင်းနှင့် လုပ်ငန်းစဉ်များ ပြုလုပ်ခြင်းတို့အတွက် အင်တာနက်ချိတ်ဆက်ရန် လိုအပ်ပါသည်။

Wave အေးဂျင့်ဆိုင်ဆိုတာ မိုဘိုင်းဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ရှိရုံဖြင့် မြန်မာနိုင်ငံတစ်၀န်းမှာရှိတဲ့ Wave အေးဂျင့်ဆိုင်ပေါင်း ၆၁,၀၀၀ ကျော် ကတစ်ဆင့် အလွယ်တကူ အချိန်မရွေး ငွေလွှဲ၊ ငွေထုတ် ပြုလုပ်နိုင်တဲ့ ငွေကြေး၀န်ဆောင်မှုဖြစ်ပါတယ်။ Wave အေးဂျင့်ဆိုင်တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေအပြင် ချေးငွေပေးချေခြင်း နဲ့ဘေလ်ဆောင်ခြင်းများလည်းပြုလုပ်နိုင်ပါတယ်။

Wave ဖြင့် မြန်မာနိုင်ငံအနှံ့ Wave အကောင့်ရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ မည်သူ့ကိုမဆို ငွေပို့နိုင်ပါတယ်။ Wave App ကို အသုံးပြုပြီးမိမိသူငယ်ချင်းများ၊ မိသားစုဝင်များကို Wave Wallet တွင် ပါဝင်သော အဆင့်များအတိုင်း ဆောင်ရွက်ပြီး ငွေပို့နိုင်ပါတယ်။
Wave အကောင့်မရှိသူများကလည်း Wave ဆိုင်များမှတစ်ဆင့် ငွှေလွှဲခြင်း၊ ငွေလက်ခံခြင်းတို့ကို မိမိတို့ဖုန်းရှိယုံဖြင့် လုပ်ဆောင်နိုင်ပါတယ်။ Wave အကောင့်မရှိသူများသည် ငွေပေးပို့သူထံမှ ပြောပြလာသော လျှို့ဝှက်ကုဒ်နံပါတ်၊ ငွေလွှဲလုပ်ငန်းစဉ် ID တို့ဖြင့် မြန်မာနိုင်ငံရှိ မည်သည့် Wave ဆိုင်တွင်မဆို ငွှေလွှဲလက်ခံ နိုင်ပါတယ်။

Wave အကောင့် အချင်းချင်းဆိုရင် အခမဲ့ ငွေလွှဲနိုင်ပါတယ်။
Wave အကောင့်မရှိတဲ့သူဆီ ငွေလွှဲတဲ့အခါ ငွေလွှဲခပေးရပါတယ်။
Wave အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို အကောင့်ထဲက ဖြတ်သွားမှာဖြစ်ပါတယ်။ ကျသင့်တဲ့ ငွေလွှဲခပမာဏကို အက်ပလီကေးရှင်းထဲမှာရှိတဲ့ “Fee Calculator” ကိုအသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။
Wave အေးဂျင့်ဆိုင်မှာ မိမိအကောင့်ထဲငွေသွင်းတဲ့အခါ ငွေသွင်းခပေးဖို့မလိုပါဘူး။

ငွေလွှဲခပမာဏကို App ထဲမှာရှိတဲ့ “ဝန်ဆောင်ခ” မှာ တွက်ချက်နိုင်ပါတယ်။ Wave Money ရဲ့ official website: https://wavemoney.com.mm/mm/limit-fees-mm မှာလည်း ကြည့်ရှုနိုင်ပါတယ်။

Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို Wave အကောင့်ထဲဝင်တဲ့အခါ သို့မဟုတ် Wave App ဖြင့် ငွေပေးချေမှု အမျိုးမျိုးပြုလုပ်တဲ့အခါ လိုအပ်ပါတယ်။

Wave အေးဂျင့်ဆိုင်တွေကတစ်ဆင့် ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်၊ မှတ်ပုံတင်နံပါတ်နဲ့ လွှဲလိုတဲ့ ငွေပမာဏကိုပဲ ပြောပြရမှာဖြစ်ပါတယ်။

Wave အေးဂျင့်ဆိုင်ကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမည့်သူကလွဲပြီး လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ် (Transaction ID) ကို သေချာသိမ်းထားပြီး မည်သူ့ကိုမှ ပြောပြခြင်းမပြုရပါ။

Wave Merchant App သည် ဆိုင်ရှင်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် WaveQR နဲ့ MMQR တို့ကနေ Customer များထံမှ ငွေပေးချေမှုတွေကို အဆင်ပြေစွာ လက်ခံနိုင်ဖို့ ထုတ်ထားတဲ့ App ပါ။ တစ်နေ့တာရောင်းအားနဲ့ အရောင်းမှတ်တမ်းတွေ ကိုလည်း လွယ်ကူစွာ စစ်ဆေးစီမံနိုင်မှာ ဖြစ်ပါတယ်။

Wave Zay Sine သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် မည်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများကိုမဆို အဆင်ပြေစွာလက်ခံနိုင်ဖို့နဲ့ နေ့စဉ်လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်လွယ်ကူ လုံခြုံစွာဆောင်ရွက်နိုင်ဖို့အတွက် လွယ်ကူမြန်ဆန်စွာလျှောက်ထားပြီး Wave Merchant တစ်ယောက်ဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။

Wave Zay Sine သည်မြန်ဆန်စွာစတင်အသုံးပြုနိုင်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းကို လက်ခံနိုင်ခြင်း၊ တစ်နေရာထဲတွင် ကိုယ်ရေးကိုယ်တာနှင့်လုပ်ငန်းငွေများကိုစီမံခန့်ခွဲနိုင်ခြင်း၊ ပိုများသော ငွေလွှဲပမာဏဖြင့် လုပ်ငန်းကို ချဲ့ထွင်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်ပါတယ်။

Wave App မှတစ်ဆင့် Wave Zay Sine mini app (or) banner မှ လျှောက်ထားနိုင်ပါတယ်။ သို့မဟုတ် သင့်ပရိုဖိုင်သို့သွားကာ ပရိုဖိုင်မှ Wave Zay Sine Banner မှ လျှောက်ထားနိုင်ပါတယ်။ Wave Zay Sine လျှောက်ထားရန် သင်သည် Wave App အတည်ပြုပြီးသောအသုံးပြုသူ (Verified User) ဖြစ်ရပါမယ်။

Help Center မှာ မိတ်ဆွေသိလို၊ မေးမြန်းလိုတဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ အမေး၊ အဖြေများစွာကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ထပ်မံသိရှိလိုသည်များကို မေးမြန်းနိုင်ရန် Wave Money Call Center ကို မနက် ၇ နာရီ – ည ၁၂ နာရီ အတွင်း Atom အသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000 ကို ဆက်သွယ်နိုင်ပါတယ်။ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook Messenger မှာလည်း မေးမြန်းနိုင်ပါတယ်။

Wavemoney © 2026. All rights reserved.Developed by B360

chat icon