Wave ဂီတလှိုင်းဆိုတဲ့ အစီအစဉ်လေးကတော့ ပြည်သူတွေ စိတ်အပန်းဖြေရုံသာမက တစ်ဦးနဲ့တစ်ဦး သီချင်း တွေကတစ်ဆင့် နှလုံးသားချင်း နီးစပ်နိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးထားတဲ့ Wave Moneyရဲ့ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကျော်ကြားတဲ့ အဆိုတော် အနုပညာရှင်တွေသာမက တက်သစ်စ အနုပညာရှင်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုတင်ဆက်ပေးလျက်ရှိပြီး ပျော်ရွှင်စရာတွေ၊ အမှတ်ရစရာတွေ နဲ့ အကောင်းမွန် ဆုံးသောအတွေ့အကြုံ တွေကို တေးဂီတရဲ့စွမ်းအားကတစ်ဆင့် ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။
Wave အချစ်လှိုင်းက Public Relations ရှုထောင့်ကနေ ပြုလုပ်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ Wave အချစ်လှိုင်း အစီအစဉ်ကနေတစ်ဆင့် သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေနဲ့ စီးပွားမိတ်ဖက်တွေအပေါ်ထားတဲ့ မေတ္တာ နဲ့ စေတနာတွေကို အဓိက ပြန်လည်ထပ်ဟပ်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။
လူမှုဘဝမျိုးစုံနဲ့ နယ်ပယ်အဖုံဖုံမှ ပြည်သူလူထုတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဘဝအကြောင်းအရာ တွေကို အခြေတည်ပြီး တင်ဆက်ပေးနေတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အစီအစဉ်တစ်ခုစီတိုင်းမှာလည်း Wave Money အနေနဲ့ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားများ၊ စက်ရုံလုပ်သားများ၊ ကျောင်းသား ကျောင်းသူများ နဲ့ မိခင်အိမ်ရှင်မတွေရဲ့ဘဝကို ဘယ်လိုပြောင်းလဲပေးခဲ့တယ်ဆိုတာ တင်ဆက်ပေးထား ခြင်းဖြစ်ပါတယ်။ Wave Moneyက ပြည်သူလူထုအတွက် ပြုလုပ်ပေးနေတဲ့ လူမှုရေးဆိုင်ရာ အကျိုး သက်ရောက်မှုတွေကို မှတ်တမ်း တင်နိုင်ဖို့ အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍမှာ ပါဝင်ခွင့်ရခဲ့တဲ့ သုံးစွဲသူ တွေရဲ့ မျှဝေမှုအသံကို တမူ ထူးခြားပြီး စစ်မှန်တဲ့ ဘဝဇာတ်ခုံ အကြောင်းအရာတွေကတစ်ဆင့် ပုံဖော်ပေးထားခြင်းဖြစ်ပါတယ်။
Wavemoney © 2025. All rights reserved.Developed by B360