ဖုန်းအသစ်တွင် Wave App ကိုဖွင့်၍ Wave အကောင့်မှတ်ပုံတင်ထားခဲ့သောဖုန်းနံပါတ်အား ရိုက်ထည့်ပါ။
သင့်ဖုန်းနံပါတ်သို့ SMS ဖြင့် လက်ခံရရှိသော OTP နံပါတ် ၆ လုံးအား ရိုက်ထည့်ပါ။
လျှိ့ဝှက် PIN နံပါတ် ဂဏန်း ၄ လုံး အား ရိုက်ထည့်ပါ။
ဖုန်းအသစ်မှ ဖုန်းအဟောင်းသို့ အသုံးပြုခွင့် တောင်းခံသည့် စာမျက်နှာအား တွေ့မြင်ရပါမည်။ ဖုန်းအသုံးပြုခွင့်အား ဖုန်းအသစ်မှ အတည်ပြုလုပ်ဆောင်ရန် မှတ်ပုံတင်ဖြင့် အတည်ပြုခြင်းအား နှိပ်ပါ။ (ဖုန်းအသုံးပြုခွင့်ပေးခြင်းအား ၂၄နာရီအတွင်း ပြုလုပ်ရပါမည်။ ၂၄နာရီကျော်ပါက နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ရပါမည်။)
မှတ်ပုံတင် နံပါတ်အား ဖြည့်စွက်ပါ။ မှတ်ပုံတင်နံပါတ်သည် Wave အကောင့် ဖွင့်ထားသည့်နံပါတ်နှင့် ကိုက်ညီရပါမည်။
ခွင့်ပြုချက် အောင်မြင်စွာအတည်ပြုပြီးကြောင်း မြင်တွေ့ရမှာဖြစ်ပြီး ပင်မစာမျက်နှာသို့ လမ်းညွှန်သွားမည်ဖြစ်သည်။
Wave အကောင့်ရဲ့ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။