WavePay အကောင့်ဖွင့်ဖို့အတွက် WavePay အက်ပလီကေးရှင်းကို ဒေါင်းလုဒ် လုပ်ပြီး Install လုပ်ပါ။ ပြီးရင် WavePay အက်ပလီကေးရှင်းကို ဖွင့်ပါ။
အသုံးပြုလိုတဲ့ ဘာသာစကားကို ရွေးချယ်ပြီး “ရှေ့ဆက်မည်” ကိုနှိပ်ပါ။
Wave အကောင့်မှ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်ကို ဖတ်ရှုနိုင်ပြီး “အကောင့်လုပ်မည်” ကိုနှိပ်ပါ။
Wave အကောင့်မှာ အသုံးပြုမည့် ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး “အတည်ပြုပါ” ကို နှိပ်ပါ။
WavePay အကောင့်သို့ ဝင်ရောက်နိုင်မယ့် ယာယီ PIN နံပါတ် ၄လုံးကို SMS မက်ဆေ့မှ တစ်ဆင့် ရရှိမှာဖြစ်ပြီး ထို PIN နံပါတ်ကို ရိုက်ထည့်ပြီး ခဏစောင့်ဆိုင်းပါ။ စက္ကန့်အနည်းငယ်အတွင်း WavePay အက်ပ် ကို ဝင်ရောက်နိုင်ပါမယ်။
သင်၏ PIN နံပါတ်အသစ် ၄ လုံးကိုထည့်ရန် ဖော်ပြပါညွှန်ကြားချက်နှင့်အညီ ပြုလုပ်ပါ။
မှတ်ချက်။ သင်၏ Wave အကောင့်ထဲသို့ ဝင်ရောက်ရန်အတွက် ယခု PIN နံပါတ်ကို အမြဲမှတ်သားထားရန်နှင့် မည်သူ့ကိုမှ မမျှဝေရန်လိုအပ်ပါတယ်။
ဖော်ပြထားသော PIN နံပါတ် ၄လုံး အား စစ်ဆေးပြီးနောက် “ အတည်ပြုပါ” ကိုနှိပ်ပါ။
သင့်ရဲ့ PIN နံပါတ် ၄ လုံးကို ထပ်မံရိုက်ထည့်ပြီး “ဝင်မည်” ကို နှိပ်ပါ။
WavePay အက်ပ်မှာ အသုံးပြုနိုင်တဲ့ ငွေပမာဏအကြောင်းအရာကို ဖတ်ရှုနိုင်ပြီး အကောင့်မှတ်ပုံတင် ပြုလုပ်ရန်အတွက် လိုအပ်တဲ့ အချက်အလက်များ ထည့်သွင်းဖို့ “အကောင့်အတည်ပြုပါ” ကိုနှိပ်ပါ။
Wave အကောင့် အသုံးပြုမည့်သူရဲ့ မှန်ကန်တဲ့ အထောက်အထားကဒ် မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံကူးလက်မှတ်ကို ဓာတ်ပုံရိုက် ထည့်သွင်းနိုင်ရန်အတွက် “ကင်မရာဖွင့်မည်” ကိုနှိပ်ပါ။
အသုံးပြုမည့် အထောက်အထားကဒ် အမျိုးအစားရွေးချယ်ပါ။
အထောက်အထားကဒ်ရဲ့ အရှေ့ဘက်တစ်ခုလုံး လေးထောင့်ကွက်အတွင်း ဝင်စေရန်နှင့် ကဒ်နံပါတ် ကြည်လင်ပြတ်သားမှုရှိစေရန် သေချာချိန်၍ ဓာတ်ပုံရိုက်ပါ။
အထောက်အထားကဒ်ရဲ့ နံပါတ်နဲ့ ကြည်လင်ပြတ်သားတဲ့ ကဒ်အရှေ့ဘက်ကို ထည့်သွင်းပြီးပါက “ဓာတ်ပုံတင်မည်” ကို နှိပ်ပါ။
အထောက်အထားကဒ်ရဲ့ အနောက်ဘက်ကို ထည့်သွင်းရန် “ဓာတ်ပုံရိုက်ရန်နှိပ်ပါ” ကို နှိပ်ပါ။
အထောက်အထားကဒ်ရဲ့ အနောက်ဘက်တစ်ခုလုံးကို လေးထောင့်ကွက်အတွင်း ဝင်စေရန်နှင့် ကဒ်နံပါတ် ကြည်လင်ပြတ်သားမှု ရှိစေရန် သေချာချိန်၍ ဓာတ်ပုံရိုက်ပါ။
အထောက်အထားကဒ်ရဲ့ နံပါတ်နဲ့ ကြည်လင်ပြတ်သားတဲ့ ကဒ်အနောက်ဘက်ကို ထည့်သွင်းပြီးပါက ”ဓာတ်ပုံတင်မည်” ကို နှိပ်ပါ။
အထောက်အထားကဒ်ရဲ့ အရှေ့ဘက်နှင့်အနောက်ဘက် နှစ်ဘက်လုံး ပြည့်စုံပါက “အတည်ပြုပြီး ရှေ့ဆက်သွားမည်” ကို နှိပ်ပါ။
အမည်၊ ကျား/မနှင့် မွေးသက္ကရာဇ် ကို ဖြည့်စွက်ပြီး စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်တွင် အတည်ပြုပြီးနောက် “ရှေ့ဆက်သွားမည်” ကိုနှိပ်ပါ။
အခြေခံအချက်အလက်များ တင်ပြထားပြီးဖြစ်၍ “ရှေ့ဆက်သွားမည်” ကိုနှိပ်ပါ။
Wave အကောင့်လုံခြုံရေးအတွက် အကောင့်တစ်ခု ဖုန်းတစ်လုံးတွင်သာ အသုံးပြုနိုင်တဲ့စနစ် ထားရှိသည့်အတွက် မိမိဖုန်းအမျိုးအစားကို အတည်ပြုရန် “အိုကေ” ကိုနှိပ်ပါ။
ဖော်ပြထားသော သင့်ဖုန်းအမျိုးအစားကို အတည်ပြုရန် “အတည်ပြုပါ” ကို နှိပ်ပါ။
အကောင့်ဝင်ခြင်းနှင့် ငွေပေးချေမှုများ ပိုမိုလွယ်ကူစေရန် PIN အစား မျက်နှာ/လက်ဗွေစနစ် ကို သင့်ပရိုဖိုင်ရှိ စက်တင်မှတစ်ဆင့် နောက်ပိုင်းတွင် ဝင်ရာက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
သင့်ရဲ့ PIN နံပါတ် ၄ လုံးကို ရိုက်ထည့်ပါ။
အချက်အလက်စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း WavePay အကောင့်တွင် “စစ်ဆေးဆဲ” ဟု မြင်နေရမည် ဖြစ်ပါတယ်။
အထောက်အထားကဒ်နှင့် မျက်နှာစိစစ်အတည်ပြုရန် မျက်နှာအား ဓာတ်ပုံရိုက်ကူးရပါမည်။ ဓာတ်ပုံရိုက်ရန် “အချက်အလက်များ ဖြည့်သွင်းပါ” ကို နှိပ်ပါ။
ဓာတ်ပုံရိုက်ကူးရာတွင် မျက်မှန်၊ (Mask) နှာခေါင်းစည်းများ မတပ်ရပါ။ မျက်နှာကို လေးထောင့်ကွက်အတွင်းသို့ဝင်ရန် နေရာချရပါမယ်။ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးနည်းလမ်းညွှန်အား ဒီနေရာတွင် ကြည့်ရှုနိုင်ပါသည်။
ဆယ်လ်ဖီဓာတ်ပုံ မှန်ကန်အောင်ရိုက်ကူးနည်း လမ်းညွှန်အား ကြည့်ရှုနိုင်ပါတယ်။
ကြည်လင်ပြတ်သားသောဆယ်လ်ဖီဓာတ်ပုံ ရိုက်ပြီးပါက “ဓာတ်ပုံတင်မည်” ကိုနှိပ်ပါ။
အချက်အလက်များအားလုံး ဖြည့်သွင်းပြီးဖြစ်ပါ၍ “ရှေ့ဆက်သွားမည်” ကို နှိပ်ကာ Wave အကောင့်ကို စတင်အသုံးပြုနိုင်ပါပြီ။
Wave အကောင့်ရဲ့ ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။