Wave App ဆိုတာ သုံးစွဲသူတွေအတွက် လွယ်ကူလျင်မြန်တဲ့ ငွေပေးချေခြင်းဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး တစ်နေရာတည်းမှာ စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Mobile Wallet ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းရှိရုံနဲ့ Wave App ကို ကိုယ်တိုင်ဒေါင်းလုတ်ရယူပြီး စာရင်းသွင်း အကောင့်ဖွင့်ကာ အသုံးပြုနိုင်ပါတယ်။ Wave App နဲ့ဆိုရင် ငွေလွှဲ/ငွေထုတ်ခြင်း၊ Wave Agent များနှင့် ချိတ်ဆက်ပြီး ငွေပို့/ငွေလက်ခံခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေပေးချေခြင်း၊ ခရီးသွားလက်မှတ်အတွက် ငွေပေးချေခြင်း စတဲ့ ဝန်ဆောင်မှုတွေအပါအဝင် တခြားငွေကြေးဝန်ဆောင်မှုတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ လုံခြုံမြန်ဆန်တဲ့ Wave App က သင့်ရဲ့ ငွေလွှဲလုပ်ငန်းစဉ်တိုင်းကို လွယ်ကူအဆင်ပြေစေမှာပါ။
ဖုန်းနံပါတ်ဖြင့် Wave Account ဖွင့်ထားသူတိုင်းထံ အလွယ်တကူ ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲလုပ်ငန်းစဉ်သည် မြန်ဆန်၊ ချောမွေ့ လုံခြုံပြီး ငွေလွှဲလက်ခံသူဆီ ချက်ချင်းရောက်ရှိစေမှာပါ။