Wave Money ဆိုင်များတွင် Wave အကောင့်ထဲသို့ အခမဲ့ ငွေသွင်းခြင်း

Wave Agent ဆိုင်မှတစ်ဆင့် ငွေထုတ်ခြင်း

အနီးဆုံးမှာရှိတဲ့ Wave Agent ဆိုင်မှာ Wave အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် Wave အက်ပလီကေးရှင်းရဲ့ပင်မစာမျက်နှာမှာရှိတဲ့ “My QR” ကို scan ဖတ်ခိုင်းပါ။ ငွေထုတ်ဖို့အတည်ပြုတဲ့ notification ရတဲ့အခါနှိပ်ပြီး Wave အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို ရိုက်ထည့် ပေးလိုက်ရင် ငွေထုတ်တာ အောင်မြင်သွားပါပြီ။ ငွေထုတ်တဲ့လုပ်ဆောင်ချက် ပြီးစီးအောင်ဖုန်းမှာ အင်တာနက်ဖွင့်ထားဖို့လည်း မမေ့ပါနဲ့နော်။ ငွေထုတ်တဲ့ ပမာဏပေါ်မူတည်ပြီး ငွေထုတ်ခကို အကောင့်ထဲကဖြတ်သွားမှာဖြစ်ပါတယ်။

ATM မှတစ်ဆင့် ငွေထုတ်ခြင်း

မိတ်ဆွေက ရိုးမဘဏ် Flexi Everyday အကောင့်သုံးစွဲသူတစ်ယောက်ဆိုရင် Wave အကောင့်ထဲက ငွေကို ထုတ်နိုင်ပါတယ်။ ဒီလိုပုံစံနဲ့ငွေထုတ်နိုင်ဖို့ မိတ်ဆွေတို့ရဲ့ Wave အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့်တို့ ချိတ်ဆက်ထားဖို့လိုပါတယ်။ အရင်ဆုံး Wave အကောင့်ထဲက ထုတ်ချင်တဲ့ငွေပမာဏကို ရိုးမဘဏ် Flexi Everyday အကောင့်ထဲကိုလွှဲထားပါ။ လွှဲပြီးရင်တော့ ရိုးမဘဏ် Flexi Everyday အကောင့်ရဲ့ ATM ကတ်နဲ့ ရိုးမဘဏ် ATM နဲ့ အခြား ဘဏ် ATM တွေမှာ ငွေထုတ်လို့ရပါပြီ။

Wavemoney © 2025. All rights reserved.Developed by B360

chat icon