A Plus Logo

Download WavePay App

WavePay အက်ပလီကေးရှင်းကို သက်ဆိုင်ရာ App Store မှာ WavePay လို့ရှာပြီးဒေါင်းလုတ် လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်အောက်မှာပြထားတဲ့ရွေးချယ်စရာ တွေကိုနှိပ်ပြီး App Store တွေကိုတိုက်ရိုက်သွားနိုင်ပါတယ်။

WavePay အကောင့်ဘယ်လိုဖွင့်ရမလဲ?

WavePay ကိုဒေါင်းလုတ်လုပ်ပြီးရင်တော့ ကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုပြီးအကောင့်ဖွင့်နိုင်ပါတယ်။ ဘယ်လိုလုပ်ရလဲဆိုတာ ကြည့်လိုက်ရအောင်။

1
STEP #1

WavePay အကောင့်ဖွင့်ဖို့အတွက် WavePay အက်ပလီကေးရှင်းကို ဒေါင်းလုဒ် လုပ်ပြီး Install လုပ်ပါ။ ပြီးရင် WavePay အက်ပလီကေးရှင်းကို ဖွင့်ပါ။

2
STEP #2

အသုံးပြုလိုတဲ့ ဘာသာစကားကို ရွေးချယ်ပြီး “ရှေ့ဆက်မည်” ကိုနှိပ်ပါ။​

3
STEP #3

Wave အကောင့်မှ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်ကို ဖတ်ရှုနိုင်ပြီး “အကောင့်လုပ်မည်” ကိုနှိပ်ပါ။​

4
STEP #4

Wave အကောင့်မှာ အသုံးပြုမည့် ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး “အတည်ပြုပါ” ကို နှိပ်ပါ။​

5
STEP #5

WavePay အကောင့်သို့ ဝင်ရောက်နိုင်မယ့် ယာယီ PIN နံပါတ် ၄လုံးကို SMS မက်ဆေ့မှ တစ်ဆင့် ရရှိမှာဖြစ်ပြီး ထို PIN နံပါတ်ကို ရိုက်ထည့်ပြီး ခဏစောင့်ဆိုင်းပါ။ စက္ကန့်အနည်းငယ်အတွင်း WavePay အက်ပ် ကို ဝင်ရောက်နိုင်ပါမယ်။​

6
STEP #6

သင်၏ PIN နံပါတ်အသစ် ၄ လုံးကိုထည့်ရန် ဖော်ပြပါညွှန်ကြားချက်နှင့်အညီ ပြုလုပ်ပါ။
မှတ်ချက်။ သင်၏ Wave အကောင့်ထဲသို့ ဝင်ရောက်ရန်အတွက် ယခု PIN နံပါတ်ကို အမြဲမှတ်သားထားရန်နှင့် မည်သူ့ကိုမှ မမျှ‌ဝေရန်လိုအပ်ပါတယ်။​

7
STEP #7

ဖော်ပြထားသော PIN နံပါတ် ၄လုံး အား စစ်ဆေးပြီးနောက် “ အတည်ပြုပါ” ကိုနှိပ်ပါ။​​

8
STEP #8

သင့်ရဲ့ PIN နံပါတ် ၄ လုံးကို ထပ်မံရိုက်ထည့်ပြီး “ဝင်မည်” ကို နှိပ်ပါ။​

9
STEP #9

WavePay အက်ပ်မှာ အသုံးပြုနိုင်တဲ့ ငွေပမာဏအကြောင်းအရာကို ဖတ်ရှုနိုင်ပြီး အကောင့်မှတ်ပုံတင် ပြုလုပ်ရန်အတွက် လိုအပ်တဲ့ အချက်အလက်များ ထည့်သွင်းဖို့ “အကောင့်အတည်ပြုပါ” ကိုနှိပ်ပါ။​

10
STEP #10

Wave အကောင့် အသုံးပြုမည့်သူရဲ့ မှန်ကန်တဲ့ အထောက်အထားကဒ် မှတ်ပုံတင် (သို့) ယာဉ်မောင်းလိုင်စင် (သို့) နိုင်ငံကူးလက်မှတ်ကို ဓာတ်ပုံရိုက် ထည့်သွင်းနိုင်ရန်အတွက် “ကင်မရာဖွင့်မည်” ကိုနှိပ်ပါ။​

11
STEP #11

အသုံးပြုမည့် အထောက်အထားကဒ် အမျိုးအစားရွေးချယ်ပါ။​

12
STEP #12

အထောက်အထားကဒ်ရဲ့ အရှေ့ဘက်တစ်ခုလုံး လေးထောင့်ကွက်အတွင်း ဝင်စေရန်နှင့် ကဒ်နံပါတ် ကြည်လင်ပြတ်သားမှုရှိစေရန် သေချာချိန်၍ ဓာတ်ပုံရိုက်ပါ။​

13
STEP #13

အထောက်အထားကဒ်ရဲ့ နံပါတ်နဲ့ ကြည်လင်ပြတ်သားတဲ့‌ ကဒ်အရှေ့ဘက်ကို ထည့်သွင်းပြီးပါက “ဓာတ်ပုံတင်မည်” ကို နှိပ်ပါ။​

14
STEP #14

အထောက်အထားကဒ်ရဲ့ အ‌နောက်ဘက်ကို ထည့်သွင်းရန် “ဓာတ်ပုံရိုက်ရန်နှိပ်ပါ” ကို နှိပ်ပါ။​

15
STEP #15

အထောက်အထားကဒ်ရဲ့ အ‌နောက်ဘက်တစ်ခုလုံးကို လေးထောင့်ကွက်အတွင်း ဝင်စေရန်နှင့် ကဒ်နံပါတ် ကြည်လင်ပြတ်သားမှု ရှိစေရန် သေချာချိန်၍ ဓာတ်ပုံရိုက်ပါ။​

16
STEP #16

အထောက်အထားကဒ်ရဲ့ နံပါတ်နဲ့ ကြည်လင်ပြတ်သားတဲ့‌ ကဒ်အနောက်ဘက်ကို ထည့်သွင်းပြီးပါက ”ဓာတ်ပုံတင်မည်” ကို နှိပ်ပါ။​

17
STEP #17

အထောက်အထားကဒ်ရဲ့ အရှေ့ဘက်နှင့်အနောက်ဘက် နှစ်ဘက်လုံး ပြည့်စုံပါက “အတည်ပြုပြီး ရှေ့ဆက်သွားမည်” ကို နှိပ်ပါ။​

18
STEP #18

အမည်၊ ကျား/မနှင့် မွေးသက္ကရာဇ် ကို ဖြည့်စွက်ပြီး စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရန်တွင် အတည်ပြုပြီးနောက် “ရှေ့ဆက်သွားမည်” ကိုနှိပ်ပါ။​

19
STEP #19

အခြေခံအချက်အလက်များ တင်ပြထားပြီးဖြစ်၍ “ရှေ့ဆက်သွားမည်” ကိုနှိပ်ပါ။​

20
STEP #20

Wave အကောင့်လုံခြုံရေးအတွက် အကောင့်တစ်ခု ဖုန်းတစ်လုံးတွင်သာ အသုံးပြုနိုင်တဲ့စနစ် ထားရှိသည့်အတွက် မိမိဖုန်းအမျိုးအစားကို အတည်ပြုရန် “အိုကေ” ကိုနှိပ်ပါ။​

21
STEP #21

ဖော်ပြထားသော သင့်ဖုန်းအမျိုးအစားကို အတည်ပြုရန် “အတည်ပြုပါ” ကို နှိပ်ပါ။​

22
STEP #22

အကောင့်ဝင်ခြင်းနှင့် ငွေပေးချေမှုများ ပိုမိုလွယ်ကူစေရန် PIN အစား မျက်နှာ/လက်ဗွေစနစ် ကို သင့်ပရိုဖိုင်ရှိ စက်တင်မှတစ်ဆင့် နောက်ပိုင်းတွင် ဝင်ရာက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။​

23
STEP #23

သင့်ရဲ့ PIN နံပါတ် ၄ လုံးကို ရိုက်ထည့်ပါ။

24
STEP #24

အချက်အလက်စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း WavePay အကောင့်တွင် “စစ်ဆေးဆဲ” ဟု မြင်နေရမည် ဖြစ်ပါတယ်။​

25
STEP #25

အထောက်အထားကဒ်နှင့် မျက်နှာစိစစ်အတည်ပြုရန် မျက်နှာအား ဓာတ်ပုံရိုက်ကူးရပါမည်။ ဓာတ်ပုံရိုက်ရန် “အချက်အလက်များ ဖြည့်သွင်းပါ” ကို နှိပ်ပါ။​

26
STEP #26

ဓာတ်ပုံရိုက်ကူးရာတွင် မျက်မှန်၊ (Mask) နှာခေါင်းစည်းများ မတပ်ရပါ။ မျက်နှာကို လေးထောင့်ကွက်အတွင်းသို့ဝင်ရန် နေရာချရပါမယ်။​ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးနည်းလမ်းညွှန်အား ဒီနေရာတွင် ကြည့်ရှုနိုင်ပါသည်။​

27
STEP #27

ဆယ်လ်ဖီဓာတ်ပုံ မှန်ကန်အောင်ရိုက်ကူးနည်း လမ်းညွှန်အား ကြည့်ရှုနိုင်ပါတယ်။ ​

28
STEP #28

ကြည်လင်ပြတ်သားသောဆယ်လ်ဖီဓာတ်ပုံ ရိုက်ပြီးပါက “ဓာတ်ပုံတင်မည်” ကိုနှိပ်ပါ။​

29
STEP #29

အချက်အလက်များအားလုံး ဖြည့်သွင်းပြီးဖြစ်ပါ၍ “ရှေ့ဆက်သွားမည်” ကို နှိပ်ကာ Wave အကောင့်ကို စတင်အသုံးပြုနိုင်ပါပြီ။​

30
STEP #30

Wave အကောင့်ရဲ့ ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။​

WavePay App

WavePay ဆိုတာ အချိန်မရွေး နေရာမရွေး မိုဘိုင်းဖုန်းရှိရုံနဲ့ အလွယ်တကူ စိတ်ကြိုက် အသုံးပြုနိုင်တဲ့ Wave Money ရဲ့မိုဘိုင်းပိုက်ဆံအိတ်ဖြစ်ပါတယ်။ ကိုယ်တိုင် ဒေါင်းလုတ်ရယူနိုင်ပြီး စသုံးဖို့အတွက်ကိုလည်း ကိုယ်တိုင်အကောင့်ဖွင့်နိုင်ပါတယ်။ WavePay နဲ့ဆိုရင် ငွေလွှဲ/ငွေထုတ်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေပေးချေခြင်း၊ ခရီးသွားလက်မှတ်အတွက် ငွေပေးချေခြင်း စတဲ့ ဝန်ဆောင်မှုတွေအပါအဝင် တခြားငွေကြေးဝန်ဆောင်မှုတွေကို ကိုယ့်ဖုန်းကနေ တစ်ဆင့် ပြုလုပ်နိုင်ပါတယ်။

?php echo $icon_list['icon_title']; ?>
App တစ်ခုတည်းဖြင့် ငွေကြေးဝန်ဆောင်မှုအစုံ ရနိုင်ခြင်း
?php echo $icon_list['icon_title']; ?>
ကိုယ်တိုင်အကောင့်ဖွင့်နိုင်ခြင်း
?php echo $icon_list['icon_title']; ?>
လုံခြုံလျင်မြန်စွာငွေလွှဲနိုင်ခြင်း
?php echo $icon_list['icon_title']; ?>
ဘေလ်ဆောင်ခြင်း
?php echo $icon_list['icon_title']; ?>
WavePay အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ခြင်း
?php echo $icon_list['icon_title']; ?>
အွန်လိုင်းစျေးဝယ်ခြင်း
?php echo $icon_list['icon_title']; ?>
QR Code နဲ့ ငွေပေးချေနိုင်ခြင်း
?php echo $icon_list['icon_title']; ?>
ငွေလွှဲ/ထုတ်ရန်လွယ်ကူခြင်း
?php echo $icon_list['icon_title']; ?>
ဘဏ်အွန်လိုင်းအကောင့် ချိတ်ဆက်ခြင်း

ချစ်ခင်ရသူတွေဆီကို WavePayနဲ့ ငွေလွှဲတဲ့အခါ အရမ်းလွယ်ကူပြီး အဆင်ပြေပါတယ်။

မိမိ၏ WavePay အကောင့်မှ အခြား WavePay အကောင့်သို့ ငွေလွှဲခြင်းသည် အခမဲ့ဖြစ်ပြီး၊ ငွေလွှဲရန် လက်ခံသူ၏ WavePay အကောင့်ဖွင့်ထားသော မိုဘိုင်းနံပါတ်ကို သိထားရန်သာ လိုအပ်ပါသည်။ အောက်တွင် အ‌ကောင့်အချင်းချင်း ငွေလွှဲပြုလုပ်ပုံ အဆင့်ဆင့်ကိုကြည့်ရှုနိုင်ပါသည်။​

1
STEP #1

အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။

2
STEP #2

ငွေလွှဲမည့်ဖုန်းနံပါတ်ကို “ဖုန်းလိပ်စာ” မှရွေးချယ်၍သော်လည်းကောင်း (သို့မဟုတ်) “ဖုန်းနံပါတ်ထည့်ရန်” ကိုနှိပ်၍ နံပါတ်ရိုက်ထည့်ပါ။ ငွေလွှဲမယ့်ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။​

3
STEP #3

လွှဲမည့်ငွေပမာဏနှင့် ငွေလွှဲမှတ်ချက်ကို ဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။ လွှဲမည့်ငွေပမာဏနှင့် ငွေလွှဲမှတ်ချက်ကို ဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။

4
STEP #4

ငွေလွှဲလုပ်ဆောင်မှုစာမျက်နှာပေါ်လာမှာဖြစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။​

5
STEP #5

မိမိ WavePay အကောင့် PIN နံပါတ် ၄လုံးရိုက်ထည့်ပါ။​

6
STEP #6

ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်ပါပြီ။

ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ မိတ်ဆွေရဲ့အကောင့်လုံခြုံရေးအတွက် OTP နဲ့ WavePay အကောင့်ရဲ့ PIN နံပါတ်ကို ဘယ်သူ့ကိုမှ မပြောပြဖို့လည်း လိုအပ်ပါတယ်။​

WavePay အကောင့်ကနေ WavePay အကောင့်မရှိသူများသို့လည်း ငွေလွှဲနိုင်ပြီး၊ လွှဲငွေကို Wave အေးဂျင့်ဆိုင်များမှာ ထုတ်ယူနိုင်ပါသည်။ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိဖို့ လိုအပ်ပါတယ်။ ငွေလွှဲပြီးသွားရင်တော့ ငွေလက်ခံမယ့်သူက နီးစပ်ရာ Wave Money ဆိုင်ကတစ်ဆင့် မှတ်ပုံတင်နဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ စာတိုကိုပြပြီး Secret Code ကိုပြော၍ငွေကို အခမဲ့ ထုတ်နိုင်ပါတယ်။ ငွေလွှဲပုံအဆင့်ဆင့်ကို အောက်မှာကြည့်နိုင်ပါတယ်။​

1
STEP #1

အရင်ဆုံး WavePay App ကို ဖွင့်ပါ။ ပြီးရင် “ငွေလွှဲ” ကိုရွေးပါ။

2
STEP #2

ငွေလွှဲမည့်ဖုန်းနံပါတ်ကို “ဖုန်းလိပ်စာ” မှရွေးချယ်၍သော်လည်းကောင်း (သို့မဟုတ်) “ဖုန်းနံပါတ်ထည့်ရန်” ကိုနှိပ်၍ နံပါတ်ရိုက်ထည့်ပါ။ ငွေလွှဲမယ့်ဖုန်းနံပါတ် မှန်မမှန် ပြန်စစ်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။​

3
STEP #3

လွှဲမည့်ငွေပမာဏကို ဖြည့်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။​

4
STEP #4

ငွေလက်ခံသူရဲ့နာမည်နဲ့ မှတ်ပုံတင်နံပါတ်ကိုဖြည့်၊ နှစ်သက်ရာ လျှို့ဝှက်နံပါတ် ၆လုံးကို သတ်မှတ်ပေးပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။ မိမိလွှဲလိုတဲ့ ငွေပမာဏနဲ့ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန် မမှန် ပြန်စစ်ပါ။​

5
Step #5

ငွေလွှဲလုပ်ဆောင်မှုစာမျက်နှာ ပေါ်လာမှာဖြစ်ပြီး “ဆက်လုပ်ပါ” ကို နှိပ်ပါ။​

6
STEP #6

မိမိ WavePay အကောင့် PIN နံပါတ် ၄လုံးရိုက်ထည့်ပါ။​

7
STEP #7

ငွေလွှဲလုပ်ဆောင်မှု ပြီးမြောက်ပါပြီ။ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ စာတိုမှာ ငွေလွှဲသူနဲ့ ငွေလက်ခံသူတို့ဆီ ပို့ပေးမှာပါ။ မိမိထည့်သွင်းထားတဲ့ လျှို့ဝှက်နံပါတ် ၆ လုံးကို ငွေလက်ခံမယ့်သူကိုပဲ ပြောပြပေးပါ။​​

ပြီးမြောက်သွားတဲ့ လုပ်ငန်းစဉ်တွေကို ပင်မစာမျက်နှာက “ စာရင်း” မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ WavePay အကောင့်မရှိသူတွေကို ငွေလွှဲတဲ့အခါ အရေးကြီးဆုံးက ငွေလွှဲချင်တဲ့ ဖုန်းနံပါတ် အမှန်ဖြစ်ဖို့နဲ့ မိတ်ဆွေထည့်သွင်းထားတဲ့ လျှို့ဝှက်နံပါတ် ၆လုံးကို ငွေလက်ခံမယ့်သူ တစ်ယောက်တည်းကိုပဲပြောပြပေးပါ။

Security Tips

PIN နံပါတ်ကိုလျှို့ဝှက်ထားပါ။

PIN နံပါတ်ကိုလျှို့ဝှက်ထားပါ။

PIN နံပါတ် ၄လုံးဆိုတာက WavePay သုံးပြီးပြုလုပ်တဲ့ ငွေလွှဲ/ထုတ်၊ ငွေပေးချေမှု လုပ်ငန်းစဉ်တိုင်းကို လုံခြုံမှုရှိစေဖို့ ကာကွယ်ပေးထားတဲ့နံပါတ်ဖြစ်တဲ့ အတွက် ဒီ PIN နံပါတ်ကို ဘယ်သူနဲ့မှ မဝေမျှမိဖို့ တိုက်တွန်းချင်ပါတယ်။

Read More about this

OTP ကိုဘယ်သူ့မှ မပေးပါနဲ့။

OTP နံပါတ် ၆လုံးက SMS နဲ့ အလိုအလျောက်ပို့ပေးတဲ့ ယာယီလျှို့ဝှက် ဂဏန်း ၆ လုံး ဖြစ်ပါတယ်။ WavePay အကောင့် လုံခြုံဖို့အတွက် ဒီ OTP နံပါတ်ကို ဘယ်သူနဲ့မှ မဝေမျှမိဖို့ တိုက်တွန်း ချင်ပါတယ်။

Read More about this
OTP ကိုဘယ်သူ့မှ မပေးပါနဲ့။
မသမာသူများကို သတိထားပါ။

မသမာသူများကို သတိထားပါ။

မသမာသူတွေက နေရာတိုင်းမှာ ရှိနေတာကြောင့် လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ PIN နံပါတ်၊ OTP နံပါတ်၊ ဖုန်းနံပါတ် နဲ့ အခြား ကိုယ်ပိုင် အချက်အလက် တွေကို သေချာလျှို့ဝှက်ထားပါ။

Read More about this

မိတ်ဆွေတို့ကို ကူညီပေးမယ့် Wave Money Call Center

Wave Money နဲ့ WavePay ဝန်ဆောင်မှု တွေနဲ့ ပတ်သက်ပြီး ပိုသိချင်တာရှိရင် Help Center မှာ ကြည့်နိုင်ပါတယ်။

Read More about this
မိတ်ဆွေတို့ကို ကူညီပေးမယ့် Wave Money Call Center

Other features with WavePay

ဖုန်းဘေလ်ဖြည့်ခြင်း

ဖုန်းဘေလ်ဖြည့်ခြင်း

WavePay နဲ့ဆိုရင် မြန်မာနိုင်ငံအတွင်း အချိန်မရွေး နေရာမရွေး ဖုန်းဘေလ်ဖြည့်နိုင်ပါတယ်။

ချေးငွေပေးချေခြင်း

ချေးငွေပေးချေခြင်း

WavePay နဲ့ဆိုရင် လစဉ်ချေးငွေပေးဆောင်ဖို့အတွက် နောက်ကျမှာစိတ်မပူရတော့ပါဘူး။ WavePay App ကိုအသုံးပြုပြီး ချေးငွေတွေကို ချက်ချင်း အလွယ်တကူပေးချေနိုင်ပါပြီ။

ဘေလ်ဆောင်ခြင်း

ဘေလ်ဆောင်ခြင်း

လကုန်ပြီဆိုရင် ဘေလ်အမျိုးမျိုးက စုပြုံပြီး အိမ်ရှေ့ကို ရောက်လာပါပြီ။ WavePay နဲ့ဆိုရင် ဘေလ်အမျိုးမျိုးဖြစ်တဲ့ အထွေထွေသုံးဘေလ် နဲ့ ဝန်ဆောင်မှုဘေလ်တွေကို ဒီဂျစ်တယ်နည်းနဲ့ အချိန်မီအလွယ်တကူ ပေးဆောင်နိုင်ပါတယ်။

QR Code နဲ့ ငွေပေးချေခြင်း

QR Code နဲ့ ငွေပေးချေခြင်း

QR Code က အင်မတန်ရိုးရှင်းလွယ်ကူတဲ့ ငွေပေးချေတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ WavePay သုံးပြီး QR Code နဲ့ ငွေပေးချေမယ်ဆိုရင် Merchant ရဲ့ QR Code ကို WavePay အက်ပလီကေးရှင်းရဲ့ QR scanner နဲ့ တစ်ခါတည်းဖတ်လိုက်တာနဲ့ ငွေပေးချေမှုလုပ်နိုင်မှာဖြစ်ပါတယ်။

ခရီးသွားလက်မှတ်ဝယ်ခြင်း

ခရီးသွားလက်မှတ်ဝယ်ခြင်း

WavePay က MMBusTicket၊ Oway၊ Flymya၊ Elite နဲ့ တခြား ခရီးသွား ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ မိတ်ဖက်ပူးပေါင်းထားတဲ့အတွက် ကားလက်မှတ်၊ လေယာဉ်လက်မှတ် နဲ့ ဟိုတယ် booking တင်တာတွေကို WavePay အက်ပလီကေးရှင်းထဲကနေတိုက်ရိုက်လုပ်နိုင်မှာဖြစ်ပါတယ်။

အွန်လိုင်းဈေးဝယ်ခြင်း

အွန်လိုင်းဈေးဝယ်ခြင်း

WavePay အနေနဲ့ ဝန်ဆောင်မှုအမျိုးမျိုး၊ Website အမျိုးမျိုးနဲ့အတူ လက်တွဲလုပ်ကိုင်လျက်ရှိပြီး ထိုဝန်ဆောင်မှုနဲ့ Website များပေါ်တွင် WavePay ကိုအသုံးပြု၍ငွေပေးချေနိုင်ပါပြီ။

ရိုးမဘဏ် အွန်လိုင်းအကောင့် ချိတ်ဆက်ခြင်း

ရိုးမဘဏ် အွန်လိုင်းအကောင့် ချိတ်ဆက်ခြင်း

အခုဆိုရင် WavePay အကောင့်နဲ့ ရိုးမဘဏ် Flexi Everyday အကောင့် ကို ဘဏ်သွားဖို့မလိုဘဲ သုံးစွဲသူကိုယ်တိုင် WavePay ကတစ်ဆင့် အွန်လိုင်းကနေ တိုက်ရိုက်ချိတ်ဆက်နိုင်ပါပြီ။

CB အွန်လိုင်းအကောင့်ချိတ်ဆက်ခြင်း

CB အွန်လိုင်းအကောင့်ချိတ်ဆက်ခြင်း

WavePay နဲ့ CB Pay တို့ကို ဘဏ်ခွဲများသို့သွားစရာ မလိုဘဲ သုံးစွဲသူကိုယ်တိုင်အွန်လိုင်းမှတစ်ဆင့်ချိတ်ဆက်နိုင်ပါပြီ။

အကောင့်ထဲသို့ငွေသွင်းခြင်း

အကောင့်ထဲသို့ငွေသွင်းခြင်း

WavePay အကောင့်ထဲကို အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်တွေမှာ ငွေသွင်းနိုင်သလို ရိုးမဘဏ် Flexi Everyday အကောင့် သို့မဟုတ် MPU ကတ် တွေကနေတစ်ဆင့်လည်း ငွေသွင်းနိုင်ပါတယ်။

Device Authorization

Device Authorization

Device Authorization စနစ်သည် Wave အကောင့် သုံးစွဲသူများ၏ အကောင့်လုံခြုံမှုရှိစေရန် အကောင့်တစ်ခုကို ဖုန်းတစ်ခုတည်းနှင့်သာ ချိတ်ဆက်ထားနိုင်ပြီး ကိုယ်တိုင်အတည်ပြု လုပ်ဆောင်ခြင်းမှအပ အခြားသောသူများ မိမိတို့ Wave အကောင့်ကို ခွင့်ပြုချက်မရှိဘဲ (တရားမဝင်) ဝင်ရောက်မှုများကို ထိထိ‌ရောက်ရောက် ကာကွယ်ပေးပါသည်။