PIN နံပါတ်ကိုလျှို့ဝှက်ထားပါ။

PIN နံပါတ် ၄လုံးဆိုတာက WavePay သုံးပြီးပြုလုပ်တဲ့ ငွေလွှဲ/ထုတ် လုပ်ငန်းစဉ်တိုင်းကို လုံခြုံမှုရှိစေဖို့ ကာကွယ်ပေးထားတဲ့အတွက် ဒီ PIN နံပါတ်ကို ဘယ်သူနဲ့မှ မဝေမျှမိဖို့ တိုက်တွန်းချင်ပါတယ်။

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးကို လျှို့ဝှက်ထားဖို့ ဘာကြောင့် အရမ်းအရေးကြီးတယ်တယ်လို့ ထင်ပါသလဲ?

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံးက မီးခံသေတ္တာသော့နဲ့တူပါတယ်။ WavePay နဲ့လုပ်မယ့် လုပ်ငန်းစဉ်တွေဖြစ်တဲ့ ငွေလွှဲ၊ ငွေပေးချေ၊ ဖုန်းဘေလ်ဖြည့်၊ ငွေထုတ် နဲ့ အွန်လိုင်းဈေးဝယ်မှုတွေ ပြီးမြောက်ဖို့ ဒီ PIN နံပါတ် ၄ လုံးနဲ့ အတည်ပြုပေးရတာဖြစ်ပါတယ်။ ဒါကြောင့် တခြားသူတစ်ယောက်က ဒီ PIN ကိုရှိခဲ့ရင် မိတ်ဆွေမသိအောင် ငွေကြေးလုပ်ငန်းစဉ်တွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

WavePay အကောင့်ရဲ့ PIN နံပါတ် ၄လုံး ကိုပြောင်းမယ်ဆိုရင်

ဒီမှာဆိုရင် PIN နံပါတ် ပြောင်းဖို့ သို့မဟုတ် မေ့သွားခဲ့ရင် နံပါတ်အသစ်ပြန်ပြောင်းတဲ့ လုပ်ဆောင်ပုံအဆင့်တွေကို ပြောပြပေးထားတာဖြစ်ပါတယ်။

 

1
STEP #1

WavePay app ကိုဖွင့်ပြီး ဘယ်ဘက်ဒေါင့်အပေါ်က လိုင်း ၃ခုကိုနှိပ်ပါ။

2
STEP #2

“ ပြင်ဆင်ရန်” ကိုနှိပ်ပါ။

3
STEP #3

“ PIN ပြောင်းရန်” ကိုနှိပ်ပါ။

4
STEP #4

လက်ရှိသုံးနေတဲ့ လျှို့ဝှက် နံပါတ် ၄လုံးကို ရိုက်ထည့်ပါ။

5
STEP #5

ပြောင်းချင်တဲ့ PIN နံပါတ် ၄လုံး ကို ရိုက်ထည့်ပါ။

6
STEP #6

PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ ဆက်လုပ်ပါ” ကိုနှိပ်ပါ။

7
STEP #7

WavePay အကောင့်ရဲ့ PIN နံပါတ်အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။ ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။

 

Pin နံပတ် မေ့သွားပါသလား?

1
STEP #1

WavePay app ကိုဖွင့်ပြီး ဘယ်ဘက်ဒေါင့်အပေါ်က လိုင်း ၃ခုကိုနှိပ်ပါ။

2
STEP #2

“ ပြင်ဆင်ရန်” ကိုနှိပ်ပါ။

3
STEP #3

“ PIN မေ့နေသလား” ကိုနှိပ်ပါ။

4
STEP #4

ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့အတွက် ယာယီ PIN နံပါတ်ကိုရိုက်ထည့်ပါ။

5
STEP #5

ယာယီ PIN နံပါတ် ၄လုံး ပါတဲ့ မက်ဆေ့ကို ရတဲ့အခါ ဆက်လက်လုပ်ဆောင်ဖို့အတွက် ယာယီ PIN နံပါတ်ကိုရိုက်ထည့်ပါ။

6
STEP #6

PIN နံပါတ်အသစ်ကိုရိုက်ထည့်ပါ။

7
STEP #7

PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ ဆက်လုပ်ပါ” ကိုနှိပ်ပါ။

8
STEP #8

PINနံပါတ် အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။ ပြောင်းလိုက်တဲ့ PINနံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။

1
STEP #1

WavePay app ကိုဖွင့်ပါ။

2
STEP #2

ဘာသာစကားရွေးချယ်ကာ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

3
STEP #3

ဘာသာစကားရွေးချယ်ကာ “ဆက်လုပ်ပါ” ကိုနှိပ်ပါ။

4
STEP #4

OTP နံပါတ် ၆လုံးပါတဲ့ SMS ကို ရတဲ့အခါ OTP နံပါတ်ကိုရိုက်ထည့်ပါ။

5
STEP #5

“ PIN ထည့်ပါ” ဆိုတဲ့စာမျက်နှာပေါ်လာရင် “PIN မေ့နေသလား” ကိုနှိပ်ပါ။

6
STEP #6

Basic အကောင့်သုံးသူက အကောင့်ဖွင့်တုန်းကသုံးတဲ့မွေးနေ့ကိုထည့်ရမှာဖြစ်ပြီး Level 2 အကောင့်သုံးသူက အကောင့်အဆင့်မြှင့်တုန်းကသုံးတဲ့ မှတ်ပုံတင်နံပါတ်ကို ထည့်ပေးရမှာပါ။ ပြီးရင် “ ဆက်လုပ်ပါ” ကိုနှိပ်ပါ။

7
STEP #7

Basic အကောင့်သုံးသူက အကောင့်ဖွင့်တုန်းကသုံးတဲ့မွေးနေ့ကိုထည့်ရမှာဖြစ်ပြီး Level 2 အကောင့်သုံးသူက အကောင့်အဆင့်မြှင့်တုန်းကသုံးတဲ့ မှတ်ပုံတင်နံပါတ်ကို ထည့်ပေးရမှာပါ။ ပြီးရင် “ ဆက်လုပ်ပါ” ကိုနှိပ်ပါ။

8
STEP #8

PIN နံပါတ်အသစ်ကိုရိုက်ထည့်ပါ။

9
STEP #9

PIN နံပါတ် အသစ်ဖြစ်ကြောင်းအတည်ပြုတဲ့ စာမျက်နှာပေါ်လာရင် “ ဆက်လုပ်ပါ” ကိုနှိပ်ပါ။

10
STEP #10

PIN နံပါတ် အသစ် ပြောင်းတာ အောင်မြင်သွားပါပြီ။ ပြောင်းလိုက်တဲ့ PIN နံပါတ်အသစ်က အရင်သုံးဖူးတဲ့ နံပါတ်တွေဖြစ်နေရင်တော့ ပြောင်းလို့ရမှာမဟုတ်ပါဘူး။ WavePay အကောင့်ကို မသုံးတာ ရက်၃၀ကျော်သွားရင်လည်း အကောင့်က အလိုအလျောက်ထွက်ပြီးသားဖြစ်နေမှာဖြစ်ပါတယ်။

OTP ကိုဘယ်သူ့မှ မပေးပါနဲ့။

OTP နံပါတ် ၆လုံးက SMS နဲ့ အလိုအလျောက်ပို့ပေးတဲ့ ယာယီလျှို့ဝှက် ဂဏန်း ၆ လုံး ဖြစ်ပါတယ်။ WavePay အကောင့် လုံခြုံဖို့အတွက် ဒီOTPနံပါတ်ကို ဘယ်သူနဲ့မှ မဝေမျှမိဖို့ တိုက်တွန်း ချင်ပါတယ်။ ကိုယ်က မတောင်းဘဲနဲ့ OTP နံပါတ်ပါတဲ့ SMS မက်ဆေ့ချ်ရဖူးတာမျိုးရှိလား? မိတ်ဆွေကိုယ်တိုင်က OTP နံပါတ်ကို တောင်းခံခြင်းမရှိဘဲနဲ့ Wave Money က ဘယ်တော့မှ ပေးပို့ခြင်းမရှိတာကို သတိပြုပေးစေလိုပါတယ်။ တကယ်လို့ OTP နံပါတ်ပါတဲ့ SMS မက်ဆေ့ချ်တွေ ရနေပြီဆိုရင်တော့ WavePay အကောင့်ရဲ့ PIN နံပါတ်ကို ချက်ချင်းပြောင်းလိုက်ဖို့ လိုပါတယ်။ မသမာသူတွေက မိတ်ဆွေရဲ့ WavePay ဖုန်းနံပါတ်သုံးပြီး တခြား ဖုန်းတစ်လုံးကနေ အကောင့်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ OTP နဲ့ PIN နံပါတ်တွေကို မိတ်ဆွေဆီက တောင်းဖို့ ဆက်သွယ်လာပါလိမ့်မယ်။

 

မိတ်ဆွေက OTP နံပါတ်ကို ဘယ်အချိန်တွေမှာ ရနိုင်လဲဆိုတော့

  • WavePay အကောင့်ထဲကထွက် ပြီး ပြန်ဝင်တဲ့အခါ
  • WavePay အကောင့်ကို ဖုန်းအသစ်တစ်လုံးမှာ ဝင်တဲ့အခါ
  • WavePay အက်ပလီကေးရှင်းကို ဖုန်းထဲမှာ ပြန်ထည့်ပြီး အကောင့်ထဲပြန်ဝင်တဲ့အခါ
  • WavePay အကောင့် ယာယီပိတ်ထားခြင်းကနေ အကောင့်ထဲပြန်ဝင်တဲ့အခါ

 

မသမာသူများကိုသတိထားပါ။

လုပ်ငန်းစဉ်နံပါတ်၊ လျှို့ဝှက်နံပါတ်၊ PIN နံပါတ်၊ OTP နံပါတ်၊ ဖုန်းနံပါတ် နဲ့ အခြား ကိုယ်ပိုင် အချက်အလက် တွေကို သေချာလျှို့ဝှက်ထားပါ။ ဒီနံပါတ်တွေနဲ့ အချက်အလက်တွေကို တစ်စုံတစ်ယောက်က Wave Money ဝန်ထမ်းဟန်ဆောင်ပြီး ဖုန်းခေါ် သို့မဟုတ် Facebook ကတစ်ဆင့် မေးလာခဲ့ရင်လည်း မပေးလိုက်မိဖို့ သတိပြုစေလိုပါတယ်။

အရေးကြီးအချက်အလက်တွေကိုလျှို့ဝှက်ထားပါ။

  • Wave Money အသုံးပြုတဲ့အခါရရှိသည့် လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့ဝှက်နံပါတ်တို့ကိုလျှို့ဝှက်ထားပါ။ လျှို့ဝှက်နံပါတ်ကို ငွေ ငွေလက်ခံမယ့်သူတစ်ယောက်ကိုပဲ ပေးပါ။ ငွေလက်ခံတဲ့သူကို လျှို့ဝှက်နံပါတ်ပြောပြတဲ့အခါမှာလည်း အသံကျယ်ကျယ်နဲ့ မပြောမိစေဖို့ သတိပြုပါ။ လျှို့ဝှတ်နံပါတ်ကို ခန့်မှန်းရလွယ်တဲ့ ဂဏန်းတွေမထားမိပါစေနဲ့ (ဥပမာ – ၁၂၃၄၅၆၊ ၂၂၂၂၂၂)

  • WavePay အကောင့်ရဲ့ OTP နဲ့ PIN ကိုလည်း မိမိမှလွဲပြီးတခြားသူတွေ လုံးဝမသိပါစေနဲ့။

မသမာသူများကိုသတိထားပါ။

  • Wave Money ဝန်ထမ်းတွေက သုံးစွဲသူတွေကို ကိုယ်ပိုင်ဖုန်းနဲ့ဖြစ်စေ ကိုယ်ပိုင် Facebook အကောင့်တွေနဲ့ဖြစ်စေ ဆက်သွယ်တာတွေမလုပ်ပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က Wave Money ဝန်ထမ်းပုံတွေသုံးထားတဲ့ Facebook အကောင့် ဒါမှမဟုတ် Facebook Page တွေကနေဖြစ်ဖြစ် ဖုန်းခေါ်ပြီးဖြစ်ဖြစ် Wave Money ဝန်ထမ်းဟန်ဆောင်ပြီး မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို မေးလာခဲ့ရင်တော့ Wave Money call center ကို ချက်ချင်းဆက်သွယ်ပြီး တိုင်ကြားနိုင်ပါတယ်။

  • Wave Money call center က မိတ်ဆွေကို hotline နံပါတ်ဖြစ်တဲ့ 900 နဲ့သာခေါ်ဆိုမှာဖြစ်ပြီး အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook Page နဲ့သာ ဆက်သွယ်ပါတယ်။

ငွေကြေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အချက်အလက်တွေ ကိုယ်ပိုင်အချက်အလက်တွေကို မမျှဝေပါနဲ့

  • မသမာသူတွေက နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။ မိမိ ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေ မိမိ ကိုယ်ပိုင်အချက်အလက်တွေကို လူမှုကွန်ရက်မီဒီယာ ပေါ်မှာ မတင်ဖို့ တိုက်တွန်းချင်ပါတယ်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon