About Wave Money

Wave Money သည် ငွေရေးကြေးရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီနိုင်စေရန် စွမ်းဆောင်လျက် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘဝကို တိုးတက်ပြောင်းလဲစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မှုအားကောင်းစေရန် လုပ်ဆောင်လျက်ရှိသည်။ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဟူသော ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့်အညီ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ခြင်းမရှိသော သုံးစွဲသူများအပါအဝင် သုံးစွဲသူ ၃၅ သန်းကျော်တို့အား ၅၉၀၀၀ ကျော်သော အေးဂျင့်များမှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိရာ Wave Money ၏ ဝန်ဆောင်မှုများသည် နိုင်ငံ၏ ၉၀% ကို လွှမ်းခြုံထားနိုင်လျက် ရှိသည်။ 

ကျွန်ုပ်တို့၏ Wave Mobile Wallet သည် သုံးစွဲသူများအနေဖြင့် နေရာအချိန်မရွေး ငွေပေးချေမှုများနှင့် ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာနှင့် အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးသည်။ မိမိ၏ ချစ်ခင်ရသူ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းများထံသို့ အလွယ်တကူ ငွေလွှဲနိုင်စေရန်၊ လစဉ်ပေးဆောင်ရမည့် ဘေလ်များကို အချိန်မီ၊ လျင်မြန်စွာ ပေးဆောင်နိုင်စေရန်နှင့် နေ့စဉ်ငွေလွှဲ၊ငွေထုတ်များကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုပေးလျက် Wave Money သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို လွယ်ကူချောမွေ့စေကာ ကောင်းကျိုးသက်ရောက်မှုများကို ဆောင်ယူလာလျက်ရှိသည်။ 

ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ငန်းများအနေဖြင့်လည်း ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို လက်ခံကျင့်သုံးခြင်းဖြင့် ၎င်းတို့၏ ကာစတန်မာများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းကာ လုပ်ငန်းတိုးတက်မှု ရလဒ်ကောင်းများကို ရရှိနိုင်စေရန် Wave Money အနေဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်စီးပွါးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။ နိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသူ တစ်ဦးအနေဖြင့် ကျွန်ုပ်တို့သည် လူတိုင်း ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူစွာ လက်လှမ်းမီ သုံးစွဲနိုင်၍ အားလုံးအတွက် တောက်ပသော အနာဂတ်ကို ဖန်တီးဖော်ဆောင်ရန် ကတိကဝတ်ထားရှိပါသည်။ 

 

 

ကုမ္ပဏီအကြောင်း

Wave Money သည် Yoma Strategic Holdings၊  ရိုးမဘဏ်တို့နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Yoma Strategic Holdings မှ အစုရှယ်ယာအများဆုံး ပိုင်ဆိုင်ထားပါသည်။ စင်္ကာပူ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Yoma Strategic Holdings ၏ လုပ်ငန်းစုတစ်ခုဖြစ်သော Wave Money သည် ငွေကြေးဝန်ဆောင်မှုများနှင့် တီထွင်ဆန်းသစ်သော ထုတ်ကုန်များကို မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူများ လက်လှမ်းမီနိုင်စေရန်အတွက် မိခင်ကုမ္ပဏီကြီး၏ အထောက်အပံ့ကောင်းများနှင့်အတူ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

 

ကုမ္ပဏီအကြောင်း
Digital Money Myanmar Ltd. (operating as Wave Money)

ကုမ္ပဏီ အမည်

Digital Money Myanmar Ltd. (operating as Wave Money)
၂၀၁၆

တည်ထောင်သည့် ခုနှစ်

၂၀၁၆
ရန်ကုန်၊ မြန်မာ

ရုံးချုပ်

ရန်ကုန်၊ မြန်မာ
union

ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် ၊ တန်ဖိုးထားမှုများ

ရည်မှန်းချက်

ရည်မှန်းချက်

Wave Money ၏ကျယ်ပြန့်သော ကိုယ်စားလှယ်ကွန်ရက်မှတစ်ဆင့် အဆင်ပြေစွာရယူနိုင်မည့် ရိုးရှင်း၍ ယုံကြည်စိတ်ချရသော လူတိုင်းလက်လှမ်းမီနိုင်သည့် ငွေရေးကြေးရေးဝန်ဆောင်မှုများအား ပေးစွမ်းခြင်း။

 

ရည်ရွက်ချက်

ရည်ရွက်ချက်

မြန်မာပြည်သူများအား ၎င်းတို့နှစ်သက်သောနည်းလမ်းအတိုင်း ငွေကြေးများကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်ရန် စွမ်းဆောင်ပေးခြင်း။

 

 

အခြေခံတန်ဖိုးထားမှုများ

ဆောင်ရွက်ပြုမူ ကျင့်ဝတ်စည်းကမ်းများနှင့်အတူ

ဆောင်ရွက်ပြုမူ ကျင့်ဝတ်စည်းကမ်းများနှင့်အတူ

အားလုံးတူညီမခွဲခြား ဆောင်ရွက်တူညီအလေးထား

အားလုံးတူညီမခွဲခြား ဆောင်ရွက်တူညီအလေးထား

ယုံကြည်စွာထွက်ဆို အတွေးအခေါ်များကို

ယုံကြည်စွာထွက်ဆို အတွေးအခေါ်များကို

ဆောင်ရွက်တန်ဖိုးထား ကတိကဝတ်များ

ဆောင်ရွက်တန်ဖိုးထား ကတိကဝတ်များ

Wavemoney © 2025. All rights reserved.Developed by B360

chat icon