ငလျင် သတင်းများ
08 May, 2025

ဆင်ကာအုပ်စုကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားမီးစက် တပ်ဆင်ပေးခြင်း

ကျွန်ုပ်တို့၏ Yoma Micro Power Myanmar အဖွဲ့သည် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်ရန် မကြာသေးမီက နေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားမီးစက်တစ်ခုကို ဒီဇိုင်းရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

နေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားမီးစက်ဆိုတာ ဘာလဲ?

  • ပုံကြမ်းရေးဆွဲပြီး ၁၀ ရက်အတွင်း တည်ဆောက်တပ်ဆင်နိုင်ခဲ့ခြင်း
  • အလွယ်တကူ ရရှိနိုင်သော ကုန်ကြမ်းပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း – ဘီးတပ်ထားသဖြင့် အလွယ်တကူ နေရာပြောင်းရွှေ့နိုင်ခြင်း၊ မီးတိုင်များ၊ လာပြားများနှင့် ဘက်ထရီများ ပါဝင်ခြင်း
  • မိုဘိုင်းဖုန်း အလုံးပေါင်း ၅ဝ ကျော် ကို တစ်ပြိုင်တည်း အားသွင်းနိုင်ပြီး ဓာတ်မီးတိုင် ၄ ခုကို အသုံးပြုနိုင်ခြင်း

ယခုအခါ မန္တလေး၊ ဆင်ကာအုပ်စုကျေးရွာရှိ ယာယီစခန်းတွင် နေထိုင်နေသည့် ပြည်သူများနှင့် လုပ်အားပေးသူများအနေဖြင့် အဆိုပါနေရောင်ခြည်စွမ်းအင်သုံး ရွေ့လျားမီးစက်ကြောင့် ညဘက်တွင် အလင်းရောင် ရရှိနိုင်သည့်အပြင် ဖုန်းအားသွင်းခြင်းတို့ကိုပါ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

ကျွန်ုပ်တို့ Yoma Micro Power အဖွဲ့သားများသည် သင်္ကြန်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလတွင် ရွေ့လျားမီးစက်ကို တပ်ဆင်နိုင်ခဲ့ပြီး ဒေသခံပြည်သူများ၏ ဘဝ ပြန်လည်တည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon