Wave ဝန်ဆောင်မှု အတွက် အကူအညီများ ရယူနိုင်ပါပြီ

Wave Care Center များသည် Wave ဝန်ဆောင်မှုများအားလုံးအတွက် Customer တစ်ဦးချင်း လိုအပ်သည့် အကူအညီများကို ဝန်ထမ်းများကိုယ်တိုင် အကူအညီပေး ဆောင်ရွက်ပေးနေသော စင်တာများဖြစ်သည်။ Wave Care Center များတွင် Wave Appကို စာရင်းသွင်းမှတ်ပုံတင်ပေးခြင်း၊ ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊ အကောင့်နဲ့ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ဖြည့်သွင်းပေး၍ အဆင့်မြှင့်တင်ပေးခြင်း သို့မဟုတ် အကူအညီရယူလိုခြင်း တို့အတွက် ကူညီဆောင်ရွက်ပေးလျက် ရှိနေပါသည်။
သုံးစွဲသူများအနေဖြင့် Wave ၏ ဝန်ဆောင်မှု ၊ထုတ်ကုန်များကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် Wave Care Center များကို နေ့စဉ်ဖွင့်လှစ်လျှက်ရှိပြီး သုံးစွဲသူများအတွက် အစဉ်အမြဲ အသင့်ရှိနေမှာ ဖြစ်ပါသည်။

Wave Care Center များသည် သုံးစွဲသူတို့ Wave ၏ ဝန်ဆောင်မှု၊ ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ၊ လုံခြုံစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်ရန် ကူညီပံ့ပိုးမှုများကို တစ်နေရာတည်းတွင် ရယူနိုင်သည့် အားထားရာ စင်တာတစ်ခုဖြစ်ပါသည်။

 

ရယူနိုင်သည့် ဝန်ဆောင်မှုများ

  • ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုအပ်သည့် အကူအညီများပေးခြင်းနှင့် အခက်အခဲများအတွက် ဖြေရှင်းဆောင်ရွက်ပေးခြင်း။
  • အကောင့်ကို အဆင့်မြှင့်တင်ခြင်းများနှင့် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်း၊ အသစ်ပြုလုပ်ခြင်း။
  • Wave App ၊ Wave Agent များနှင့် မိတ်ဖတ် Merchants များအတွက် စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အကူအညီပေးခြင်း။
  • Wave App အသုံးပြုနည်းများအတွက် လမ်းညွှန် ပြသပေးခြင်း။
  • ငွေကြေးလိမ်လည်မှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန် အသိပညာပေးခြင်းနှင့် ငွေကြေးလိမ်လည်မှု အန္တရာယ်ကို တွေ့ကြုံခဲ့ရပါက တိုင်ကြားနိုင်ခြင်း။
  • ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းမှုများအတွက် ဖြေကြားပေးခြင်းနှင့် အကူအညီပေးခြင်း။

Wave Care Center သို့ ဖိတ်ခေါ်ပါတယ်

No. Center Name Location Opening Hours
1. Star City Wave Care Center Zoom A-Building A1, Star City, Thanlyin Tsp နံနက် ၈ နာရီမှ ညနေ ၆ နာရီ
2  ရွှေပြည်သာ အမှတ် ၅၂၊ ဘုရင့်နောင်လမ်း၊ ၁၅ ရပ်ကွက်
(ဘုရားလေးမှတ်တိုင်)
နံနက် ၈ နာရီမှ ညနေ ၆ နာရီ
3 ဘိုကလေး အမှတ် ၁၊ စကားဝါလမ်း၊ ၅ ရပ်ကွက်၊ ဘိုကလေးမြို့၊
ဧရာဝတီတိုင်းဒေသကြီး
 နံနက် ၈ နာရီ ခွဲမှ ညနေ ၅ နာရီ
4 မြန်မာပလာဇာ K-17 at Ground Floor, beside BreadTalk နံနက် ၉ နာရီမှ ည ၇ နာရီ
5 ယုဇနပလာဇာ S/36, မြေညီထပ်, ဗညားဒလလမ်း, မင်္ဂလာတောင်ညွှန့်မြို့နယ် နံနက် ၈ နာရီမှ ၆ နာရီ

အမေးများဆုံးသော မေးခွန်းများအတွက် အဖြေများကို အောက်တွင် လေ့လာနိုင်ပါသည်

သင့် Wave Account PIN နံပါတ်‌လေးလုံးကို ပြောင်းလဲရန် –

၁။ သင့် ဖုန်းထဲရှိ Wave App ကို ဖွင့်ပါ။ ဘယ်ဘက်ထောင့် Wave လိုဂိုအောက်ရှိ သင့်ပရိုဖိုင်ကို ဖွင့်ပါ။

၂။ PIN နံပါတ်ပြောင်းလဲရန်ကို ရွေးပါ။

၃။ လက်ရှိအသုံးပြုနေသည့် PIN နံပါတ်လေးလုံးကို ရိုက်ထည့်ပါ။

၄။ အသစ်အသုံးပြုမည့် PIN နံပါတ်လေးလုံးကို ထည့်သွင်းပါ။

၅။ အသစ်အသုံးပြုမည့် PIN ဖြစ်ကြောင်း အတည်ပြုပါ။

၆။ သင့် PIN နံပါတ်ကို အောင်မြင်စွာ ပြောင်းလဲပြီးဖြစ်ပါသည်။
မှတ်ချက်။ ။ ယခင် PIN နံပါတ်အဟောင်းကို အသုံးပြုပါက PIN နံပါတ်ပြောင်းလဲခြင်းလုပ်ငန်းစဉ် မအောင်မြင်ပါ။

 

ပထမဆုံးအနေနဲ့ Wave App ရဲ့ မူလစာမျက်နှာမှာရှိတဲ့ “History” ကိုနှိပ်ပြီး ငွေလွှဲမှုမှတ်တမ်းကို စစ်ဆေးပါ။ ငွေလွှဲမှု အောင်မြင်ပြီး သင့်အကောင့်မှ ငွေနုတ်ယူပြီးပေမယ့် လက်ခံသူဆီကို ငွေမရောက်သေးဘူးဆိုပါက Wave ရဲ့ 24/7 ခေါ်ဆိုနိုင်သည့် Call Center ဖုန်း 900 (Atom အသုံးပြုသူများအတွက်) သို့မဟုတ် 09 79000 9000 (Atom မဟုတ်သော အသုံးပြုသူများအတွက်) ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ Atom အသုံးပြုသူများအတွက် ဖုန်းခေါ်ဆိုမှုများသည် အခမဲ့ဖြစ်သည်။ အပြာရောင် အမှန်ခြစ်ပါသော Wave Money ၏ တရားဝင် Facebook Messenger မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

သင့် Wave Account ၏ ကိုယ်ရေးအချက်အလက်တွေကို ပြောင်းလဲဖို့အတွက် အနီးဆုံး Wave အေးဂျင့် ဒါမှမဟုတ် Wave Care Center သို့ သွားရောက်၍ အကူညီရယူနိုင်ပါတယ်။ ။ ဒါမှမဟုတ် ကျွန်ုပ်တို့ရဲ့ customer ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။

 

သင့်ရဲ့ Wave Account မှာ ခွင့်ပြုချက်မရှိတဲ့ ငွေလွှဲမှုတွေ ဒါမှမဟုတ် ငွေကြေးလိမ်လည်မှု ဖြစ်ပေါ်နေသည်ကို သံသယရှိပါ Atom အသုံးပြုသူတွေအတွက် ဖုန်းနံပါတ် 900 နဲ့ အခြား ဖုန်းအသုံးပြုသူများအတွက် ဖုန်းနံပါတ် 09 79000 9000 ကို ဆက်သွယ်ပြီး ကျွန်ုပ်တို့ရဲ့ ၂၄နာရီ ၇ ရက်ဝန်ဆောင်မှုပေးနေသော Call center ကို ချက်ချင်း ဆက်သွယ် အကြောင်းကြားပါ။ ဒါမှမဟုတ် အနီးဆုံး Wave Care Center ကို ဖွင့်ချိန်အတွင်း သွားရောက်၍ အကူအညီ ရယူနိုင်ပါတယ်။

 

သင့်ရဲ့ ငွေလွှဲမှုမှတ်တမ်းကို ကြည့်ရှုဖို့အတွက် Wave App ထဲက “History” ကဏ္ဍကို သွားပါ။ “Filter” လုပ်ဆောင်ချက်တွင် ငွေလွှဲမှုအမျိုးအစား၊ ရက်စွဲ သို့မဟုတ် ပမာဏအလိုက် လိုအပ်သလိုရွေးချယ်၍ စိစစ် ကြည့်ရှုနိုင်ပါတယ်။ ငွေလွှဲမှတ်တမ်းရှိ “Filter” လုပ်ဆောင်ချက်သည် သင့်ရဲ့ ငွေလွှဲမှုမှတ်တမ်းများကို ပိုမိုလွယ်ကူစွာ ပြန်လည်ကြည့်ရှုနိုင်ရန် ပံ့ပိုးပေးပါသည်။

 

What Our Client Say

Wave က ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုပြီး လွယ်ကူစေပါတယ်။ အခုဆိုရင် Wave QR code နဲ့ ကားခပေးချေလို့ရတော့ ကျွန်တော့်အတွက် ပိုပြီး အဆင်ပြေစေပါတယ်။ ဒါ့အပြင် Wave ရဲ့ ငွေလွှဲ၊ငွေထုတ် ဝန်ဆောင်မှုက နည်းပညာကို အရမ်းမကျွမ်းကျင်တဲ့ ကျွန်တော့်အတွက်တော့ သုံးရတာ အရမ်းကို လွယ်ကူပါတယ်။

...

Ko Kyaw Htet Khaung

WCC Shwe Pyi Thar

Wave အကောင့်ထဲကို ငွေသွင်းချင်လို့ မြန်မာပလာဇာမှာရှိတဲ့ Wave care center ကိုလာခဲ့တာပါ။ ကျွန်တော်ရောက်နေတဲ့ နေရာနဲ့ အနီးဆုံးမှာ Wave ဆိုင်မရှိရင် Wave care center ကို သွားလို့ရတော့ Wave care center တွေရှိတာ ကျွန်တော့်အတွက် အရမ်းကို အဆင်ပြေစေတယ်။ အကယ်၍ Wave App မှာ တစ်ခုခု လုပ်ချင်ရင် Wave call center ကို ဖုန်းဆက်ပြီး သူတို့ ညွှန်ကြားတဲ့ နည်းလမ်းအတိုင်း ကိုယ့်ဘာသာကိုယ် လုပ်တာထက်စာရင် ဒီလို Wave care center တွေမှာက တာဝန်ရှိတဲ့သူတွေကိုယ်တိုင် ဝန်ဆောင်မှုပေးတာဆိုတော့ ပိုပြီး အဆင်ပြေစေတာပေ့ါ။

...

Ko Aung Kyaw Oo

WCC Myanmar Plaza

Wave က သုံးရတာ အရမ်းအဆင်ပြေတယ်။ Wave ဆိုင်တွေကလည်း နေရာတိုင်းမှာရှိတော့ ငွေထုတ်ရတာလည်း လွယ်တယ်။ ဆိုင်တွေမှာလည်း Wave QR code နဲ့ ငွေပေးချေလို့ရတော့ ကျွန်မအတွက် ဈေးဝယ်ရတာ အရမ်း အဆင်ပြေစေပါတယ်။

...

Ma Yin Win Maw

WCC Star City

Wave ကိုအသုံးပြုရလွယ်ကူပြီး မည်သည့်နေရာမှမဆိုလွယ်ကူစွာ ငွေထုတ်နိုင်ပါတယ်။ ထို့အပြင် ဆိုင်များတွင် ငွေပေးချေမှုများကို Wave QR ကုဒ်ဖြင့် ပြုလုပ်နိုင်သည့်အတွက် ပိုမိုအဆင်ပြေစေပါတယ်

...

Ma Zuly Lay

WCC Star City

ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ

အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များမှ အမြဲတမ်း သင့်အား ဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။

 

 

 

 

...

Phone(for Atom Users )

900

...

Phone (for non-Atom Users )

09 790 009 000

Contact Form

Please enable JavaScript in your browser to complete this form.

Wavemoney © 2025. All rights reserved.Developed by B360

chat icon