Memories Group အနေဖြင့် ကူညီပံ့ပိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ငလျင်ဒဏ်သင့် ဒေသများဖြစ်သည့် ပျော်ဘွယ်၊ မန္တလေးနှင့် စိန်ပန်းဒေသများကို အဓိကထား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လှည့်လည်ကုသရေးဆေးခန်း (mobile clinic) များဖွင့်၍ လူနာများကို ကြည့်ရှုစောင့်ရှောက်ပေးခြင်း ၊ ကယ်ဆယ်ရေးအဖွဲ့များထံ ဘေးကင်းလုံခြုံရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးခြင်းအပြင် ထောက်ပံ့ရေးပစ္စည်းများကိုလည်း လိုအပ်နေသည့် နေရာများသို့ စနစ်တကျ ရောက်ရှိနိုင်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ရိုးမလုပ်ငန်းစု၏ အဖွဲ့ဝင်များဖြစ်သော Yoma Motors (Volkswagen Myanmar, Ducati, Mitsubishi, Shine Ray) မှ မော်တော်ယာဉ်များကို အခမဲ့ ပြုပြင်စစ်ဆေးပေးခြင်း ၊ Pun Hlaing Hospitals မှ အရေးပေါ်ဆေးဝါးများ ပေးခြင်းဖြင့် ကူညီပေးခဲ့ပါသည်။ ဒေသခံ မိတ်ဖက်များဖြစ်သည့် မြင့်မိုရ်ဦးဆေးဆိုင် (မန္တလေး) နှင့် Methodist Church အသင်းတော်၏ ကူညီမှုများအတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
ရိုးမလုပ်ငန်းစုမှ ငလျင်ဒဏ်သင့် ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် တတ်နိုင်သမျှ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။