သင့်ဆိုင်အတွက် အားကိုးရမယ့် ဒီဂျစ်တယ်လက်တွဲဖော်

Wave Zay Sine သည် Wave App အတွင်းရှိ မီနီအက်ပ် (Mini App) တစ်ခုဖြစ်ပြီး အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။ Wave Zay Sine က သင့်ဆိုင်မှာ မည်သည့် ဒီဂျစ်တယ်ငွေပေးချေမှုကိုမဆို လက်ခံနိုင်ဖို့ ကူညီထောက်ပံ့ပေးပြီး စတင်အသုံးပြုရန် ဘဏ်အကောင့် သို့မဟုတ် အခြား application တွေ အများကြီးရှိစရာ မလိုအပ်ပါ။ လမ်းမှာဖွင့်ထားတဲ့ ဆိုင်ငယ်လေးများမှစ၍ လက်လီအရောင်းဆိုင်ကြီးများအထိ ဘယ်လိုလုပ်ငန်းမျိုးကိုမဆို ချက်ချင်းအကောင့်ဖွင့်ပြီး မည်သည့်ဝယ်ယူသူ မဆို ဒီဂျစ်တယ်ငွေပေးချေမှုကို ချက်ချင်းလက်ခံနိုင်ပါတယ်။ မြန်ဆန်စွာအကောင့်ဖွင့်၍ လုံခြုံသောငွေပေးချေမှုများနှင့် မည့်သည့်ငွေပေးချေမှုမျိုးကိုမဆို လက်ခံနိုင်ခြင်း နည်းလမ်းများဖြင့် Wave Zay Sine သည် နေ့စဉ်စီးပွားရေးလိုအပ်ချက်များကို လွယ်ကူစေပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏လုပ်ငန်း လည်ပတ်မှုနှင့် တိုးတက်မှုအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နိုင်စေရန် ကူညီပေး ပါတယ်။

 

Wave Zay Sine ကို ဘာကြောင့် သုံးသင့်တာလဲ?

App တစ်ခုတည်းနဲ့ အကုန်အဆင်ပြေခြင်း
App တစ်ခုတည်းနဲ့ အကုန်အဆင်ပြေခြင်း

ဆိုင်ကရတဲ့ နေ့စဉ်ရောင်းရငွေနဲ့ ကိုယ်ရေးကိုယ်တာ သုံးစွဲမှုတွေကို...

App တစ်ခုတည်းနဲ့ အကုန်အဆင်ပြေခြင်း
App တစ်ခုတည်းနဲ့ အကုန်အဆင်ပြေခြင်း

ဆိုင်ကရတဲ့ နေ့စဉ်ရောင်းရငွေနဲ့ ကိုယ်ရေးကိုယ်တာ သုံးစွဲမှုတွေကို နေရာတစ်ခုတည်းမှာ သိမ်းထားနိုင်ပါတယ်။ Wave App တစ်ခုထဲကနေဘဲ သင့်ရဲ့ ငွေစာရင်းအားလုံးကို စီမံခန့်ခွဲလိုက်ပါ။

အလွယ်တကူနဲ့ ချက်ချင်းအကောင့်ဖွင့်နိုင်ခြင်း
အလွယ်တကူနဲ့ ချက်ချင်းအကောင့်ဖွင့်နိုင်ခြင်း

စာရွက်စာတမ်းတွေ အများကြီးဖြည့်စရာမလို၊ စောင့်ဆိုင်းစရာလည်း မလိုဘဲ...

အလွယ်တကူနဲ့ ချက်ချင်းအကောင့်ဖွင့်နိုင်ခြင်း
အလွယ်တကူနဲ့ ချက်ချင်းအကောင့်ဖွင့်နိုင်ခြင်း

စာရွက်စာတမ်းတွေ အများကြီးဖြည့်စရာမလို၊ စောင့်ဆိုင်းစရာလည်း မလိုဘဲ Wave App ထဲကနေ ကိုယ်တိုင် Wave Zay Sine Merchant အကောင့်ဖွင့်ပြီး စတင်အသုံးပြုနိုင်ပါတယ်။

QR တစ်ခုတည်းနဲ့ မည်သူ့ဆီကမဆို ငွေလက်ခံနိုင်ခြင်း
QR တစ်ခုတည်းနဲ့ မည်သူ့ဆီကမဆို ငွေလက်ခံနိုင်ခြင်း

ဆိုင်ကောင်တာမှာ QR တွေအများကြီး ထားစရာမလိုတော့ပါဘူး...

QR တစ်ခုတည်းနဲ့ မည်သူ့ဆီကမဆို ငွေလက်ခံနိုင်ခြင်း
QR တစ်ခုတည်းနဲ့ မည်သူ့ဆီကမဆို ငွေလက်ခံနိုင်ခြင်း

ဆိုင်ကောင်တာမှာ QR တွေအများကြီး ထားစရာမလိုတော့ပါဘူး။ Wave Zay Sine ရဲ့ MMQR ကိုသုံးပြီး အခြား ဘယ် Mobile Wallet ဒါမှမဟုတ် Banking App ကနေမဆို ငွေပေးချေမှုတွေကို လက်ခံနိုင်ပါတယ်။

ငွေပမာဏအများကြီး လက်ခံနိုင်ခြင်း
ငွေပမာဏအများကြီး လက်ခံနိုင်ခြင်း

ရောင်းအားတက်ဖို့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ...

ငွေပမာဏအများကြီး လက်ခံနိုင်ခြင်း
ငွေပမာဏအများကြီး လက်ခံနိုင်ခြင်း

ရောင်းအားတက်ဖို့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ Wave Zay Sine ဟာ ပုံမှန် Personal အကောင့်တွေထက် ပိုများတဲ့ ငွေပမာဏတွေကို MMQR ကနေတစ်ဆင့် လက်ခံခွင့်ပြုထားပါတယ်။

ကုန်ပစ္စည်းဖိုး အလွယ်တကူပေးချေနိုင်ခြင်း (Merchant အချင်းချင်း ငွေလွှဲခြင်း)
ကုန်ပစ္စည်းဖိုး အလွယ်တကူပေးချေနိုင်ခြင်း (Merchant အချင်းချင်း ငွေလွှဲခြင်း)

သင့် Wallet ထဲကနေ အခြားကုန်သည်နဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေဆီ ...

ကုန်ပစ္စည်းဖိုး အလွယ်တကူပေးချေနိုင်ခြင်း (Merchant အချင်းချင်း ငွေလွှဲခြင်း)
ကုန်ပစ္စည်းဖိုး အလွယ်တကူပေးချေနိုင်ခြင်း (Merchant အချင်းချင်း ငွေလွှဲခြင်း)

သင့် Wallet ထဲကနေ အခြားကုန်သည်နဲ့ ကုန်ပစ္စည်းပေးသွင်းသူတွေဆီ ချက်ချင်းငွေလွှဲပြီး ပစ္စည်းမှာယူတာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စ ငွေလွှဲတာပဲဖြစ်ဖြစ် အမြန်ဆုံးနဲ့ အလွယ်ဆုံးလုပ်ဆောင် နိုင်ပါတယ်။

Wave Zay Sine App မှာပါဝင်တဲ့ လုပ်ငန်းစဉ်များ

Wave Zay Sine

Wave App ထဲက Wave Zay Sine Mini App ကိုသုံးပြီး သင့်လုပ်ငန်းကို Wave Merchant အဖြစ် အလွယ်တကူ မှတ်ပုံတင်လိုက်ပါ။ ဘယ်လိုစတင်ရမလဲဆိုတာကိုတော့ အဆင့်ဆင့်ပြသထားတဲ့ ဒီအသုံးပြုမှုလမ်းညွှန်မှာ ကြည့်ရှုနိုင်ပါတယ်။

ကုန်သည် အချင်းချင်း ငွေပေးချေခြင်း

ကုန်ပစ္စည်းပေးသွင်းသူတွေဆီ
ကို ငွေသားကိုင်စရာမလိုဘဲ ချက်ချင်း ငွေလွှဲပေးချေနိုင်ပါတယ်။ ကုန်သည်အချင်းချင်း အဆင်ပြေပြေ ငွေလွှဲနည်းကို ဒီအသုံးပြုမှုလမ်းညွှန်မှာ အသေးစိတ် လေ့လာလိုက်ပါ။

ဘဏ် အကောင့်အား ချိတ်ဆက်ခြင်း

လုပ်ငန်းသုံးငွေကြေးတွေကို ပိုမိုလုံခြုံစိတ်ချစွာ စီမံနိုင်ဖို့ သင့်အကောင့်ကို ရိုးမဘဏ်နဲ့ ချိတ်ဆက်လိုက်ပါ။ ဒီအသုံးပြုမှုလမ်းညွှန်ကိုကြည့်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဘဏ်အကောင့်ကို အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။

ငွေသားထုတ်ယူခြင်း

လုပ်ငန်းကရတဲ့ ဝင်ငွေတွေကို အနီးနားက Wave Agent ဆိုင်တွေမှာ အချိန်မရွေး ငွေသားအဖြစ် ထုတ်ယူနိုင်ပါတယ်။ အခက်အခဲမရှိ ငွေထုတ်ယူနိုင်ဖို့ ဒီအသုံးပြုမှုလမ်းညွှန်ထဲက အဆင့်တွေကို လိုက်နာဆောင်ရွက်ပေးပါ။

Merchant အက်ပ်ကို အသုံးပြုနိုင်ခြင်း

လုပ်ငန်းလည်ပတ်မှုတွေကို လွယ်လွယ်ကူကူ စီမံနိုင်ဖို့အတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက်အစုံအလင်ကို အက်ပ်တစ်ခုတည်းမှာ အသုံးပြုနိုင်ပါတယ်။ Merchant App ရဲ့ လုပ်ဆောင်ချက်တွေကို ကျွမ်းကျင်စွာသုံးနိုင်ဖို့ ဒီအသုံးပြုမှုလမ်းညွှန်ကို ဖတ်ကြည့်ပါ။

QR Code နဲ့ ငွေပေးချေခြင်း

ဘယ် Digital Wallet ကမဆို MMQR နဲ့ ငွေပေးချေမှုတွေကို လက်ခံပြီး သင့်အရောင်းကို မြှင့်တင်လိုက်ပါ။ QR စနစ်နဲ့ ငွေလက်ခံနည်းအသေးစိတ်ကိုတော့ ဒီအသုံးပြုမှုလမ်းညွှန်မှာ လေ့လာနိုင်ပါတယ်။

ဘဏ်သို့ ငွေလွှဲပြောင်းခြင်း

နေ့စဉ်အရောင်းရငွေတွေကို ရိုးမဘဏ်အကောင့်ထဲသို့ အလွယ်တကူ ပြောင်းရွှေ့သိမ်းဆည်းနိုင်ပါတယ်။ ဘဏ်ထဲကို ငွေလွှဲပြောင်းတဲ့ အဆင့်ဆင့်ကိုတော့ ဒီအသုံးပြုမှုလမ်းညွှန်မှာ ကြည့်ရှုပေးပါ။

ငွေလွှဲ မှတ်တမ်း

လုပ်ငန်းတိုးတက်ဖို့အတွက် အရောင်းမှတ်တမ်းတွေကို အသေးစိတ်ပြန်စစ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပါ။ အရောင်းအစီရင်ခံစာတွေကို ဘယ်လိုစစ်ဆေးရမလဲဆိုတာကို ဒီအသုံးပြုမှုလမ်းညွှန်မှာ လေ့လာနိုင်ပါတယ်။

App Linkage

ငွေလွှဲပြောင်းမှုတွေ ပိုမိုလွယ်ကူစေဖို့ Merchant App နဲ့ ကိုယ်ပိုင် Wave App ကို ချိတ်ဆက်လိုက်ပါ။ အကောင့်နှစ်ခုကို အောင်မြင်စွာ ချိတ်ဆက်နိုင်ဖို့ ဒီအသုံးပြုမှုလမ်းညွှန်ထဲက အဆင့်တွေကို ကြည့်လိုက်ပါ။

လွယ်ကူစွာအကောင့်ဖွင့်ခြင်း

စာရွက်စာတမ်းအများကြီးမလိုဘဲ Wave App ထဲမှာတင် Wave Zay Sine အကောင့်ကို အမြန်ဆုံး လျှောက်ထားနိုင်ပါတယ်။ အကောင့်ဖွင့်နည်း အဆင့်ဆင့်လမ်းညွှန်ကိုကြည့်ပြီး သင့်ဆိုင်ကို ဒီဂျစ်တယ်ငွေလက်ခံစနစ်နဲ့ အခုပဲ စတင်လိုက်ပါ။

အသုံးပြုပုံလမ်းညွှန်ကြည့်ရန်

မြန်ဆန်စွာစတင်အသုံးပြုခြင်း

ခွင့်ပြုချက်ရပြီဆိုတာနဲ့ စတင်အသုံးပြု ငွေလက်ခံနိုင်ဖို့ သင့်အကောင့်ကို ချက်ချင်း Activate လုပ်ပါ။ ရောင်းအားတွေတက်ဖို့အတွက် အကောင့် ဘယ်လို Activate လုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

 

အသုံးပြုပုံလမ်းညွှန်ကြည့်ရန်

ကုန်စုံဆိုင်

စားသောက်ဆိုင်

အဝတ်အစားဆိုင်၊ ဖက်ရှင်ဆိုင်

အလှပြင်ဆိုင်၊ အလှကုန်ဆိုင်

ဆေးဆိုင်

အိမ်သုံးပစ္စည်းဆိုင်

မော်တော်ယာဉ်စက်ပစ္စည်းဆိုင်၊ ယာဉ်ပြင်ဆိုင်

အသီးအနှံဆိုင်၊ ငါး၊ အသားဆိုင်

ဖုန်းလျှပ်စစ်ပစ္စည်းအရောင်း နှင့် ပြင်ဆိုင်များ

အသုံးပြုနည်း လမ်းညွှန်ချက်

Protected your Wave Account
Pay bill with Wave & win up to 5 Lakhs
Step-by-step cash-in , cash-out from Wave account

မေးလေ့မေးထရှိသော မေးခွန်းများ

Wave Zay Sine သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် မည်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများကိုမဆို အဆင်ပြေစွာလက်ခံနိုင်ဖို့နဲ့ နေ့စဉ်လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်လွယ်ကူ လုံခြုံစွာဆောင်ရွက်နိုင်ဖို့အတွက် လွယ်ကူမြန်ဆန်စွာလျှောက်ထားပြီး Wave Merchant တစ်ယောက်ဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။

Wave Zay Sine သည်မြန်ဆန်စွာစတင်အသုံးပြုနိုင်ခြင်း၊ ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းကို လက်ခံနိုင်ခြင်း၊ တစ်နေရာထဲတွင် ကိုယ်ရေးကိုယ်တာနှင့်လုပ်ငန်းငွေများကိုစီမံခန့်ခွဲနိုင်ခြင်း၊ ပိုများသော ငွေလွှဲပမာဏဖြင့် လုပ်ငန်းကို ချဲ့ထွင်နိုင်ခြင်းတို့အတွက် အထောက်အကူဖြစ်ပါတယ်။

 

Wave Zay Sine ဖွင့်ရန်လိုအပ်သောအချက်များနှင့် အတည်ပြုရန်ကြာချိန်မှာ –“ယခုလျှောက်ထားရန်” ကိုနှိပ်ပြီး Wave MMQR ကုန်သည်အဖြစ် စာရင်းသွင်းရာတွင် သင်၏စတိုးဆိုင်နှင့် ထုတ်ကုန်များ၏ ဓာတ်ပုံများနှင့်အတူ သင့်အချက်အလက်များကို ဖြည့်စွက်ရန်လိုပါတယ်။ အတည်ပြုပြီးနောက်၊ MMQR ငွေပေးချေမှုများကို စတင်လက်ခံရန် Activate ပြုလုပ်ရပါမယ်။ စစ်ဆေးအတည်ပြုချိန်သည် အကြာဆုံး ၇၂ နာရီဖြစ်ပါတယ်။

 

သင်၏ Wave အက်ပ်သည် နောက်ဆုံးဗားရှင်း (ဗားရှင်း 2.5) ဖြစ်ရပါမည်။ နောက်ဆုံးဗားရှင်းအက်ပ် အသုံးပြုသူများသာ အသုံးပြုရန် WZS mini app နှင့် banner ကို မြင်နိုင်ပါသည်။

 

Wave Zay Sine ကုန်သည်အဖြစ် စာရင်းသွင်းရန်၊ မှန်ကန်သော NRC၊ တိုက်ရိုက်ချက်ချင်းရိုက်သော ရှင်းလင်းသည့်ဆိုင်ပုံ၊ Wave App အတည်ပြုပြီးသောအသုံးပြုသူ (Verified User) ဖြစ်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်နှင့် Wave အကောင့်ပိုင်ရှင်သည် တူညီသောလူဖြစ်ရမယ် (မကိုက်ညီပါက အချက်အလက်များကို ပြန်လည်စာရင်းသွင်းခြင်းဖြင့် ပြင်ပေးနိုင်ပါတယ်။)

 

What Our Client Say

Wave MMQR ကို အသုံးပြုရတာ ကျွန်တော်တို့ရဲ့ customer တွေအတွက်ကော ကျွန်တော်တို့အတွက်ကော အရမ်းကို အဆင်ပြေပါတယ်။ Customer တွေအနေနဲ့ QR code တစ်ခုတည်း ကိုသုံးပြီး mobile wallet အမျိုးမျိုးနဲ့ mobile banking တွေကနေ ငွေပေးချေမှုပြုလုပ်နိုင်တဲ့အတွက် အရမ်းကို လွယ်ကူချောမွေ့စေပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း QR code တစ်ခုတည်းနဲ့ ငွေပေးချေမှုတွေကို လက်ခံနိုင်တဲ့အတွက် လုပ်ငန်းလည်ပတ်မှုအပိုင်းမှာ ပိုပြီး မြန်ဆန် သွက်လက်စေပါတယ်။

...

U Aung Thu Han

Horizon Restaurant & Pun Hlaing Golf Club

ကျွန်မတို့ဆိုင်မှာ customer တွေက Wave MMQR နဲ့ အလွယ်တကူ ငွေပေးချေနိုင်တဲ့အတွက် ကျွန်မတို့အနေနဲ့ customer တွေကို ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။ Wave MMQR ကို အသုံးပြုတဲ့ အတွက် Merchant အက်ပ်ကနေတစ်ဆင့် ငွေလက်ခံမှု လုပ်ငန်းစဉ်တွေ၊ ငွေလွှဲမှတ်တမ်းတွေကိုလည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့အတွက် ငွေအဝင်၊အထွက် မှတ်တမ်းစာရင်းတွေကိုလည်း လွယ်ကူ လျင်မြန်စွာ စာရင်းပြုစုနိုင်ပါတယ်။

...

Ma Chaw Su

American Collection

Wave MMQR က သုံးစွဲသူတွေအတွက်ကော ကျွန်တော်တို့ merchant တွေအတွက်ကော user-friendly ဖြစ်စေပါတယ်။ ကျွန်တော်တို့ merchant တွေအတွက် သုံးရတာ အရမ်းလွယ်ကူပြီး ထိရောက်တဲ့ ငွေပေးချေခြင်း ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

...

Ko Ye Naung

Archway Bristro

Wavemoney © 2026. All rights reserved.Developed by B360

chat icon