မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းအားများငလျင်ဘေးဒဏ်ကြောင့် ကြီးမားသောဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရသောပြည်သူများနဲ့ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။
ထို့ကြောင့် လက်ရှိအခြေအနေများတွင် Wave အနေနဲ့ ပြည်သူများအား ကူညီနိုင်ရန် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ မြို့များတွင်
ငွေသားထုတ်ယူမှုလွယ်ကူအဆင်ပြေစေရန်
- သတ်မှတ်ထားတဲ့ Wave အေးဂျင့်ဆိုင်များတွင် Wave အကောင့်မှ အခမဲ့ ငွေထုတ်ယူခြင်း နှင့် ငွေလွှဲခြင်း နှင့်
- Wave အကောင့်မှ ငလျင်ဒဏ်သင့်ဒေသရှိ ငွေလက်ခံမည့်သူ၏အကောင့်အားတိုက်ရိုက်မဟုတ်ပဲ အေးဂျင့်မှတစ်ဆင့်ထုတ်ယူနိုင်ရန် ငွေလွှဲပါက ငွေလွှဲခနှုန်းထား အားပြန်လည်ရရှိခြင်း စသည်တို့ကို အလွယ်တကူလုပ်ဆောင်နိုင်ပါပြီ။
အခမဲ့ ဝန်ဆောင်ခရယူနိုင်တဲ့ ကာလ – ဧပြီလ- ၂၁ ရက်နေ့အထိ
ငွေထုတ်ယူနိုင်သော ဆိုင်များ Link
ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ယခု LINK မှာကြည့်နိုင်ပါတယ်။