မန္တလေး၌ မနေ့ညက မိုးများသည်းထန်စွာရွာသွန်းပြီး ငလျင်ဒဏ်သင့်ဒေသများတွင် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုများ ရှိနေသေးသော်လည်း Yoma Group ၏ လုပ်အားပေးအဖွဲ့များသည် အစားအသောက်၊ ရေသန့်၊ ခြင်ထောင်၊ စောင်နှင့် အဝတ်အထည်များ ပါဝင်သည့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို လိုအပ်နေသူများထံ ဆက်လက်ပေးပို့လျက်ရှိပါသည်။ မကြာမီတွင် နောက်ထပ်လုပ်အားပေးအဖွဲ့များနှင့် ထောက်ပံ့ရေးပစ္စည်းများလည်း ထပ်မံရောက်ရှိလာဦးမှာ ဖြစ်ပါသည်။
အခက်အခဲများ ရှိနေသည့်ကြားမှ ကူညီပံ့ပိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ပေးနေသည့် ကျွန်ုပ်တို့၏ လုပ်အားပေး ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
Wave Money မှ ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိ
ခက်ခဲနေချိန်တွင် လက်တွေ့ကျပြီး ထိရောက်မှုရှိသော ထောက်ပံ့မှုများပေးနိုင်ရန် အရေးကြီးပါသည်။ ငလျင်ကြောင့် ထိခိုက်ခံစားနေရသော ဒေသခံများအတွက် Wave Money မှ အရေးပေါ်ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများကို စတင်ဆောင်ရွက်လျက်ရှိပြီး ဒေသခံများအနေဖြင့် ငွေလွှဲ၊ ငွေလက်ခံနိုင်ရန်နှင့် ငွေသားများ ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
Wave Money မှ နိုင်ငံတစ်ဝှမ်းရှိ ငလျင်ဒဏ်သင့်ဒေသများတွင် အောက်ပါ အရေးပေါ်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါသည်။
အခမဲ့ငွေကြေးဝန်ဆောင်မှုများ
- ငလျင်ဒဏ်သင့် ဒေသများရှိ Wave အေးဂျင့်များတွင် အခမဲ့ငွေထုတ်ယူနိုင်ခြင်း
- အခြားဒေသများရှိ သတ်မှတ်ထားသော Wave အေးဂျင့်များတွင် အခမဲ့ ငွေလွှဲနိုင်ခြင်း
- ငလျင်ဒဏ်သင့် ဒေသများသို့ Wave ဖြင့် ငွေလွှဲထားသူများထံ ငွေလွှဲခ ပြန်အမ်းပေးခြင်း
မန္တလေး၊ စစ်ကိုင်း ၊ နေပြည်တော်နှင့် အင်းလေးဒေသများတွင် Wave Care Center Mobile Vehicle (ရွေ့လျား ဝန်ဆောင်မှု) ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။
- ငွေသားရရှိရန် ခက်ခဲနေသော ကာလတွင် မြို့တွင်းနေရာများ၌ အခမဲ့ငွေထုတ်ယူနိုင်ခြင်း
- ဖုန်းဘေလ်ဖြည့်ပေးခြင်း
- အကောင့်အသစ်ဖွင့်ပေးခြင်း
Wave Money အနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် လွယ်ကူပြီး ယုံကြည်စိတ်ချရသော ငွေကြေးဝန်ဆောင်မှုများ ရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါသည်။