“Wave နဲ့ Flymya မှ ငွေရှင်းတိုင်း ၁၀,၀၀၀ ကျပ်လျှော့ဈေး လက်ဆောင်ရမယ် – November 2025”
၁။ အစီအစဉ်အသေးစိတ်
(က) ပါဝင်ဆင်နွှဲနိုင်သူများ
WAVE ၏ customer အားလုံး ဤအစီစဉ်တွင် ပါဝင်လို့ရပါသည်။
(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ်
နိုဝင်ဘာလ တစ်လလုံး Flymya မှာ ပြည်တွင်းပြည်ပ လေယာဥ် လက်မှတ်တွေကို WAVE နဲ့ဝယ်ယူမယ်ဆိုရင် ၁၀,၀၀၀လျော့စျေး ရယူနိုင်မှာပါ – ငွေရှင်းတဲ့အခါ Promo Code: WFNOV25 ကို ထည့်ပြီး လျှော့ဈေးယူလိုက်ပါ။
✅ Flymya Website (ဒါမှမဟုတ်) Flymya App မှာ လေယာဉ်လက်မှတ်ရွေးဝယ်ပြီး Wave နဲ့ငွေရှင်းပါ ဒါမှမဟုတ်
✅ Wave App ထဲက Flymya ကနေ တိုက်ရိုက်ဝယ်ပါ။
(ဂ) အကျိုးခံစားခွင့်
Flymya မှ ပြည်တွင်းပြည်ပ လေယာဥ်လက်မှတ်တွေကို Wave နဲ့ဝယ်ယူတိုင်း ၁၀,၀၀၀ ကျပ်ထိ လျော့စျေးရယူနိုင်မှာပါ။
ဒါ့အပြင် Promo code သုံးထားကြောင်းပြပြီး ပြည်ပဟိုတယ်တွေအတွက် ဘိုကင် လုပ်ရင် နောက်ထပ် ၁၀ ရာခိုင်နှုန်း နဲ့ ပြည်တွင်းဟိုတယ်အတွက်ဆို ၅ ရာခိုင်နှုန်း လျှော့စျေး ထပ်ရဦးမှာပါ။
(ဃ) သတ်မှတ်ချက်
- ၁၀,၀၀၀ MMK ကျပ်ဖိုး – လူတစ်ယောက်ကို တစ်ကြိမ်သာ နဲ့ မဆုံး အသုံးပြုသူ customer ၂၀၀ အတွက်သာ ဖြစ်ပါသည်။
(င) အစီအစဥ်၏သတ်မှတ်ကာလ – ၂၀၂၅ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ။
၂။ အခြားစည်းမျဉ်းစည်းကမ်းများ
(က) ဆုလက်ဆောင် ကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။
(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။
(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။
(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။
(င) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။
(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။
(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။
(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။
(ည) အကောင့်များ ရပ်တန့်နေ၍ ပြန်အမ်းငွေပြန်လည်ထည့်သွင်း၍ မရပါက သုံးစွဲသူသည် ပရိုမိုးရှင်း ပြန်အမ်းငွေများကို လုပ်ငန်းစဉ်ဆောင်ရွက်ပြီးချိန်မှ ၄၅ ရက်အတွင်း Wave Money Customer Care အားဆက်သွယ်တောင်းဆိုနိုင်ပါသည်။ ၄၅ ရက်ကျော်လွန်သွားသော ပြန်အမ်းငွေများအား ထပ်မံတောင်းဆိုနိုင်ခြင်းမရှိတော့ပါ။