WAVE အကောင့်သစ်ဖွင့်၊ Cashback များများ ယူပစ်

WAVE အကောင့်သစ်ဖွင့်၊ Cashback များများ ယူပစ်

Cashback တွေ ရယူဖို့အတွက် WAVE အက်ပ်ကို ဒေါင်းလုတ် လုပ်ပြီး မိတ်ဆွေရဲ့ လက်ရှိသုံးနေတဲ့ မှတ်ပုံတင်ထားပြီးသား ဖုန်းနံပါတ်နဲ့ အကောင့်သစ်ဖွင့်ပါ

အကောင့် အတည်ပြုပြီး ၃ ရက်အတွင်း WAVE အက်ပ်ထဲမှာ  ဖုန်းဘေလ်ဖြည့်တာ ဒါမှမဟုတ် ဘေလ် ပေးဆောင်တာကို ၃,၀၀၀ ကျပ်နဲ့အထက် ပေးချေလိုက်ရုံနဲ့ ပြန်အမ်းငွေ ၁,၀၀၀ ကျပ် ချက်ချင်းရရှိမှာ ဖြစ်ပါတယ်။ ​

ဒီတော့  ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ WAVE အကောင့်မဖွင့်ရသေးတဲ့ မိတ်ဆွေတွေရှိရင်လည်း ဒီသတင်းလေးကို လက်တို့ပြီးတော့ ပြောလိုက်ဦးနော်

ပရိုမိုးရှင်း စည်းမျဉ်းစည်းကမ်းအသေးစိတ်အား ကြည့်လိုက်ပါ

“WavePay အကောင့်ဖွင့်လှစ်ပြီး ပြန်အမ်းငွေ 1000 ကျပ် အထိ ရရှိနိုင်မည့်အစီအစဉ်

အစီအစဉ်အသေးစိတ်

(က) ပါဝင်ဆင်နွှဲနိုင်သူများ 2025 December 1 မှ December 31 ရက်နေ့အတွင်း Wave အကောင့်ဖွင့်လှစ်သော WavePay အသုံးပြုသူအားလုံး ယခုအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(ခ) ပြုလုပ်ရမည့်လုပ်ငန်းစဉ် – 2025 December 1 မှ December 31 ရက်နေ့အတွင်း Waveအကောင့်ဖွင့်လှစ်သူများသည် အောက်ပါလုပ်ငန်းစဉ်များကိုပြုလုပ်ရပါမည်။

အကောင့်ဖွင့်လှစ်သည့်နေ့မှစ၍ ၃ ရက်အတွင်း နှစ်သက်ရာ ဖုန်းဘေလ်  သို့မဟုတ် ဘေလ်ပေးဆောင်ခြင်း ကို ၃၀၀၀ ကျပ်နှင့်အထက် ပြုလုပ်ပါ က “ပြန်အမ်းငွေ ၁၀၀၀ ကျပ်” ရပါမည်

(ဂ) အကျိုးခံစားခွင့်
၁။ အကောင့်ဖွင့်လှစ်ပြီး ငွေသွင်းခြင်းပြီးမြောက်သော Waveအကောင့်များအား ရုံးဖွင့်ရက် (၅) ရက်အတွင်း ပြန်အမ်း‌ငွေကို ထည့်သွင်းပေးသွားပါမည်။

(ဃ) သတ်မှတ်ချက် – အမှတ်စဥ် (ခ) တွင်ဖော်ပြထားသောပြုလုပ်ရမည့် လုပ်ငန်းစဥ်ကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်လုပ်ဆောင်မှသာ ဤအစီအစဥ်တွင် အကျုံးဝင်ပါမည်။

 

(င) အစီအစဥ်၏သတ်မှတ်ကာလ/အကောင့်ဖွင့်ရမည့်ကာလ 2025 October 1 မှ December 31 အထိ။

(စ) ပြန်အမ်းငွေရရှိနိုင်မည့်ကာလအစီအစဥ်၏ အထက်ပါစည်းကမ်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် ကံထူးရှင်များ၏ Wave အကောင့်များသို့ သတ်မှတ်ပြန်အမ်းငွေဆုလက်ဆောင်များကို ရုံးဖွင့်ရက် ၅ရက် (စနေ တနင်္ဂနွေ နှင့် အများပြည်သူအလုပ်ပိတ်ရက်များမပါသော) အတွင်း ပြန်လည်ထည့်သွင်းပေးမည်ဖြစ်ပါသည်။

၂။ အခြားစည်းမျဉ်းစည်းကမ်းများ

(က) ပြန်အမ်းငွေကို တိုက်ရိုက် ချီးမြှင့်ပေးသွားမည်ဖြစ်ရာ တစ်ဆင့်ခံပေးပို့ခြင်း၊ ညှိနှိုင်းခြင်း၊ ငွေကြေးနှင့် ဖလှယ်ခြင်းများကို လက်ခံမည် မဟုတ်ပါ။ ဆုလက်ခံရန် စည်းကမ်းများနှင့် မညီညွတ်သူများအား Wave Money မှ ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။

(ခ) ယခုအစီအစဥ်တွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ၊ နိုင်ငံသားခံယူထားရာ နိုင်ငံများမှ ဥပဒေအရ တားမြစ်ထားသူများ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

(ဂ) ယခုအစီအစဉ်မှာ ပါဝင်နိုင်ရန် မည်သည့်အခကြေးငွေမှပေးရန် မလိုအပ်ပါ။ အထူးသတိပြုရန်မှာ Wave Money Call Center နှင့် တကွ ဝန်ဆောင်မှုပေးသောသူများသည် အသုံးပြုသူများ၏ PIN (သို့) OTP များကို မေးမြန်ခြင်းပြုမည်မဟုတ်ပါ။ တစ်စုံတစ်ဦးမှမေးမြန်းလာပါက ဖြေကြားခြင်းမပြုပါနှင့်။

(ဃ) ယခုအစီအစဉ်တွင် ပါဝင်ထားသောသူများမှ မျှဝေထားသော ရုပ်ပုံ၊ ဗီဒီယို၊ စာ နှင့် အခြား အကြောင်းအရာများကို Wave Money မှ ပြန်လည်တည်းဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်းများတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တစ်ဆင့်အရောင်းမြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ Wave Money မှအခွင့်အရေးရရှိပြီး ဖြစ်ပါသည်။

(င) အထက်ဖော်ပြပါ အချက်များအပြင် Wave Money သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(စ) မသမာသော လုပ်ငန်းစဥ်လုပ်ဆောင်မှုများ၊ ပြန်အမ်းငွေရရှိစေရန်သာ ရည်ရွယ်၍ လုပ်ဆောင်ထားသော လုပ်ငန်းစဥ်များ တွေ့ရှိရပါက ပြန်အမ်းငွေအား ထည့်သွင်းပေးမည်မဟုတ်ပါ။

(ဆ) အထက်ဖော်ပြပါ အချက်များအပြင် Wave Money ၏ စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုဘဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပရိုမိုရှင်းအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(ဇ) အငြင်းပွားမှု တစ်စုံတစ်ခုပေါ်ပေါက်လာပါက Wave Money အဆုံးအဖြတ်သာလျှင် နောက်ဆုံးအတည်ဖြစ်သည်။

(ဈ) အသေးစိတ်အချက်အလက်များအား ဆက်သွယ်မေးမြန်းလိုပါက 900 (ATOM နံပါတ်) နှင့် 09 79000 9000 (အခြားအော်ပရေတာအသုံးပြုသူများ) ကို ခေါ်ဆို မေးမြန်းနိုင်ပါသည်။ email – [email protected] ကိုလည်း ဆက်သွယ်နိုင်ပါသည်။

Icon
promotion brief

WAVE အကောင့်အသစ်ဖွင့်သူတိုင်းကို Cashback ပေးနေပါပြီ

Icon
promotion period

01 Dec - 31 Dec 2025

Icon
shop name

WAVE App

share on:

Wavemoney © 2025. All rights reserved.Developed by B360

chat icon