လုံခြုံသောငွေလွှဲလုပ်ငန်းစဉ်များအတွက် Device Authorization

Device Authorization စနစ်သည် Wave အကောင့် သုံးစွဲသူများ၏ အကောင့်လုံခြုံမှုရှိစေရန် အကောင့်တစ်ခုကို ဖုန်းတစ်ခုတည်းနှင့်သာ ချိတ်ဆက်ထားနိုင်ပြီး ကိုယ်တိုင်အတည်ပြု လုပ်ဆောင်ခြင်းမှအပ အခြားသောသူများ မိမိတို့ Wave အကောင့်ကို ခွင့်ပြုချက်မရှိဘဲ (တရားမဝင်) ဝင်ရောက်မှုများကို ထိထိ‌ရောက်ရောက် ကာကွယ်ပေးပါသည်။ မိမိတို့ရဲ့ Wave အကောင့်ကို ဖုန်းအဟောင်းမှအသစ်သို့ ပြောင်းရွှေ့အသုံးပြုသည့်အခါ Device Authorization ဖြင့် ကိုယ်တိုင်အတည်ပြု လုံခြုံစွာစီမံခန့်ခွဲနိုင်ပါသည်။

Wave အကောင့်ကို ဖုန်းအသစ်သို့ မှတ်ပုံတင်အသုံးပြု၍ ပြောင်း‌ရွှေ့အတည်ပြုခြင်း

Device Authorization Feature ဖြင့် သင့် Wave အကောင့်ကို ဖုန်းအဟောင်းမှ ဖုန်းအသစ်သို့ အလွယ်တကူ လုံခြုံစိတ်ချစွာ ပြောင်းရွှေ့နိုင်ပါတယ်။ သင့်ဖုန်းအဟောင်းနှင့် လုပ်ဆောင်ဖို့မဖြစ်နိုင်သည့် အခြေအနေများတွင် Wave အကောင့်ဖွင့်ခဲ့စဉ်က အသုံးပြုထားသော မှတ်ပုံတင်နံပါတ်အား ဖုန်းအသစ်တွင် ဖြည့်စွက်ခြင်းဖြင့် လွယ်ကူစွာ ပြောင်းရွှေ့နိုင်ပါသည်။

မှတ်ပုံတင်အသုံးပြု၍ ဖုန်းအသစ်တွင် Wave အကောင့်ပြောင်းရွှေ့ခြင်း

1
အဆင့် (၁)

 ဖုန်းအသစ်တွင် Wave App ကိုဖွင့်၍ Wave အကောင့်မှတ်ပုံတင်ထားခဲ့သောဖုန်းနံပါတ်အား ရိုက်ထည့်ပါ။

2
အဆင့် (၂)

သင့်ဖုန်းနံပါတ်သို့ SMS ဖြင့် လက်ခံရရှိသော OTP နံပါတ် ၆ လုံးအား ရိုက်ထည့်ပါ။

3
အဆင့် (၃)

လျှိ့ဝှက် PIN  နံပါတ် ဂဏန်း ၄ လုံး အား ရိုက်ထည့်ပါ။

4
အဆင့် (၄)

ဖုန်းအသစ်မှ ဖုန်းအဟောင်းသို့ အသုံးပြုခွင့် တောင်းခံသည့် စာမျက်နှာအား တွေ့မြင်ရပါမည်။ ဖုန်းအသုံးပြုခွင့်အား ဖုန်းအသစ်မှ အတည်ပြုလုပ်ဆောင်ရန် မှတ်ပုံတင်ဖြင့် အတည်ပြုခြင်းအား နှိပ်ပါ။ (ဖုန်းအသုံးပြုခွင့်ပေးခြင်းအား ၂၄နာရီအတွင်း ပြုလုပ်ရပါမည်။ ၂၄နာရီကျော်ပါက နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ရပါမည်။)

5
အဆင့် (၅)

 မှတ်ပုံတင် နံပါတ်အား ဖြည့်စွက်ပါ။ မှတ်ပုံတင်နံပါတ်သည် Wave အကောင့် ဖွင့်ထားသည့်နံပါတ်နှင့် ကိုက်ညီရပါမည်။

6
အဆင့် (၆)

ခွင့်ပြုချက် အောင်မြင်စွာအတည်ပြုပြီးကြောင်း မြင်တွေ့ရမှာဖြစ်ပြီး ပင်မစာမျက်နှာသို့ ‌လမ်းညွှန်သွားမည်ဖြစ်သည်။

7
အဆင့် (၇)

Wave အကောင့်ရဲ့ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။

Wavemoney © 2025. All rights reserved.Developed by B360

chat icon