AWS Community Day 2024 တွင် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အနာဂတ်ကို အားဖြည့်ပေးခြင်း!

Date : Dec 14, 2024
AWS Community Day 2024 တွင် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အနာဂတ်ကို အားဖြည့်ပေးခြင်း!

Wave Money အနေဖြင့် AMCHAM Myanmar ၏ ပူးပေါင်းအဖွဲ့အစည်းအဖြစ်နှင့် AWS နှင့် AWS User Group Myanmar (AWSUGMM) တို့မှ ဦးဆောင်ကျင်းပသည့် AWS Community Day Myanmar 2024 ၏ စပွန်ဆာတစ်ခုအဖြစ် ပါဝင်ခဲ့သည်ကို ဂုဏ်ယူစွာဖြင့် ကြေညာပါသည်။

ယခုပွဲတွင် နည်းပညာဆိုင်ရာဟောပြောပွဲများ၊ Workshop များနှင့် လက်တွေ့လေ့ကျင့်ခန်းများမှတစ်ဆင့် အပြန်အလှန်သင်ယူမှုကို မြှင့်တင်ရန်နှင့် Cloud နည်းပညာပညာရှင်များကို အားပေးရန် စီစဥ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည်။

Wave ၏ Chief Technology Officer ဖြစ်သူ ကိုထင်လှိုင်သည် အဓိကဟောပြောပွဲပြောခွင့်ရသူအဖြစ် ပါဝင်ခဲ့ပြီး Big Data နယ်ပယ်တွင် သူ၏ ၁၇ နှစ်တာ စွမ်းဆောင်မှုများနှင့် AWS ဖြင့် Data Platforms များကို ပြောင်းလဲခြင်းဆိုင်ရာ အမြင်များကို မျှဝေခဲ့သည်။ အဆိုပါ ဟောပြောချက်များတွင် လုံခြုံပြီး ထိရောက်မှုရှိသည့် ဒီဂျစ်တယ်စနစ်များတည်ဆောက်ရာတွင် Cloud နည်းပညာများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပြီး Wave Money အနေဖြင့် ဤလုပ်ငန်းစဉ်ကို ကြိုဆိုနေသည်ကို ဂုဏ်ယူစွာဖြင့် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် လူတိုင်းပါဝင်နိုင်မှုကို မြှင့်တင်ပေးသည့် လုပ်ငန်းစဉ်များအား Wave Money မှ အားပေးကူညီနိုင်သည်ကို ဂုဏ်ယူပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon