Wave Money ၏ (၈) နှစ်ပြည့် အောင်မြင်မှု အထိမ်းအမှတ်သည် မြန်မာနိုင်ငံအနှံ့အပြားနှင့် နိုင်ငံပြင်ပရှိ လူမှုဘဝများကို ချိတ်ဆက်ပေးလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနှင့် ကတိကဝတ်များဖြင့် လျှောက်လှမ်းလျက်ရှိသော ကျွန်ုပ်တို့၏ ခရီးမှတ်တိုင်များကို ဂုဏ်ယူစွာဖြင့် ထင်ဟပ်စေပါသည်။ ကျွန်ုပ်တို့ Wave Money အနေဖြင့် (၈)နှစ်ပြည့်တိုင် ကောင်းကျိုးရလဒ်များကို ဆောင်ယူလာနိုင်သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါသည်။
ကျွန်ုပ်တို့အား ယနေ့ထိတိုင် ခိုင်မာသော ယုံကြည်မှုဖြင့် အားပေးပံ့ပိုးမှုများအတွက် Wave Money ၏ မိတ်ဖက်များ၊ အေးဂျင့်များ၊ Merchant များ နှင့် နိုင်ငံ၏ ပြည်တွင်း၊ပြည်ပမှ သုံးစွဲသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ မိတ်ဆွေတို့၏ ယုံကြည်အားထားမှုသည် ကျွန်ုပ်တို့ Wave Money အနေဖြင့် ရှေ့ဆက်၍ အောင်မြင်မှုခရီးမှတ်တိုင်များကို စိုက်ထူနိုင်ရန်အတွက် အဓိကအရေးပါသော ခွန်အားတစ်ခုပင် ဖြစ်သည်။ Wave Money ကို စဉ်ဆက်မပြတ်ပံ့ပိုးပေးမှုနှင့် အနှစ်သက်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှု အဖြစ် ရွေးချယ်ပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။
Wave Money အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကောင်းများကို တိုးမြှင့်ပေးစွမ်းသွားရန်၊ ကျွန်ုပ်တို့၏ အကျယ်ပြန့်ဆုံးသော ကွန်ရက်ကို ပိုမိုချဲ့ထွင်နိုင်ရန်နှင့် ကျွန်ုပ်တို့နှင့် ပတ်သက်ဆက်နွယ်သူများ၏ ခေတ်နှင့်အညီ ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် ကတိပြုအပ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီဂျစ်တယ်သုံးစွဲမှုနှုန်းသည် လွန်ခဲ့သည့် ၈ နှစ် အချိန်အခါတွင် ၁ ရာခိုင်နှုန်းမျှသာ ရှိခဲ့ပြီး ယနေ့တွင် အင်တာနက်သုံးစွဲမှုနှုန်းသည် ၄၄ ရာခိုင်နှုန်းရှိလာခဲ့ပြီး မိုဘိုင်းအသုံးပြုမှုနှုန်းသည်လည်း စုစုပေါင်း လူဦးရေ၏ ၁၁၇.၄ ရာခိုင်နှုန်း ရှိလာပါသည်။ (ကိုးကား – Data Portal)
မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်အသုံးပြုမှု အားကောင်းလာသည်နှင့်အမျှ Wave Money ၏ ဒီဂျစ်တယ်အသုံးပြု ငွေကြေးကဏ္ဍကွန်ရက်ကိုလည်း ယခုထက်ပို၍ အားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ Wave Money ၏ ရှေ့ဆက် ခရီးမှတ်တိုင်များတစ်လျှောက်တွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပို၍ လက်လှမ်းမီနိုင်စေရန် လုပ်ဆောင်လျက် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ မြှင့်တင်မည် ဟူသော ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို ဖော်ဆောင်သွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ အောင်မြင်မှုများမှာ
- ရက်ပေါင်း၃၀ သုံးစွဲသူ ၁၁ သန်းကျော်ရှိခြင်း
- နိုင်ငံတစ်ဝှမ်း ၉၀ ရာခိုင်နှုန်း လွှမ်းခြုံထားနိုင်လျှက်ရှိခြင်း
- ကျေးလက်ဒေသတစ်ဝှမ်း ၉၁ ရာခိုင်နှုန်းလွှမ်းခြုံထားနိုင်လျှက်ရှိခြင်း
- နိုင်ငံအနှံ့ အေးဂျင့်ဆိုင်ပေါင်း ၅၉,၀၀၀ ကျော်ရှိခြင်း
- QR merchant အရေအတွက် ၂၁၀,၀၀၀ ကျော်ရှိခြင်း တို့ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် ဤကဲ့သို့သော အောင်မြင်မှုမှတ်တိုင်များ ရရှိခဲ့ပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ပတ်သက်ဆက်နွယ်သူများ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိ သွားမည်ဟု ကတိပြုပါသည်။
ယနေ့ Wave Money အောင်မြင်မှု၏ အဓိကအခန်းကဏ္ဍတွင် တည်ရှိနေသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ စဉ်ဆက်မပြတ်သော ဆန်းသစ်တီထွင်မှုနှင့် ကောင်းကျိုးများ ပေးစွမ်းလျက်ရှိသော ချိတ်ဆက်မှု ကွန်ရက်ဆီသို့ အတူတကွ လျှောက်လှမ်းကြပါစို့။