News
28 Jun, 2024

Wave Money မြန်မာမှ ထိုင်းကနေမြန်မာသို့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုစတင်လိုက်ပြီ

Wave Money အနေဖြင့်  ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ Wave Account နဲ့ Wave Agent များမှတစ်ဆင့်  တိုက်ရိုက်ငွေလွှဲနိုင်မည့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။  အဆိုပါ ဝန်ဆောင်မှုသည်  ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြ‌သော မြန်မာလူမှုအသိုက်အဝန်းကို  အထောက်အကူပြုစေရန် ရည်ရွယ်ပြီး  ထိုင်းနိုင်ငံရောက်မြန်မာများအနေဖြင့် မိမိတို့မိသားစုများထံသို့ ယုံကြည်စိတ်ချစွာဖြင့် ငွေလွှဲပို့နိုင်ရန် ရည်ရွယ်ပါသည်။

အဆိုပါ ဝန်ဆောင်မှုအသစ်ကို အသုံးပြုသူများအနေဖြင့် ထိုင်းနိုင်ငံမှ Dee Money အပ်ပလီကေးရှင်း (သို့မဟုတ်) အေးဂျင့်ဆိုင်များမှ တစ်ဆင့် မိမိငွေလွှဲလိုသူ၏ ကိုယ်ပိုင် Wave အကောင့် (သို့မဟုတ်) Wave အေးဂျင့်များဆီသို့ တိုက်ရိုက်ငွေလွှဲနိုင်မှာ ဖြစ်ပါသည်။  ငွေလွှဲလက်ခံရရှိသူများအနေဖြင့် ငွေလွှဲပမာဏအတိအကျကို နိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်ပေါင်း ၅သောင်းကျော်မှာ ငွေထုတ်ယူနိုင်မှာဖြစ်ပြီး ၎င်းဝန်ဆောင်မှုသည်  နိုင်ငံတွင်း မည်သည့်နေရာတွင်မဆို ရရှိနိုင်ပါသည်။

Wave Money သည် လွယ်ကူမြန်ဆန်သော ငွေလွှဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ကြီးမားကျယ်ပြန့်သော အေးဂျင့်ကွန်ရက်မှတစ်ဆင့် ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။ Wave Money သည် ငွေကြေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီနိုင်စေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် သုံးစွဲသူများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော လက်တွေ့ကျသည့် ဖြေရှင်းမှုများကို လုပ်ဆောင်နိုင်ရန် ကတိကဝတ်ပြုလျက် Wave Money ၏ နယ်စပ်ဖြတ်ကျော် ငွေလွှဲမှုများအပါအဝင် ဝန်ဆောင်မှုအားလုံးသည် ယုံကြည်စိတ်ချရမှုကို ပေးစွမ်းလျက်ရှိသည်။

သင်ချစ်ခင်ရသူများထံသို့ လျင်မြန်စိတ်ချစွာဖြင့် ငွေလွှဲပို့နိုင်ပြီဖြစ်၍ Wave Money ၏ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို စိတ်အေးချမ်းသာစွာဖြင့် သုံးစွဲနိုင်ပါသည်။ WavePay သည် မှန်ကန်သော ငွေလွှဲပြောင်းနှုန်းထားများဖြင့်  ပေးပို့သူထံသို့ အချိန်တိုတိုနှင့် ရောက်ရှိစေမှာဖြစ်ပြီး ငွေထုတ်တဲ့အခါတွင်လည်း ငွေလက်ခံရရှိသည့် ပမာဏအတိအကျအတိုင်း ထုတ်ယူနိုင်မှာြဖစ်သည့်အတွက် ဘယ်လိုပင်ဝေးကွာနေပါစေ သင့်မိသားစုနှင့် အဆက်အသွယ်မပြတ် ငွေလွှဲပို့နိုင်ပါသည်။

ကျွန်ုပ်တို့၏ အမြင့်ဆုံးသော ဝန်ဆောင်မှုစံနှုန်းများနှင့်အတူ နိုင်ငံတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ ကျယ်ပြန့်သော အေးဂျင့်ကွန်ရက်များမှတစ်ဆင့် အဆင်ပြေချောမွေ့ကာ ယုံကြည်စိတ်ချရပြီး လုံခြုံသောမိုဘိုင်းငွေကြေး  ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပေးစွမ်းသွားမည်ဟု ကတိကဝတ်ပြုပါသည်။

ကျွန်ုပ်တို့၏ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးပေါ် အချက်အလက်များကို Wave Money ၏တရားဝင်ဝဘ်ဆိုဒ် (https://wavemoney.com.mm/)၊ WavePay အက်ပ် သို့မဟုတ် Call center မှတစ်ဆင့် အချိန်မီ သိရှိနိုင်ပါသည်။

သင့်ယုံကြည်စိတ်ချရဆုံးလက်တွဲဖော်
Wave Money

Wavemoney © 2025. All rights reserved.Developed by B360

chat icon