သတင်းများ
02 Aug, 2025

Wave Money နှင့် MoneyGram တို့ ပူးပေါင်း၍ ငွေလွှဲဝန်ဆောင်မှုများ စတင်မိတ်ဆက်

Wave Money နှင့် MoneyGram တို့ ပူးပေါင်း၍ နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ငွေလွှဲဝန်ဆောင်မှုများ စတင်မိတ်ဆက်

မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Digital Money Myanmar (Wave Money) နှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုနယ်ပယ်တွင် ဦးဆောင်နေသော MoneyGram International တို့ မဟာဗျူဟာမြောက်ပူးပေါင်း၍ မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများကို စတင်မိတ်ဆက် လိုက်ပါသည်။ ဤပူးပေါင်းမှုမှတစ်ဆင့် MoneyGram ဖြင့် နိုင်ငံတကာမှငွေလွှဲမှုများကို Wave Wallet အကောင့်သို့ တိုက်ရိုက်ပေးပို့ပြီး နိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်များမှ ငွေထုတ်ယူမှု ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ ထို့အပြင် မည်သည့် ရိုးမဘဏ် ဘဏ်ခွဲတွင်မဆို ငွေသားထုတ်ယူနိုင်ရုံသာမက ရိုးမဘဏ်အကောင့်သို့လည်း တိုက်ရိုက်ငွေလွှဲ လက်ခံနိုင်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအနေဖြင့် ပြည်ပနိုင်ငံပေါင်း ၂၀၀ ကျော် မှ MoneyGram ဝန်ဆောင်မှုကိုအသုံးပြု၍ နိုင်ငံတကာမှပေးပို့သော ငွေလွှဲများကို ပိုမိုလွယ်ကူ၊ လုံခြုံ၊ မြန်ဆန်စွာ လက်ခံနိုင်တော့မည်ဖြစ်သည်။ အထူးသဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ၏ မိသားစုများအတွက် အဆင်ပြေစေမယ့် ဝန်ဆောင်မှုဖြစ်ပါသည်။

ဝန်ဆောင်မှုမိတ်ဆက် ငွေလွှဲအခမဲ့အထူးအစီအစဉ်

ဝန်ဆောင်မှုစတင်မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်မှ ဩဂုတ်လ XX ရက်အထိ မိတ်ဆက်ကာလအတွင်း မြန်မာနိုင်ငံသို့ ငွေလွှဲပေးပို့သူများအတွက် (xxxxxxx ငွေလွှဲဝန်ဆောင်ခ fees xxx ကင်းလွတ်ခွင့်) ကို MoneyGram မှ ပေးသွားမည်ဖြစ်ပါသည်။ ဤအချိန်ကန့်သတ် အထူးအစီအစဉ်သည် ပြည်ပရောက်မြန်မာနိုင်ငံသားများနှင့် မိသားစုများအနေဖြင့် ဤဝန်ဆောင်မှုကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

ငွေလက်ခံရန်နည်းလမ်းအမျိုးမျိုး

ဤပူးပေါင်းမှုဖြင့် မြန်မာနိုင်ငံရှိမိသားစုဝင်များသည် မိမိတို့နှစ်သက်ရာအောက်ပါနည်းလမ်းဖြင့် နိုင်ငံတကာမှငွေလွှဲကို လက်ခံနိုင်မည် ဖြစ်ပါသည်။

  • Wave Wallet အကောင့်နှင့် ရိုးမဘဏ်အကောင့်သို့ တိုက်ရိုက်‌‌‌‌ငွေလွှဲလက်ခံခြင်း
  • နိုင်ငံတစ်ဝှမ်းရှိ မည်သည့် ရိုးမဘဏ် ဘဏ်ခွဲတွင်မဆို ငွေသားထုတ်ယူနိုင်ခြင်း

Wave Money ၏ နိုင်ငံတစ်ဝှမ်းကျယ်ပြန့်သော ဝန်ဆောင်မှုကွန်ရက်နှင့် MoneyGram ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကွန်ရက်တို့ မဟာဗျူဟာပူးပေါင်းမှုသည် လွယ်ကူပြီး ယုံကြည်စိတ်ချရသော ငွေလွှဲအတွေ့အကြုံကို ပေးမှာဖြစ်ပါသည်။

ယုံကြည်စိတ်ချသော ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု

MoneyGram သည် ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွင် ယုံကြည်စိတ်ချရသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းအေးဂျင့်ကွန်ရက် ၄၃၀,၀၀၀ ကျော်ရှိပါသည်။ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Wave အသုံးပြုသူများအနေဖြင့် အောက်ပါအကျိုးခံစားခွင့်များ ရရှိနိုင်ပါသည်။

  • နိုင်ငံတကာငွေလွှဲများ အမြန်ဆုံးလက်ခံရရှိခြင်း
  • လုံခြုံ၍ စည်းမျဉ်းစည်းကမ်းနှင့်အညီ ငွေလွှဲပို့နိုင်ခြင်း
  • Wave Wallet အကောင့်၊ ရိုးမဘဏ်အကောင့်သို့ ငွေတိုက်ရိုက်လွှဲနိုင်ခြင်းနှင့် Wave Agent ဆိုင်များ သို့မဟုတ် ရိုးမဘဏ် မည်သည့် ဘဏ်ခွဲတွင်မဆို ငွေသားထုတ်ယူမှုများကို ပြုလုပ်နိုင်ခြင်း

ဤပူးပေါင်းမှုသည် Wave Money အား ငွေကြေးနည်းပညာ (FinTech) နယ်ပယ်တွင် ပိုမိုခိုင်မာအားကောင်းစေသည့် အပြင်၊ လုံခြုံအဆင်ပြေ၍ လူတိုင်းပါဝင်နိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုများဖြင့် နေ့စဉ်လူနေမှုဘဝများကို အင်အားဖြည့်ပေးရန် ၎င်း၏ ရည်မှန်းချက်နှင့်လည်း ကိုက်ညီပါသည်။

———————————————-

Wave Money အကြောင်း

Wave Money သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ရှေ့တန်းမှဦးဆောင်နေသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်ပြီး ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း၊ ငွေပေးချေမှုများ၊ ဘီလ်ပေးချေမှုမျာားနှင့် အခြားသော ငွေ‌ကြေးဝန်ဆောင်မှုများကို လုံခြုံစိတ်ချရပြီး လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတစ်ဝှမ်းရှိ Wave Agent ဆိုင်ပေါင်း ၅၀,၀၀၀ ကျော် မှတစ်ဆင့် မြန်မာနိုင်ငံသားများ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ရယူသုံးစွဲပုံကို ခေတ်မီတိုးတက်အောင် ပြောင်းလဲပေးနိုင် ခဲ့ပါသည်။

MoneyGram International အကြောင်း

MoneyGram International, သည် ဒီဂျစ်တယ်‌ P2P ‌ငွေလွှဲမှုများတွင် ကမ္ဘာ့ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံး၌ အကျယ်ပြန့်ဆုံး ငွေလွှဲကွန်ရက်များထဲမှ တစ်ခုဖြစ်သော MoneyGram သည် မိသားစုများနှင့် လူတစ်ဦးချင်းစီကို ကမ္ဘာအနှံ့ ငွေမြန်မြန်ဆန်ဆန်နှင့်လုံခြုံစွာ လွှဲပြောင်းနိုင်စေရန် ဆောင်ရွက်ပေးပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon