News
19 Mar, 2025

Wave Money နှင့် Ocean Center ပူးပေါင်းဆောင်ရွက်မှု ကြေညာချက်! 

Wave Money နှင့် Ocean Center ဥတ္တရသီရိ နေပြည်တော် ဆိုင်ခွဲ  ၊ Junction Center နေပြည်တော် ဆိုင်ခွဲ တို့ ၏ ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်ပါပြီ။ ယခုမှစ၍ Ocean Center နေပြည်တော်တွင် Wave MMQR ကို အသုံးပြု၍ ပိုမိုမြန်ဆန်၊ ပိုမိုလွယ်ကူပြီး လုံခြုံစိတ်ချရသော ငွေပေးချေမှုများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

မည်သည့် Mobile Wallet (သို့မဟုတ်) Mobile Payနှင့်မဆို MMQR ကို scan ဖတ်၍ ငွေသားမလိုအပ်သော ငွေပေးချေမှု ပြုလုပ်နိုင်မှာဖြစ်ပြီး MMQR ဖြင့် ငွေပေးချေမှုများသည် ယခင်ကထက် ပိုမိုလွယ်ကူ၊ မြန်ဆန်ပြီး ထိရောက်မှုရှိစေမှာဖြစ်ပါတယ်။

Wave Money တွင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းအသုံးပြုနိုင်စေရန် နှင့် ဒီဂျစ်တယ်ငွေပေးချေမှုများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လွယ်ကူစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ထားပါတယ်။ Ocean Center နေပြည်တော်နှင့် ဤပူးပေါင်းဆောင်ရွက်မှုသည် လူတိုင်းအကျိုးရှိစေမည့် ငွေသားမလိုအပ်သော ငွေပေးချေမှုစနစ်ကို တည်ဆောက်ရာတွင် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ လူကြီးမင်း ကိုယ်တိုင် Ocean Center နေပြည်တော် ဆိုင်ခွဲ များသို့ သွားရောက်ပါက Wave MMQR ကို အသုံးပြု၍ လွယ်ကူ လျှင်မြန်သော ငွေပေးချေမှုကို စမ်းသပ် အသုံးပြုကြည့်လိုက်ပါ!

Wavemoney © 2025. All rights reserved.Developed by B360

chat icon