Wave Money ၏ ၉နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်
ဆယ်စုနှစ်တစ်ခု နီးပါးကြာမြင့်ခဲ့ပြီဖြစ်သော Wave Money သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ စွန့်ဦးတီထွင်မှုတစ်ခုအဖြစ် စတင်ခဲ့သည့် ခရီးသည် ယနေ့အခါတွင် နိုင်ငံတစ်ဝှမ်း သန်းနှင့်ချီသောပြည်သူများ၏ နေ့စဉ်ဘဝငွေကြေးစီမံမှုများကို ချိတ်ဆက် အထောက်အကူပေးနေနိုင်ပြီ ဖြစ်ပါသည်။
အတူတကွ ရရှိခဲ့သော အောင်မြင်မှုများ
ကျွန်ုပ်တို့၏ Wave အသုံးပြုသူများ၊ ကိုယ်စားလှယ်များ၊ ကုန်သည်များ၊ မိတ်ဖက်များနှင့် ပြည်သူများ၏ ယုံကြည်မှုဖြင့် အောက်ပါအောင်မြင်မှုများကို ရရှိခဲ့ပါသည်။
- ငွေလွှဲပေးချေမှု လုပ်ဆောင်ချက်အရေအတွက် ၁ ဘီလီယံကျော်
- ကျပ် ၅၀ ထရီလီယံကျော် နိုင်ငံအနှံ့လုံခြုံစွာ ငွေလွှဲပြောင်းနိုင်ခဲ့ခြင်း
- ကိုယ်စားလှယ်များအား ကျပ် ၄၃ ဘီလီယံကျော် ကော်မရှင်ပေးနိုင်ခဲ့ခြင်း
- ကိုယ်စားလှယ်နှင့်ကုန်သည် ၂၄၈,၀၀၀ ကျော်၏ ကွန်ရက်ဖြင့် နိုင်ငံ၏ ၉၀% သို့ ရောက်ရှိဝန်ဆောင်မှု ပေးနိုင်ခြင်း
ဤအောင်မြင်မှုများသည် ယုံကြည်မှု၊ လွယ်ကူမြန်ဆန်သောဝန်ဆောင်မှုနှင့် နေ့စဉ်လက်တွေ့ဘဝများတွင် အကျိုးသက်ရောက်မှုများ၏ အရေးပါပုံကို ဖော်ပြနေပါသည်။
Wave Money ၏ ဝန်ဆောင်မှုထက် ပိုသည့်ထောက်ပံ့မှုများ
မြို့ကြီးများမှ ကျေးလက်ဒေသများအထိ Wave Money သည် ငွေလွှဲလက်ခံရာတွင် လုံခြုံမြန်ဆန်သော နည်းလမ်း၊ လုပ်ငန်းများ ဝင်ငွေမြင့်တင် ကြီးထွားရန် အထောက်အကူ၊ ဘဏ်ဝန်ဆောင်မှု မရရှိနိုင်သည့်ဒေသနှင့် ပြည်သူများ အတွက် လက်လှမ်းမှီနိုင်သော ငွေကြေးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ အနာဂတ်ကတိကဝတ်
ယခုအထူးနှစ်ပတ်လည်နေ့မှ နောက်ရှေ့ဆက်မည့်နှစ်များအတွက် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မည်သူမဆို၊ မည်သည့်နေရာမဆို Wave ၏ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ နေရာ အချိန်မရွေး လွယ်ကူစွာ ရရှိစေရန် ဖြစ်ပါသည်။
ကျေးဇူးတင်လွှာ
ပထမဆုံး ငွေလွှဲအသုံးပြုသူ ဖောက်သည်တိုင်း၊ ကျွန်ုပ်တို့၏ ကွန်ရက်အတွင်းပါဝင်လာပြီး ငွေကြေးဝန်ဆောင်မှု ပေးနေကြသော ကိုယ်စားလှယ်တိုင်း၊ ကျွန်ုပ်တို့၏ ဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုများကို ယုံကြည်မှုနှင့် အတူလက်တွဲကြသော မိတ်ဖက်တိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။
ဒီနေ့အထိမ်းအမှတ်သည် ကျွန်ုပ်တို့အတွက်သာမက မြန်မာပြည်သူများအားလုံးအတွက်ပါ ဖြစ်ပါသည်။
အတူတကွဖြင့် ကျွန်ုပ်တို့သည် နည်းပညာက ဘယ်လို ချိတ်ဆက်မှုများဖန်တီးနိုင်သလဲ၊ အခွင့်အလမ်းများ ဖန်တီးပေးနိုင်သလဲ၊ လူမှု့ဝန်းကျင်အား ဘယ်လို ပြောင်းလဲ ထောက်ပံ့ပေးနိုင်သလဲကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါသည်။