Wave Merchant App မှ ဘဏ်သို့ ငွေလွှဲပြောင်းခြင်း

သုံးစွဲသူမှ Wave Merchant နှင့် ရိုးမဘဏ် အကောင့်နှစ်ခုကြား ငွေလွှဲတာတွေကို စောင့်စရာမလိုဘဲ ချက်ချင်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ Flexi Everyday အကောင့်မှငွေလွှဲခြင်း – သင့်ရဲ့ Flexi Everyday အကောင့်မှ နှစ်သက်ရာ ရိုးမဘဏ် အကောင့်များသာမက တခြားသော ဘဏ်အကောင့်များစွာကိုပါ ငွေလွှဲနိုင်ပါပြီ။ Flexi အကောင့်နှင့် Flexi Everyday အကောင့်တို့အတွက် ငွေလွှဲနည်း ၃ မျိုးကတော့ Flexi အကောင့်နှင့်လွှဲခြင်း၊ online banking စနစ်နှင့်လွှဲခြင်း နဲ့ ရိုးမဘဏ် NEXT မိုဘိုင်း အက်ပလီကေးရှင်းမှလွှဲခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘဏ်အကောင့်သို့ ငွေပြောင်းရွှေ့နည်း

1

ပင်မစာမျက်နှာရှိ Settlement ကို နှိပ်ပါ။ချိတ်ဆက်ထားသော ဘဏ်အကောင့်ကိုရွေး၍ Cash Out ကို နှိပ်ပါ။

2

မိမိပြောင်းလိုသော ငွေပမာဏရိုက်ကာ Continue ကို နှိပ်ပါ။ ငွေပမာဏ မှန်/မမှန် စစ်ဆေးပြီး Confirm နှိပ်လိုက်လျှင် Pin နံပါတ် ရိုက်ထည့်ရန် Box ကျလာပါမည်။

3

ထို Box တွင် မိမိထားရှိခဲ့သော PIN နံပါတ် (၄) လုံးကို ရိုက်ထည့်လိုက်ပါက Success ဆိုသော အစိမ်းရောင် အမှန်ခြစ်လေးပေါ်လာမည်ဖြစ်ပြီး Wave မှ ဘဏ်အကောင့်ထဲသို့ ငွေပြောင်းရွှေ့ခြင်း အောင်မြင်ပါသည်။

Wavemoney © 2025. All rights reserved.Developed by B360

chat icon