Device Authorization စနစ်သည် Wave အကောင့် သုံးစွဲသူများ၏ အကောင့်လုံခြုံမှုရှိစေရန် အကောင့်တစ်ခုကို ဖုန်းတစ်ခုတည်းနှင့်သာ ချိတ်ဆက်ထားနိုင်ပြီး ကိုယ်တိုင်အတည်ပြု လုပ်ဆောင်ခြင်းမှအပ အခြားသောသူများ မိမိတို့ Wave အကောင့်ကို ခွင့်ပြုချက်မရှိဘဲ (တရားမဝင်) ဝင်ရောက်မှုများကို ထိထိရောက်ရောက် ကာကွယ်ပေးပါသည်။ မိမိတို့ရဲ့ Wave အကောင့်ကို ဖုန်းအဟောင်းမှအသစ်သို့ ပြောင်းရွှေ့အသုံးပြုသည့်အခါ Device Authorization ဖြင့် ကိုယ်တိုင်အတည်ပြု လုံခြုံစွာစီမံခန့်ခွဲနိုင်ပါသည်။
Device Authorization Feature ဖြင့် သင့် Wave အကောင့်ကို ဖုန်းအသစ်သို့ အလွယ်တကူ လုံခြုံစိတ်ချစွာပြောင်းရွှေ့ အသုံးပြုနိုင်ပါတယ်။
သင့် Wave အကောင့်ကို ဖုန်းအဟောင်းမှ ဖုန်းအသစ်သို့ ပြောင်းရွှေ့ရာတွင် ဖုန်းအသစ်နှင့်အဟောင်း အတူတူရှိနေဖို့ လိုအပ်ပါတယ်။
ဖုန်းအသစ်တွင် Wave App ကိုဖွင့်၍ Wave အကောင့်မှတ်ပုံတင်ထားခဲ့သောဖုန်းနံပါတ်အား ရိုက်ထည့်ပါ။
သင့်ဖုန်းနံပါတ်သို့ SMS ဖြင့် လက်ခံရရှိသော OTP နံပါတ် ၆ လုံးအား ရိုက်ထည့်ပါ။
လျှို့ဝှက် PIN နံပါတ် ၄ လုံး အား ရိုက်ထည့်ပါ။
ဖုန်းအသစ်မှ ဖုန်းအဟောင်းသို့ အသုံးပြုခွင့် တောင်းခံသည့် စာမျက်နှာအား တွေ့မြင်ရပါမည်။
ဖုန်းအဟောင်းမှ ပရိုဖိုင်စာမျက်နှာရှိ “ဖုန်းအသုံးပြုခွင့်ပေးခြင်း“ မှတစ်ဆင့် အကောင့်သို့ဝင်ရောက်ရန်တောင်းဆိုမှုများတွင် သင့်ရဲ့ အသုံးပြုလိုသောဖုန်းအမျိုးအစားကို မြင်ရပါမည်။
ဖုန်းအမျိူးအစား စစ်ဆေးပြီး မှန်ကန်ပါက အသုံးပြုခွင့်ပေးခြင်းအား အဆင့်ဆင့် လုပ်ဆောင်ပါ။
ဖုန်းအသစ်တွင် သင့်ရဲ့ Wave အကောင့်ကို အသုံးပြုနိုင်ရန်အတွက် “လက်ခံပါမည်” ကိုနှိပ်ပါ။
သင့် Wave အကောင့်ကို ဖုန်းအသစ်မှ Login ဝင်ရောက်တော့မည်ဖြစ်ခြင်းကို သိရှိကြောင်းအတည်ပြု၍ “သေချာသည်” ကိုနှိပ်ပါ။
ဖုန်းအဟောင်းမှ Logout ထွက်ပြီးကြောင်းအား “အိုကေ” ကို နှိပ်၍ အတည်ပြုပါ။
ဖုန်းအသစ်တွင် ခွင့်ပြုချက် အောင်မြင်စွာအတည်ပြုပြီးကြောင်း မြင်တွေ့ရမှာဖြစ်ပြီး ပင်မစာမျက်နှာသို့ လမ်းညွှန်သွားမည်ဖြစ်သည်။
Wave အကောင့်ရဲ့ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပါပြီ။
Wavemoney © 2025. All rights reserved.Developed by B360