သတင်းများ
31 Mar, 2025

Digital Payment Switch တစ်ခုဖြစ်သည့် MyanmarPay MMQR (National QR Standard) စတင် အသုံးပြုနိုင်ခြင်း မိတ်ဆက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ နေပြည်တော် ။ ။ မတူညီသော ဒီဂျစ်တယ် ငွေပေးချေမှုများအားလုံး တွင် ချိတ်ဆက်အသုံးပြုနိုင်မည့် MyanmarPay – MMQR (National QR Standard) အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် နေပြည်တော် MICC-1 ခန်းမ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် စတင်အသုံးပြုနိုင်ကြောင်း မိတ်ဆက်ခဲ့ပါသည်။ MMQR သည် နိုင်ငံတော်အစိုး၏ ဒီဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်နှင့်အညီ နိုင်ငံတကာစံနှုန်းများကို အခြေခံ၍ အကောင်ထည်ဖော် ဖန်တီးထားသော Payment QR တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံရှိ ငွေပေးချေမှုများအတွက် မတူညီသော QR ကုဒ်များကို ချိတ်ဆက်ပြီး QR ကုဒ်တစ်ခုတည်းဖြင့် ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေမှုများပြုလုပ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအဆင့်ထိပ်သီးပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်းများ၊ အသင်းအဖွဲ့များ၊ ဘဏ်များမှ ဥက္ကဌများနှင့် အတွင်းရေးမှူးများ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများမှ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ငွေသားအသုံးပြုမှုမလိုဘဲ ငွေပေးချေနိုင်မှု (Cashless Payment) စနစ်ကို မြှင့်တင်ဆောင်ရွက်ရာတွင် အရေးပါသည့် MMQR အား မိတ်ဆက်ခြင်း အခမ်းအနားတွင် Wave Money သည်လည်း တစ်တပ်တအား ပါဝင်အားဖြည့်ခဲ့သည်။

MMQR အား နေရာအနှံ့အပြား တွင်တွင်ကျယ်ကျယ် စတင်အသုံးပြုလာကြပြီဖြစ်၍ Wave Money အသုံးပြုသူများအနေဖြင့် Wave App မှတစ်ဆင့် MyanmarPay ၏ MMQR ကုဒ် အား scan ဖတ်၍ လွယ်ကူ၊ လျင်မြန်စွာ ငွေပေးချေနိုင်ပြီ ဖြစ်သည်။ ထို့အပြင် Wave Money ၏ မိတ်ဖက် Merchant များအနေဖြင့်လည်း MyanmarPay MMQR ကုဒ် တစ်ခုတည်းနှင့် ဈေးဝယ်သူ customer များ၏ မည်သည့် mobile wallet မှမဆို ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာ လက်ခံနိုင်ပြီဖြစ်သည်။

ရှေ့ဆက်၍ Wave Money အနေဖြင့် မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအဖြစ် နိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အားဖြည့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။

MMQR အကြောင်း

MMQR သည် မြန်မာနိုင်ငံ၏ National Standard အဖြစ်သတ်မှတ်ထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းနှင့်အညီ လုံခြုံပြီး အသုံးပြုရလွယ်ကူသော QR Code ဖြင့် ငွေပေးချေမှုကို ထောက်ပံ့နိုင်သည့် Digital Payment Switch စနစ်တစ်ခုဖြစ်ပါသည်။ MMQR ကိုအသုံးပြု၍ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများရဲ့ မတူညီသော Mobile Wallet များအကြား အပြန်အလှန်ချိတ်ဆက်၍ ငွေပေးချေမှုများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

MMQR သည် မြန်မာနိုင်ငံတွင်မိုဘိုင်းငွေပေးချေမှုများအတွက် ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် စုစည်းစေပြီး ငွေသားကိုင်ဆောင်မှု လျှော့ချနိုင်မည့် Cashless Society ကို မြှင့်တင်နိုင်မည့် အရေးပါသည့် Payment QR စနစ်တစ်ခု ဖြစ်ပါသည်။

“မြန်ဆန်၊ လွယ်ကူ၊ စိတ်ချရပြီး မြန်မာပြည်သူ၊ ပြည်သားတိုင်းအတွက် အလိုအပ်ဆုံး ငွေပေးချေမှုနည်းလမ်း MMQR” ပိုမိုသိရှိရန်

Wavemoney © 2025. All rights reserved.Developed by B360

chat icon