မြန်မာနိုင်ငံတွင် ပထမဆုံးမိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလက်မှတ်ကို Wave Money တရားဝင်ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃ရက်၊ ၂၀၁၆- Wave Money သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်းအသစ်အရ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုတရားဝင်လက်မှတ်ကို ယနေ့ Central Bank မှ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေငြာပါသည်။ ဤစည်းမျဉ်းအသစ်သည် မိုဘိုင်းအော်ပရေတာများကို မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး အဆိုပါလုပ်ငန်းသည် မြန်မာပြည်သူသန်းပေါင်းများစွာ၏ ငွေကြေးကိစ္စများ ကိုလည်း ဝင်ရောက်လုပ်ကိုင်ပေးနိုင်မည့် အလားအလာကောင်းများကိုပိုင်ဆိုင်ထားသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုရရှိခဲ့သော တရားဝင်လက်မှတ်အရ Wave Money သည် Central Bank မှပေးအပ်သည့် non-banking financial institution (ဘဏ်မဟုတ်သောငွေကြေးဝန်ဆောင်မှုလုပ်ငန်း) တစ်ခု ရပ်တည်လာပြီဖြစ်သည်။

Wave Money Launch Event Press Release

Wave Money announced today that it has successfully launched its services in more than 160 townships with over 4000 agents in Myanmar. The company received the first mobile financial services registration certificate issued by the Central Bank of Myanmar on 3rd October 2016.

မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို ပြောင်းလဲရန်အတွက် Wave Money ရောက်လာပါပြီ

ရန်ကုန်မြို့၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၉ ရက်နေ့ – Wave Money ကို မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း (၁၆၀) တွင် ကိုယ်စားလှယ်ပေါင်း (၄၀၀၀)ထားရှိပြီး အောင်မြင်စွာ မိတ်ဆက်ပေးနိုင်ခဲ့သည်။ Wave Money သည် မြန်မာ့ဗဟိုဘဏ်ရဲ့ ပထမဆုံး မိုဘိုင်းငွေရေးကြေးဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ (၃) ရက်နေ့တွင် ရ ရှိခဲ့သည်။