I transfer the amount from my mobile banking. Why has the amount not been transferred yet to my WavePay account?

WavePay has an instant transfer system with Yoma Bank SMART account. If you transfer money to your WavePay account using CB or KBZ mobile banking app, it may take up to 4 business hours to be reflected in your WavePay account. If the duration has exceeded more than 4 hours, you may contact Wave Money… Continue reading I transfer the amount from my mobile banking. Why has the amount not been transferred yet to my WavePay account?

I top up my mobile. The amount has been deducted from my account, but my mobile balance is not topped up yet. Why?

This could be some technical errors between the respective mobile operator and WavePay application. If you have any difficulties topping up your mobile balance using WavePay, please reach Wave Money Call Center at 900 for Telenor users and 09790009000 for non-Telenor users to provide you further supports. You can also reach us via Wave Money… Continue reading I top up my mobile. The amount has been deducted from my account, but my mobile balance is not topped up yet. Why?

mBanking ထဲက ငွေကို WavePay အကောင့်ထဲလွှဲလိုက်တယ်။ ဒါပေမယ့် လွှဲလိုက်တဲ့ငွေက အကောင့်ထဲကို ဘာလို့ မရောက်သေးတာလဲ?

WavePay က ရိုးမဘဏ် SMART အကောင့်ရှိတဲ့သူတွေအတွက် ချက်ချင်းငွေလွှဲနိုင်တဲ့ စနစ်ကို ဆောင်ရွက်ပေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက CB သို့မဟုတ် KBZ mBanking တွေကနေ WavePay အကောင့်ထဲကို ငွေသွင်းမယ်ဆိုရင်တော့ ငွေရောက်ဖို့အတွက် အလုပ်လုပ်ချိန် အများဆုံး ၄နာရီ စောင့်ရမှာဖြစ်ပါတယ်။ တကယ်လို့ စောင့်နေရတာ ၄နာရီကျော်သွားရင်တော့ Wave Money call center ကို ဆက်သွယ်ပြီး ငွေလွှဲလုပ်ဆောင်မှု လုပ်ငန်းစဉ်အခြေအနေကို မေးမြန်းနိုင်ပါတယ်။

ဖုန်းဘေလ်ဖြည့်လိုက်တယ်။ အကောင့်ထဲက ငွေလည်းဖြတ်သွားတယ်။ ဒါပေမယ့် ဖုန်းဘေလ်ကျတော့ မဝင်ဘူး။ ဘာလို့လဲ?

ဒီလိုဖြစ်တာက မိတ်ဆွေအသုံးပြုနေတဲ့ မိုဘိုင်းအော်ပရေတာနဲ့ WavePay တို့ကြားက နည်းပညာ အနည်းငယ်ချို့ယွင်းချက်ကြောင့်ဖြစ်နိုင်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဖုန်းဘေလ်ဖြည့်လိုက်တာ အခက်အခဲရှိနေရင် မသုံးထားရင် လိုအပ်တဲ့အကူအညီရယူဖို့အတွက် Wave Money call center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000  ကို ဆက်သွယ်နိုင်ပါတယ်။ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money Facebook  Messenger မှာလည်း မေးမြန်းနိုင်ပါတယ်။

WavePay အကောင့်ထဲဘာလို့ ဝင်လို့မရတာလဲ?

အကောင့်ထဲဝင်လို့မရတဲ့အကြောင်းပြချက် ၃မျိုးရှိနိုင်ပါတယ်။ အကြောင်းပြချက် ၁။ မိတ်ဆွေရဲ့ WavePay အကောင့်က လော့ကျနေရင် အကောင့်ထဲဝင်လို့မရပါဘူး။ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ အကြောင်းပြချက် ၂။ အင်တာနက်လိုင်းမကောင်းရင်လည်း အကောင့်ထဲဝင်လို့မရနိုင်ပါဘူး။ မိတ်ဆွေတို့ရဲ့ အင်တာနက်လိုင်းကိုပြန်လည်စစ်ဆေးပေးပါ။ အကြောင်းပြချက် ၃။  WavePay အက်ပလီကေးရှင်း သို့မဟုတ် ဝန်ဆောင်မှုတွေကို အဆင့်မြှင့်နေတဲ့အခါမှာလည်း အကောင့်ထဲကို ဝင်လို့မရနိုင်ပါဘူး။ အဆင့်မြှင့်မှုပြီးအောင် ခေတ္တစောင့်ဆိုင်းပေးပါ။

WavePay အကောင့်က ဘာလို့ အပိတ်ခံထားရတာလဲ?

တကယ်လို့ မိတ်ဆွေရဲ့ WavePay အကောင့်ကို ရက်ပေါင်း ၁၈၀ ကျော်တဲ့အထိ မသုံးထားရင် အကောင့်ကို ယာယီပိတ်ထားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ရတာကလည်း မိတ်ဆွေရဲ့အကောင့်လုံခြုံရေးအတွက်ဖြစ်ပါတယ်။ အကောင့်ကို ပြန်ဖွင့်ဖို့ဆိုရင် Wave Money call center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေက 09790009000  ကို ဆက်သွယ်နိုင်ပါတယ်။ အကောင့်ယာယီပိတ်ထားတဲ့အခါမှာ မိတ်ဆွေအနေနဲ့ အကောင့်ထဲကငွေကို လွှဲတဲ့ လုပ်ငန်းစဉ်တွေ လုပ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုအကောင့်ယာယီမပိတ်ခင်မှာလည်း Wave Money က မိတ်ဆွေကို SMS ကြိုတင်ပို့ပြီး အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို လက်ခံအသုံးပြုလာသည်နှင့်အမျှ Wave Money သည် ၂၀၂၀ ပြည့်နှစ်အတွင်း တိုးတက်မှု စံချိန်တင်ခဲ့

ရန်ကုန် – မြန်မာ၊ ဇန်နဝါရီလ (၅) ရက်၊ ၂၀၂၁ ခုနှစ် ။ ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို လျင်မြန်စွာ လက်ခံအသုံးပြုလာကြသည်နှင့်အမျှ နိုင်ငံ၏ ဦးဆောင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Wave Money သည် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာကျပ်ငွေ ၁၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ) အထိ လွှဲပေးနိုင်ခဲ့သည်။