မြန်မာပြည်သူများအားလုံး ဘဏ္ဍာရေးဝန်ဆောင်မှုအား လက်လှမ်းမီစေရန် ရည်ရွယ်၍ Wave Money နှင့် Ant Financial Services Group တို့မှပူးပေါင်းဆောင်ရွက်

၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်၊ ရန်ကုန်၊ ဟန်ကျိုး။ ။ မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို လက်လှမ်းမမီသေးသူများနှင့် အခြေခံပြည်သူများအတွက် လူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှု အသုံးပြုနိုင်ရေးကို မြှင့်တင်လုပ်ဆောင်ရန် Digital Money Myanmar Limited (“Wave Money”) နှင့် Alipay ၏ အော်ပရေတာဖြစ်သူ Ant Financial Services Group (“Ant Group”) တို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ ဒီဂျစ်တယ်နှင့် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းတွင် ရှေ့တန်းမှဦးဆောင်လျက်ရှိသော Ant Group ၏ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုများနှင့်အတူ Wave Money သည် မြန်မာနိုင်ငံအနှံ့ရှိ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရသည့် မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားဖြစ်သည်။

Wave Money and Ant Financial Services Group forms strategic partnership to promote financial inclusion for the unbanked in Myanmar

Yangon, Hangzhou, 18 May, 2020 – Digital Money Myanmar Limited (“Wave Money”) and Ant Financial Services Group (“Ant Group”), operator of Alipay, today announced a strategic partnership to promote financial inclusion for the unbanked and underbanked communities in Myanmar. Ant Group’s expertise in mobile payment and digital financial services will help boost Wave Money’s technological capabilities to provide greater convenience and security in mobile financial services across Myanmar.