Re Telenor Group sells Telenor Myanmar to M1 Group

Wave Money continues to provide essential mobile financial services to millions of customers. We are operating as usual and long-term commitment to Myanmar remains.Wave Money is a separate legal entity to Telenor Myanmar. Although the Telenor Group is one of our shareholders, Wave Money operates independently and is not directly affected by the sale of… Continue reading Re Telenor Group sells Telenor Myanmar to M1 Group

တယ်လီနော လုပ်ငန်းစုမှ တယ်လီနောမြန်မာအား M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချခြင်းနှင့် ပတ်သက်၍ Wave Money ၏ ထုတ်ပြန်ချက်

Wave Money အနေဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများအား မရှိမဖြစ်အရေးပါသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ပေးစွမ်းသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံအပေါ်ထားရှိသော ကျွန်ုပ်တို့ရဲ့ ကတိကဝတ်များသည် ဆက်လက်ခိုင်မြဲနေပါသည်။ Wave Money သည် တယ်လီနောမြန်မာနှင့် သီးခြားရပ်တည်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Telenor Group သည် ကျွန်ုပ်တို့၏ အစုရှယ်ယာဝင်လုပ်ငန်းစုတစ်ခုဖြစ်သော်လည်း Wave Money သည် လုပ်ငန်းဆောင်တာများအား သီးခြား ရပ်တည် လည်ပတ်လျက်ရှိပြီး တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းသည် ကျွန်ုပ်တို့နှင့် တိုက်ရိုက်ဆက်နွယ်မှုမရှိပါ။ တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။