နောက်ထပ် မိုဘိုင်းလ်ဖုန်းတစ်ခုမှ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုချက် တောင်းခံတဲ့ စာကို မတော်တဆငြင်းပယ်မိလိုက်တယ်၊ ဘာဖြစ်မလဲ။ မတော်တဆ ငြင်းပယ်ခံရခြင်းမှစက်ကိုမည်သို့ဖယ်ရှားရမည်နည်း?

အကယ်၍ သင်က နောက်ထပ် မိုဘိုင်းလ်ဖုန်းတစ်ခုမှာ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုချက် တောင်းခံတဲ့ စာကို မတော်တဆ ငြင်းပယ်လိုက်ပြီး ထိုငြင်းပယ်မှုကို ပြန်လဲ ပယ်ချလို လျှင်ကျွန်ုပ်တို့၏ call center ၀၉၇၉၀၀၀၉၀၀၀ သို့နံနက် ၈ နာရီမှ ၉၀၀ သို့ ခေါ်ဆိုပြီး အကူအညီရယူနိုင်ပါတယ်။

ကျွန်ုပ်ရဲ့ ဖုန်းအသစ်ကနေ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် မူလဖုန်းထံသို့ ခွင့်ပြုချက် တောင်းဆိုခဲ့ပေမဲ့လဲ ကျွန်ုပ်ရဲ့ မူလဖုန်းစီကို မည်သည့်ခွင့်ပြုချက် တောင်းခံစာမှ ရောက်မလာခဲ့ပါ။ အဲတာ့ဘာဖြစ်လို့လဲ တောင်းခံချက်ရရှိအောင် ဘယ်လိုဆက်လုပ်ရမလဲ?

လူကြီးမင်းရဲ့ မိုဘိုင်းလ်ဖုန်းက Google Service များကို အပြည့်အဝ အလုပ်မလုပ်တဲ့ (Chinese Devices) များဖြစ်နေခဲ့ရင်လဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို ရရှိမှု ကြန့်ကြာနေတာမျိုး ဖြစ်နိုင်ပါတယ်။ လူကြီးမင်းကိုယ်တိုင်လဲ မိမိ WavePay APP ထဲမှာ ထိုတောင်းခံချက်ကို အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ မိမိ WavePay အကောင့်ထဲရှိ “ဝင်စာ (Inbox)” သို့မဟုတ် “ပြင်ဆင်ရန်” (Setting) တွင် “ယခုဖုန်းကို အသုံးပြုခွင့်ပေးခြင်း“ကို နှိပ်ပါ။ ယခုဖုန်းကို အသုံးပြုခွင့်ပေးရန် “မိုဘိုင်းလ်ဖုန်း Login ခွင့်ပြုချက်“ တောင်းခံမှုကို နှိပ်ပါ။

ကျွန်ုပ်သည် “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” နဲ့ ပက်သက်ပြီး မည်သည့်တောင်းဆိုမှုမျှမလုပ်ခဲ့သော်လည်း ကျွန်ုပ် မိုဘိုင်းလ်ဖုန်းတွင် အခြားဖုန်းမှ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အားခွင့်ပြုရန်အကြောင်းကြားချက်တစ်ခုလက်ခံရရှိခဲ့သည်။ ဘက်ဆက်လုပ်ရမလဲ?

မိမိ မသိရှိတဲ့ အခြား မိုဘိုင်းလ်ဖုန်း တစ်ခုကနေ မိမိဖုန်းထဲ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” တောင်းခံချက်ကို အတည်ပြုပေးရန် စာရောက်ရှိလာပါက လုံးဝ (လုံးဝ) ငြင်းပယ်ရမည်ဖြစ်သည်။ ထိုမှသာလျှင် မိမိ WavePay အကောင့်ကို မိမိတစ်တစ်ယောက်ထဲသာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ကျွန်ုပ်၏ WavePay အကောင့်များကို ဖုန်းနှစ်လုံး (ဥပမာ ပထမအလုံး Samsung, ဒုတိယအလုံး Xiaomi) တွင် အကောင့်ဝင်ထားပြီး တစ်ပြိုင်နက်အသုံးပြုလျှက်ရှိသည်။ ဗားရှင်း ၁.၄ ကိုအဆင့်မြှင့်တင်ပြီး “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို ပထမမိုဘိုင်းလ်ဖုန်းမှာခွင့်ပြုလိုက်တယ်။ ဒါဆို ထို WavePay အကောင့်တစ်ခုထဲကို ဖုန်းနှစ်ခုစလုံးမှာ သုံးနိုင်အောင် ကျွန်ုပ်ရဲ့ ဖုန်းနှစ်ခုစလုံးမှာ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကိုခွင့်ပြုပေးလို့ရပါလား?

WavePay အကောင့်များအားလုံး ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ဖို့ နည်းပညာအရ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အား ဗားရှင်း ၁.၄ မှစတင်ပြီး ထည့်သွင်းထားတာဖြစ်သောကြောင့် WavePay အကောင့်တစ်ခုကို မိုဘိုင်းလ် ဖုန်း နှစ်လုံးတွင် တစ်ပြိုင်နက်တည်း အသုံးပြု၍ မရနိုင်ပါ။

ဗားရှင်း ၁.၄ နဲ့ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို မတော်တဆ အတည်ပြုမိလိုက်ပါသည်။ ကျွန်ုပ် ၁.၄ ဗားရှင်းကို မသုံးချင်သောကြောင့် ဗားရှင်း အဟောင်းများကို ဘယ်လိုအသုံးပြု၍ရနိုင်သလဲ?

 ၁.၄ ဗားရှင်းကို အဆင့်မြှင့်ပြီး “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကိုအတည်ပြုခဲ့ပြီးပါက ဗားရှင်းအဟောင်းများကို ပြန်လည်၍အသုံးပြုနိုင်မည်မဟုတ်ပါ။ WavePay အကောင့်များအားလုံး ပိုမိုလုံခြုံစွာ အသုံးပြုနိုင်ဖို့ နည်းပညာအရ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အား ဗားရှင်း ၁.၄ မှစတင်ပြီး ထည့်သွင်းထားတာဖြစ်သောကြောင့် WavePay အကောင့်တစ်ခုကို မိုဘိုင်းလ်တစ်ခုထဲတွင် လုံခြုံစွာအသုံးပြုနိုင်ပါသည်။

ဗားရှင်း ၁.၄ နဲ့ “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို အသုံးမပြုချင်ဘူးဆိုရင် ဘာဖြစ်မှာလဲ? ကျွန်ုပ်၏ WavePay အကောင့်ကို ဖုန်းအဟောင်းတွင်သုံးနိုင်ပါသေးလား?

 “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို ၁.၄ ဗားရှင်းထည့်သွင်းထားတဲ့ မည်သည့်ဖုန်းမှာမှ အတည်မပြုရသေးရင် ဗားရှင်း အဟောင်း ၁.၃.၉ ကို မိမိဖုန်းမှာ ဆက်သုံးလို့ရနိုင်ပါတယ်။

ကျွန်ုပ်၏ လက်ရှိဖုန်းပျောက်သွားလျှင်ကျွန်ုပ်၏ WavePay အကောင့်လုံခြုံမှုရှိစေရန်ဘာလုပ်ရမလဲ။

ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ call center ၀၉၇၉၀၀၀၉၀၀၀ (သို့) ၉၀၀ သို့ နံနက် ၈ နာရီမှည ၈ နာရီအတွင်း ဖုန်းခေါ်ဆိုပြီး သင်၏ WavePay အကောင့်ကို ယာယီပိတ်သိမ်းရန် အကြောင်းကြားနိုင်ပါသည်။

Google Playstore တွင် ကျွန်ုပ်၏ WavePay APP သည် နောက်ဆုံးဗားရှင်းသို့ အလိုအလျောက် upgrade ဖြစ်သွားပါသည်။ ဒါပေမယ့် ကျွန်ုပ်သည် PIN နံပါတ်ကိုမမှတ်မိတော့ဘူး။ ဘယ်လိုလုပ်ရမလဲ?

မိမိ PIN အသစ်ကိုပြန်လည်သတ်မှတ်ရန် နံနက် ၈ နာရီမှည ၈ နာရီအထိကျွန်ုပ်တို့၏ call center 09790009000 သို့ 900 သို့ခေါ်ပါ

“အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုလျှက်ရှိသော မိမိ WavePay အကောင့်အား မိမိ၏ အခြားဖုန်း (အဟောင်း/အသစ်) တွင် ပြောင်းလဲအသုံးပြုခွင့်ပေးခြင်းကို ပြုလုပ်၍မရပါ။ နည်းလမ်းရှိပါသလား?

– “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” ကို မူလကခွင့်ပြုခဲ့သော မိမိ WavePay အကောင့်နံပါတ်ကို ဖုန်းအသစ်တွင် ရိုက်ထည့်ပြီး “မိုဘိုင်းလ်ဖုန်း Login ခွင့်ပြုချက် တောင်းခံမှု” ကိုပေးပို့ပါ။– “အကောင့်တစ်ခု ဖုန်းတစ်လုံးစနစ်” အသုံးပြုရန် ခွင့်ပြုစာ ရောက်မလာပါက မိမိ WavePay အကောင့်ထဲရှိ “ဝင်စာ (Inbox)” သို့မဟုတ် “ပြင်ဆင်ရန်” (Setting) တွင် “ယခုဖုန်းကို အသုံးပြုခွင့်ပေးခြင်း“ကို နှိပ်ပါ။ ယခုဖုန်းကို အသုံးပြုခွင့်ပေးရန် “မိုဘိုင်းလ်ဖုန်း Login ခွင့်ပြုချက်“ တောင်းခံမှုကို နှိပ်ပါ။