Wave Money မှ မြန်မာနိုင်ငံရှိ COVID-19 လှုပ်ရှားမှုများဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍအား ဦးဆောင်လျက်ရှိ

ရန်ကုန် – မြန်မာ၊ ဇွန်လ (၈) ရက်နေ့၊ ၂၀၂၀ ။ ။ အစိုးရအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါအခြေအနေများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသို့ ဒီဂျစ်တယ်နည်းပညာဖြင့် ကူညီထောက်ပံ့ပေး လျက်ရှိသည်။