တယ်လီနော လုပ်ငန်းစုမှ တယ်လီနောမြန်မာအား M1 လုပ်ငန်းစုသို့ လွှဲပြောင်းရောင်းချခြင်းနှင့် ပတ်သက်၍ Wave Money ၏ ထုတ်ပြန်ချက်

Wave Money အနေဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများအား မရှိမဖြစ်အရေးပါသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ပေးစွမ်းသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံအပေါ်ထားရှိသော ကျွန်ုပ်တို့ရဲ့ ကတိကဝတ်များသည် ဆက်လက်ခိုင်မြဲနေပါသည်။ Wave Money သည် တယ်လီနောမြန်မာနှင့် သီးခြားရပ်တည်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Telenor Group သည် ကျွန်ုပ်တို့၏ အစုရှယ်ယာဝင်လုပ်ငန်းစုတစ်ခုဖြစ်သော်လည်း Wave Money သည် လုပ်ငန်းဆောင်တာများအား သီးခြား ရပ်တည် လည်ပတ်လျက်ရှိပြီး တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းသည် ကျွန်ုပ်တို့နှင့် တိုက်ရိုက်ဆက်နွယ်မှုမရှိပါ။ တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းနှင့် ပတ်သက်၍ သိရှိလိုပါက ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

အသိ​ပေးအ​ကြောင်းကြားခြင်း ၂၆ မတ် ၂၀၂၁

မင်္ဂလာပါ WavePay အသုံးပြုသူများအတွက် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း ပြန်အမ်းငွေရရှိသည့် ပရိုမိုးရှင်းအစီအစဉ် သည် ၃၁.၃.၂၀၂၁ (ဗုဒ္ဓဟူးနေ့) တွင်ပြီးဆုံးမည်ဖြစ်ပါသည်။ မိုဘိုင်းအော်ပရေတာအားလုံးအတွက်ကျုံးဝင်ပါသည်။ WavePay ဝန်ဆောင်မှုများအသုံးပြုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ငွေထုတ်ယူနိုင်သည့်ပမာဏအား ပြောင်းလဲသတ်မှတ်ခြင်းဆိုင်ရာ ထုတ်ပြန်ချက်

ရန်ကုန် – မြန်မာ၊ မတ်လ (၅) ရက်၊ ၂၀၂၁ ခုနှစ်။ ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ယာယီညွှန်ကြားချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစတင်၍ မိမိတို့၏ WavePay အကောင့်ထဲမှ တစ်ရက်လျှင် အများဆုံး ငွေထုတ်ယူနိုင်မည့် ငွေပမာဏမှာ ကျပ်(၃)သိန်း အထိ ဖြစ်ပြီး မိမိတို့၏ WavePay အကောင့်နှင့် ချိတ်ဆက်ထားသော ရိုးမဘဏ်SMARTအကောင့်သို့ တစ်ရက်လျှင် ငွေလွှဲနိုင်မည့်ပမာဏကိုလည်း ကျပ်(၃)သိန်းအထိ ပြောင်းလဲသတ်မှတ်ထားကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ဤပြောင်းလဲသတ်မှတ်ချက်များသည် WavePay အကောင့် Level 2 နှင့် Level 3 အသုံးပြုသူများသာ အကျုံးဝင်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုရင်ဆိုင်နေရချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို လက်ခံအသုံးပြုလာသည်နှင့်အမျှ Wave Money သည် ၂၀၂၀ ပြည့်နှစ်အတွင်း တိုးတက်မှု စံချိန်တင်ခဲ့

ရန်ကုန် – မြန်မာ၊ ဇန်နဝါရီလ (၅) ရက်၊ ၂၀၂၁ ခုနှစ် ။ ။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို လျင်မြန်စွာ လက်ခံအသုံးပြုလာကြသည်နှင့်အမျှ နိုင်ငံ၏ ဦးဆောင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Wave Money သည် ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာကျပ်ငွေ ၁၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈.၇ ဘီလီယံ) အထိ လွှဲပေးနိုင်ခဲ့သည်။

Shop.com.mm တွင် WavePay by Wave Money အား စတင်မိတ်ဆက်ခြင်း နှင့် 11.11/12.12 Mega Campaigns အစီအစဉ်များတွင် Wavepay မှ မိတ်ဖက်အဖြစ်ပါဝင်ကြောင်း အကြောင်းကြားခြင်း

Shop.com.mm ဟာ WavePay နဲ့ ပူးပေါင်းခဲ့ပြီဖြစ်ပြီး Shop မှ ဈေးဝယ်သူများဟာ WavePay Mobile Wallet ကို အသုံးပြုပြီး လွယ်ကူအဆပချောမွေ့စွာ၊ လုံခြုံစိတ်ချစွာနဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါသည်။ ဒီပူးပေါင်းမှုဟာ WavePay ရဲ့ အသုံးပြုရလွယ်ကူပြီး ထင်ရှားကျော်ကြားတဲ့ လုံခြုံစိတ်ချရတဲ့ Digital ငွေကြေးဝန်ဆောင်မှုကို Shop ရဲ့ လစဉ်သုံးစွဲသူပေါင်း ၁.၁ သန်းကျော်ဟာ ရောင်းချသူပေါင်း ၆၀၀၀ ကျော် ရဲ့ ၁သန်းကျော်သော ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Wave Money သည် လစဉ် WavePay အသုံးပြုသူဦးရေ ၁.၁ သန်းကျော်ဖြင့် စံချိန်တင်လျက်ရှိ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ ရန်ကုန် ။ ။ Wave Money သည် လစဉ် WavePay မိုဘိုင်း ပိုက်ဆံအိတ် အက်ပလီကေးရှင်း အသုံးပြုသူဦးရေ ၁.၁ သန်း ဖြင့် အောက်တိုဘာလတွင် စံချိန်သစ်တင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ စက်တင်ဘာလအတွင်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ) ထိရောက်ရှိခဲ့ပြီး ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက နေ့စဉ် WavePay အသုံးပြုသူသစ် ပျမ်းမျှဦးရေမှာ ၁၆၂% အထိ တိုးတက်လာကြောင်း မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Wave Money မှ ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာပြည်သူများအား Cyber Smart ဖြစ်စေရန် MCM မှ ပံ့ပိုးကူညီ

၁၂ ရက်၊ အောက်တိုဘာလ၊ ၂၀၂၀ ခုနှစ်၊ ရန်ကုန်၊ မြန်မာ။ ။ ဆိုင်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင်များသည် မြန်မာပြည်သူများအား အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ကပ်‌ရောဂါဖြစ်ပွားနေစဉ်အတွင်း ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များနှင့် ခြိမ်းခြောက်ခံရမှုများမှ ကာကွယ်ပေးရန်နှင့် အကူအညီအထောက်အပံ့ကောင်းများပေးနိုင်ရန် ပူးပေါင်းလက်တွဲခဲ့ကြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးမှ ၂၀၂၀ မြန်မာဆိုင်ဘာလုံခြုံရေးလအား ကြေညာရန် သတင်းစာရှင်းလင်းပွဲတွင် ယခုအခါ မြန်မာပြည်သူ သန်းပေါင်းများစွာသည် လူအချင်းချင်းဆက်သွယ်ရန်နှင့် သတင်းအချက်အလက်များ၊ ဖျော်ဖြေမှုများ၊ အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ရာတွင် နည်းပညာကို အသုံးပြုလာမှု များပြားလာသည်နှင့်အမျှ ဆိုင်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် အန္တရာယ်များနှင့် ဆိုင်ဘာကို လုံခြုံစိတ်ချရစွာ အသုံးပြုနိုင်မှုတို့သည် လွန်စွာအရေးပါလာကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

Wave Money မှ ပထမဆုံးသော မြန်မာနိုင်ငံသား နည်းပညာအရာရှိချုပ်အသစ်အား ခန့်အပ်

ရန်ကုန်၊ ၂၉ ရက်၊ စက်တင်ဘာလ ၂၀၂၀ – မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွင် ဦးဆောင်ကုမ္ပဏီဖြစ်သော Wave Money မှ မြန်မာနိုင်ငံသားနည်းပညာအရာရှိချုပ်အဖြစ် ဦးထင်လှိုင်အား ခန့်အပ်လိုက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက် မှစတင်ကာ ရန်ကုန်မြို့ရှိ Wave Money ရုံးချုပ်တွင် စတင်အလုပ်လုပ်ကိုင်သွားမည်ဖြစ်သည်။

Wave Money မှ မြန်မာနိုင်ငံရှိ COVID-19 လှုပ်ရှားမှုများဆိုင်ရာ ဒီဂျစ်တယ်ငွေပေးချေမှုကဏ္ဍအား ဦးဆောင်လျက်ရှိ

ရန်ကုန် – မြန်မာ၊ ဇွန်လ (၈) ရက်နေ့၊ ၂၀၂၀ ။ ။ အစိုးရအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုကဏ္ဍ၏ ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်သော Wave Money နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါအခြေအနေများကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည့် လူ့အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသို့ ဒီဂျစ်တယ်နည်းပညာဖြင့် ကူညီထောက်ပံ့ပေး လျက်ရှိသည်။