MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းအတွက် ငွေပမာဏကန့်သတ်ချက်ကဘာလဲ။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းအတွက် လုပ်ငန်းစဉ်တစ်ခုလျှင် အနိမ့်ဆုံးပမာဏသတ်မှတ်ချက်မှာ ၁၀,၀၀၀ ကျပ်ဖြစ်ပြီး Wave Wallet ၏ လက်ခံနိုင်သည့် အများဆုံး ငွေပမာဏမှာ သိန်း (၂၀) ကျပ်အထိ ဖြစ်ပါသည်။ သို့ရာတွင် ကဒ်ထုတ်ပေးသောဘဏ်၏ Debit ကန့်သတ်ချက်ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းကို WavePay အ‌ကောင့် မည်သည့်အဆင့် (Level) တွင် အသုံးပြုနိုင်သနည်း။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းခြင်းလုပ်ဆောင်ချက်ကို WavePay Level 2 သုံးစွဲသူများအားလုံး အသုံးပြုနိုင်ပါသည်။ အကယ်၍ WavePay Level 2 သုံးစွဲသူမဟုတ်ပါက၊ မိတ်ဆွေရဲ့ လက်ရှိသုံးနေသည့် WavePay Basic အကောင့်ကို Level 2 သို့ မှတ်ပုံတင်ဖြင့် အလွယ်တကူ အဆင့်မြှင့်နိုင်ပါသည်။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းရန်အတွက် ဘာတွေလိုအပ်သလဲ။

MPU ကဒ်ဖြင့် ငွေဖြည့်သွင်းရန်အတွက် MPU ကဒ်များသည် e-commerce လုပ်ဆောင်ချက်ဖြင့် မှတ်ပုံတင် ဖွင့်ထားရပါမည်။ ၎င်း e-commerce လျှောက်ထားခြင်းကို သက်ဆိုင်ရာကဒ်ထုတ်ပေးသည့်ဘဏ်၌ လုပ်ဆောင်နိုင်ပါသည်။

Wave Money ဆိုင် ကတစ်ဆင့် လွှဲလိုက်တဲ့ငွေကို ဘယ်လိုထုတ်ရမလဲ?

ငွေလက်ခံမယ့်သူက WavePay အကောင့် ရှိရင် လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ WavePay အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး ငွေထုတ်ချင်ရင်တော့ နီးစပ်ရာ Wave Money ဆိုင်မှာ ဖုန်းနံပါတ်ပြောရုံနဲ့ ငွေထုတ်နိုင်ပါတယ်။ ငွေလက်ခံမယ့်သူက WavePay အကောင့်မရှိရင် လုပ်ငန်းစဉ်နံပါတ်နဲ့ လျှို့၀ှက်နံပါတ်သုံးပြီး အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်မှာ ငွေထုတ်နိုင်ပါတယ်။

ငွေလွှဲခြင်းနဲ့ အကောင့်ထဲက ငွေထုတ်ခြင်းတွေအတွက် ဝန်ဆောင်ခပေးရမှာလား?

WavePay အကောင့် အချင်းချင်းဆိုရင် အခမဲ့ ငွေလွှဲနိုင်ပါတယ်။ WavePay အကောင့်မရှိတဲ့သူဆီ ငွေလွှဲတဲ့အခါ ငွေလွှဲခပေးရပါတယ်။ WavePay အကောင့်ထဲက ငွေထုတ်မယ်ဆိုရင်တော့ ငွေထုတ်ခကို အကောင့်ထဲက ဖြတ်သွားမှာဖြစ်ပါတယ်။ ကျသင့်တဲ့ ငွေလွှဲခပမာဏကို အက်ပလီကေးရှင်းထဲမှာရှိတဲ့ “Fee Calculator” ကိုအသုံးပြုပြီး တွက်ချက်နိုင်ပါတယ်။Wave Money ဆိုင်မှာ မိမိအကောင့်ထဲငွေသွင်းတဲ့အခါ ငွေသွင်းခပေးဖို့မလိုပါဘူး။

WavePay သုံးပြီး ဘယ်သူ့ကိုမဆို ငွေလွှဲလို့ရလား?

မြန်မာနိုင်ငံတွင်းက ဘယ်သူ့ကိုမဆို WavePay သုံးပြီး ငွေလွှဲလို့ရပါတယ်။ ငွေလက်ခံမယ့်သူမှာ WavePay အကောင့်ရှိရင်တော့ ဖုန်းနံပါတ်သိရုံနဲ့ ငွေလွှဲနိုင်ပြီး လွှဲလိုက်တဲ့ငွေက ငွေလက်ခံမယ့်သူရဲ့ အကောင့်ထဲကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ ငွေလက်ခံမယ့်သူက WavePay အကောင့်မရှိရင်တော့ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည် နဲ့ မှတ်ပုံတင်နံပါတ်တွေကို သိရုံနဲ့ မြန်မာနိုင်ငံထဲက ဘယ်သူ့ကိုမဆို WavePay ကတစ်ဆင့် ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲပြီးရင် လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူဆီပို့လိုက်တာနဲ့ နီးစပ်ရာ Wave Money ဆိုင်မှာ ငွေထုတ်ယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်ကို ငွေလက်ခံမယ့်သူကလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။