Wave Money call center က ဆက်သွယ်မှန်းဘယ်လိုသိနိုင်မလဲ?

Wave Money call center က မိတ်ဆွေတို့ကို ဆက်သွယ်တဲ့အခါ တယ်လီနောအသုံးပြုသူတွေဆိုရင် 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေဆိုရင် 09790009000 နံပါတ်တွေနဲ့ပဲ ဆက်သွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဆက်သွယ်ခဲ့ရင် သို့မဟုတ် မိတ်ဆွေကို ဆက်သွယ်လာတဲ့အခါ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money ရဲ့ official Facebook Messenger ကသာ အစစ်အမှန်ဆိုတာကို သတိပြုပေးစေလိုပါတယ်။ Wave Money call center က မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်၊ လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ်တွေကို မေးမြန်းမှာမဟုတ်သလို တစ်စုံတစ်ယောက်ကမေးလာခဲ့ရင်လည်း မပြောပြမိဖို့ တိုက်တွန်းလိုပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲတဲ့အခါ ဘယ်အချက်အလက် တွေကိုပြောပြရမလဲ?

Wave Money ဆိုင်တွေကတစ်ဆင့် ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်၊ မှတ်ပုံတင်နံပါတ် နဲ့ လွှဲလိုတဲ့ ငွေပမာဏကိုပဲ ပြောပြရမှာဖြစ်ပါတယ်။

ငွေလွှဲရင် သုံးတဲ့ လျှို့ဝှက်နံပါတ် (Secret Code) ဆိုတာဘာလဲ? ဘယ်လိုအချိန်မျိုးမှာ လျှို့ဝှက်နံပါတ် (Secret Code) ကိုလိုအပ်ပါသလဲ?

WavePay အကောင့်မရှိတဲ့သူဆီ Wave Money ဆိုင်ကနေ ဖြစ်ဖြစ်၊ WavePay အကောင့်ထဲကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ Wave Money က ငွေလွှဲတဲ့သူဆီအလိုအလျောက် ပို့ပေးတဲ့ လျှို့ဝှက်နံပါတ် (Secret Code)ကို မက်ဆေ့ချ်ရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ် (Secret Code) မှာ ဂဏန်း ၆လုံးရှိပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲတဲ့အခါ ဘယ်အချက်အလက်ကို သေချာ သိမ်းထားရမလဲ?

Wave Money ဆိုင်ကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမည့်သူကလွဲပြီး လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ်ကို ဘယ်သူ့ကိုမှ မပြောပြရပါ။