WavePay အကောင့် Level 2 မြှင့်ထားတာ အလုပ်ဖွင့်ရက် ၃ရက်ကျော်သွားပေမယ့် အကောင့်က Basic ပဲဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်ရမလဲ?

WavePay အကောင့် Level 2 မြှင့်ထားတာ အလုပ်ဖွင့်ရက် ၃ရက်ကျော်သွားပေမယ့် အကောင့်က Basic ပဲဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်ရမလဲ? 

ဝန်ဆောင်မှုတောင်းဆိုချက်အခြေအနေကို ဘယ်လိုစစ်လို့ရမလဲ?

မိတ်ဆွေရဲ့ ဝန်ဆောင်မှုတောင်းဆိုချက်အခြေအနေကို သိနိုင်ဖို့ ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို ခေါ်ဆိုပြီး WavePay အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ် နဲ့ Service Request နံပါတ်ကို ပေးပို့ကာ စစ်ဆေးနိုင်ပါတယ်။ တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာအသုံးပြုသူတွေကတော့ 09790009000 ကိုခေါ်ဆိုပြီး စုံစမ်းနိုင်ပါတယ်။

WavePay အက်ပလီကေးရှင်းသုံးနေရင်းနဲ့ အခက်အခဲ၊ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ကြုံလာရင် သုံးစွဲသူတွေအနေနဲ့ ဘာတွေလုပ်ရမလဲ?

သုံးစွဲသူတွေကြုံတွေ့လာတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့အတွက် (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ တယ်လီနောဖုန်းသုံးတဲ့သူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။

WavePay သုံးစွဲသူတွေအနေနဲ့ Wave Money ဆိုင်တွေကိုဘယ်လိုရှာရမလဲ?

WavePay အက်ပလီကေးရှင်း ရဲ့ ပင်မစာမျက်နှာမှာ “Wave ဆိုင်များ” ကို နှိပ်ပြီး မိတ်ဆွေနဲ့ အနီးဆုံးမှာရှိတဲ့ Wave Money ဆိုင်တွေကို ရှာနိုင်ပါတယ်။ Wave Money ရဲ့ official website မှာဆိုရင်တော့ “သင်နှင့်အနီးဆုံးဆိုင်” မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

WavePay သုံးဖို့ သတ်မှတ်ထားတဲ့ အင်တာနက် Network လိုအပ်ချက်တွေရှိလား?

မရှိပါဘူး။ WavePay ကိုဘယ် အင်တာနက် Network နဲ့မဆို သုံးနိုင်ပါတယ်။ အသင့်အတင့်ကောင်းမွန်တဲ့ အင်တာနက်ကို အသုံးပြုဖို့ အကြံပေးလိုပါတယ်။

Wave အေးဂျင့်ဖြစ်ချင်တယ်ဆိုရင် WavePay အက်ပလီကေးရှင်းကိုပဲ သုံးရမှာလား?

Wave အေးဂျင့်တွေအတွက်ကတော့ သီးသန့် အက်ပလီကေးရှင်း ရှိပါတယ်။ Wave အေးဂျင့်လျှောက်ဖို့အတွက် (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ တယ်လီနောအသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ တယ်လီနော နံပါတ်များနှင့် ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ပါ။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုဆက်သွယ်ပြီးတော့လည်း လျှောက်နိုင်ပါတယ်။

ငွေလွှဲခ နှုန်းထားတွေကို ဘယ်မှာစစ်လို့ရလဲ?

ငွေလွှဲခ ပမာဏကို အက်ပလီကေးရှင်းထဲမှာရှိတဲ့ “ဝန်ဆောင်ခ” မှာ တွက်ချက်နိုင်ပါတယ်။ Wave Money ရဲ့ official website https://www.wavemoney.com.mm/products-prices/wave-account/using-app/ မှာလည်း ကြည့်ရှုနိုင်ပါတယ်။

တကယ်လို့ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ်က ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားခဲ့ရင် သုံးစွဲသူအနေနဲ့ ဘာလုပ်ရမလဲ?

WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းကတ် ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့အခါ ထိုဆင်းမ်ကတ်နံပါတ်နဲ့တူညီတဲ့ ဆင်းမ်အသစ်ကို သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာမှာ ပြန်လျှောက်ထားနိုင်ပြီး ဆင်းမ်ကတ်အသစ်ရတဲ့အခါ ရှိပြီးသား WavePay အကောင့်ကို ပြန်လည်ဝင်ရောက်နိုင်ပါတယ်။ ဆင်းမ်ကတ်အသစ်လျှောက်ထားဆဲကာလမှာတော့ မိတ်ဆွေရဲ့ WavePay အကောင့်ကို လုံခြုံရေးအရ ယာယီပိတ်ထားပေးမှာဖြစ်ပါတယ်။ ဆင်းမ်ကတ်အသစ်ရပြီးရင်တော့ မိတ်ဆွေရဲ့ WavePay အကောင့်ပြန်လည်အသုံးပြုဖို့အတွက် ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားတဲ့ ဖုန်းဆင်းမ်ကတ်နဲ့ နံပါတ်တူ ဆင်းမ်ကတ်အသစ်ကို သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာမှာ ပြန်လည်လျှောက်ထားဖို့အဆင်မပြေခဲ့ရင် WavePay အကောင့်ဟောင်းထဲက လက်ကျန်ငွေတွေကို ပြန်လည်ပြောင်းထည့်ပေးဖို့အတွက် WavePay အကောင့်အသစ်ဖွင့်ထားရမှာဖြစ်ပါတယ်။ အသစ်ဖွင့်လိုက်တဲ့ အကောင့်ကလည်း Level 2 ဖြစ်နေဖို့လိုအပ်ပါတယ်။ WavePay အကောင့်အသစ်ကို… Continue reading တကယ်လို့ WavePay အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ်က ပျောက်ဆုံး (သို့မဟုတ်) ပျက်စီးသွားခဲ့ရင် သုံးစွဲသူအနေနဲ့ ဘာလုပ်ရမလဲ?

တကယ်လို့ မိမိလွှဲလိုက်တဲ့ ငွေက လက်ခံတဲ့သူဆီရောက်မသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

WavePay အက်ပလီကေးရှင်း ရဲ့ ပင်မစာမျက်နှာမှာရှိတဲ့ “စာရင်း” ကိုဝင်ကြည့်ပေးပါ။ တကယ်လို့ ငွေလွှဲလုပ်ငန်းစဉ်အောင်မြင်ပြီး မိတ်ဆွေရဲ့အကောင့်ထဲက ငွေနှုတ်သွားသော်လည်း လက်ခံတဲ့သူက ငွေလက်ခံရရှိခြင်းမရှိခဲ့ရင် (၂၄) နာရီဝန်ဆောင်မှုရရှိနိုင်တဲ့ Wave Money Call Center ကိုဆက်သွယ်ပေးပါ။ တယ်လီနောအသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာအသုံးပြုတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ တယ်လီနော နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်းဆက်သွယ်နိုင်ပါတယ်။