နိုင်ငံဝန်ထမ်းဟောင်း အငြိမ်းစားများအတွက် မိုဘိုင်းလ် အခြေပြု ငွေရေးကြေးရေး ဝန်ဆောင်မှု ပေးအပ်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် Wave Money တို့ ပူးပေါင်း

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၈။ ။ နိုင်ငံဝန်ထမ်းဟောင်း အငြိမ်းစားများ ပင်စင်လာရောက် ထုတ်ယူရာတွင် လွယ်ကူ အဆင်ပြေစေရန် မြန်မာနို်င်ငံ၏ငွေရေးကြေးရေးကဏ္ဍတွင် ဦးဆောင်သူ Wave Money က ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာ့စီးပွားရေးဘဏ်ခွဲ ၌ လစဉ်ပင်စင်သွားရောက်ထုတ်ယူစရာမလိုတော့ဘဲ အချိန်နေရာ မရွေး နီးစပ်ရာ Wave Money ဆိုင်ခွဲများတွင် ပင်စင်လစာထုတ်ယူနိုင်မည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဝန်ဆောင်မှုကို မြောက်ဒဂုံမြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်ခွဲဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် ပင်စင်စားများ သာလျင် ရရှိနိုင်မည်ဖြစ်ပါသည်။ ဆက်လက်ပြီး နောက်လများတွင် အခြားသော မြို့နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်ထုတ်ယူလျက်ရှိကြသော ပင်စင်စားများအတွက် ပင်စင်လစာထုတ်ပေးခြင်း ဝန်ဆောင်မှုကို တိုးချဲ့ ပေးအပ်သွားမည်ဖြစ်သည်။

Myanmar Economic Bank and Wave Money Partner to Enable Mobile Money Services for Government Pensioners

Yangon, January 18, 2018 – Wave Money, the leading Mobile Financial Service provider in Myanmar, is now making pension payments easier for government pensioners. They can now rely on Wave Shops to withdraw their pensions on any day of the week and at any time convenient for them. Currently, the service is only available to pensioners from North Dagon but will be rolling out to more townships in the coming months.