WavePay အကောင့်ကိုဖျက်ချင်ရင် ဘယ်လိုလုပ်ရမလဲ?

WavePay အကောင့်ကို ဖျက်ရန်အတွက် Wave Money Call Center ကို ဆက်သွယ်ဆောင်ရွက် ရပါမည်။ အကောင့်မဖျက်ခင် သင်၏ မိုဘိုင်းလ်ပိုက်ဆံအိတ်အတွင်း လက်ကျန်‌‌‌ငွေ သုညသာရှိရမှာဖြစ်ပြီး လုပ်ငန်းစဉ်ပြီးဆုံးရန် အလုပ်ချိန် ၁ရက် ကြာပါမည်။

WavePay အကောင့်ဘယ်လိုဖွင့်ရမလဲ?

WavePay စသုံးမယ်ဆိုရင် အကောင့်ဖွင့်ဖို့ ကြိုက်နှစ်သက်ရာ SIM Card ကိုအသုံးပြုနိုင်ပါတယ်။ အကောင့်ဖွင့်ဖို့အတွက်အရင်ဆုံး WavePay အက်ပလီကေးရှင်းကို download လုပ်ရပါမယ်။ အကောင့်စဖွင့်မယ်ဆိုရင် –၁။ WavePay အက်ပလီကေးရှင်း ကိုဖွင့်ပါ။ ဘာသာစကားရွေးချယ်ပြီး “ရှေ့ဆက်မည်” ကိုနှိပ်ပါ။ နောက်စာမျက်နှာပေါ်လာရင် “အကောင့်လုပ်မည်” ကိုနှိပ်ပါ။၂။ နောက်စာမျက်နှာမှာ ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၃။ ယာယီ PIN နံပါတ် ၄ လုံးကို SMS နဲ့ပို့ပေးတဲ့အခါ PIN လေးလုံးကို ရိုက်ထည့်ပြီး “ဆက်လုပ်ပါ” ကိုနှိပ်ပါ။၄။ နောက်စာမျက်နှာမှာ မိတ်ဆွေထားရှိလိုတဲ့ လျှို့ဝှက် PIN နံပါတ် ၄လုံးကိုရိုက်ထည့်ပါ။ ဒီ PIN နံပါတ် ၄ လုံးကို အမြဲမှတ်ထားပြီး ဘယ်သူ့ကိုမှမပြောပြပါနဲ့။ PIN နံပါတ်ရိုက်ပြီးတဲ့အခါ “ဆက်လုပ်ပါ”… Continue reading WavePay အကောင့်ဘယ်လိုဖွင့်ရမလဲ?

WavePay ကို ဘယ်လို download လုပ်ရမလဲ?

WavePay အက်ပလီကေးရှင်းကို download လုပ်မယ်ဆိုရင် Android ဖုန်းတွေအတွက် Google Play Store:  https://bit.ly/wavepayandroid သို့မဟုတ် https://www.wavemoney.com.mm/wavepay.php သို့မဟုတ် Huawei AppGallery: https://bit.ly/3dZ18yA တို့ကနေ download ရယူနိုင်ပါတယ်။ iOS ဖုန်းတွေအတွက် Apple App Store: https://apple.co/2AwTRHM တို့ကနေ download လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Google Play Store၊ Huawei AppGallery နဲ့ Apple App Store တွေမှာ WavePay လို့ ရှာပြီးလည်း download လုပ်နိုင်ပါတယ်။