Wave Money ဆိုင်မှာ ဘေလ်ပေးဆောင်တာနဲ့ ချေးငွေပေးချေတာ လုပ်လို့ရလား?

Wave Money ဆိုင်ကနေတစ်ဆင့် AEON, Fullerton Myanmar, Rent2Own, Imperial Myanmar Finance, Mahar Bawga, JRC Company, Star Moe Yan, GL-AMMK, MRHF, Pristine Global, Win Finance စတဲ့ ကုမ္ပဏီတွေကို ဘေလ်ပေးဆောင်တာနဲ့ ချေးငွေပေးချေတာတွေ လုပ်နိုင်ပါတယ်။

Wave Money ဆိုင်ကနေ ငွေလွှဲလုပ်ငန်းစဉ်တစ်ကြိမ်ကို အများဆုံး ဘယ်လောက်လွှဲနိုင်လဲ?

Wave Money ဆိုင်မှာ ငွေလွှဲလုပ်ငန်းစဉ်တစ်ကြိမ်ကို အများဆုံး ၃,၀၀၀,၀၀၀ ကျပ်အထိ လွှဲနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ ၂၁ရက်အတွင်း ငွေမထုတ်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

မိတ်ဆွေအနေနဲ့ ၂၁ရက်အတွင်း ငွေမထုတ်ဖြစ်ခဲ့ရင်လည်း စိတ်ပူဖို့မလိုပါဘူး။ ၂၁ရက်ကျော်သွားတဲ့ လုပ်ငန်းစဉ်တွေအတွက် ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money call center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာ အသုံးပြုသူတွေက 09790009000ကို ဆက်သွယ်ပြီး ငွေထုတ်ယူရန်အတွက် လိုအပ်တဲ့အကူအညီများရယူနိုင်ပါတယ်။

Wave Money ဆိုင်ကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံတဲ့သူဆီရောက်ဖို့ အချိန်ဘယ်လောက်ကြာလဲ?

Wave Money ဆိုင်တွေကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူဆီကို လုပ်ငန်းစဉ်အမှတ်ပါတဲ့ SMS က ချက်ချင်းရောက်ပါတယ်။ ငွေလက်ခံမယ့်သူက ငွေလွှဲသူပို့ပေးထားတဲ့ လျှို့ဝှက်နံပါတ် ၆လုံးကို Wave Money ဆိုင်မှာပြောပြပြီး ၂၁ရက်အတွင်း ငွေထုတ်ရန်လိုအပ်ပါတယ်။