Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးနဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားရင် ဘာလုပ်ရမလဲ?

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားခဲ့ရင် ငွေလွှဲသူက ငွေလွှဲလိုက်တဲ့ Wave Money ဆိုင်မှာပဲ လျှို့ဝှက်နံပါတ်အသစ်၆လုံးကို ပြောင်းပေးဖို့ တောင်းဆိုနိုင်သလို၂၄နာရီ ဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကိုလည်း ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။ လျှို့ဝှက်နံပါတ်အသစ်ရရင် ငွေလက်ခံမယ့်သူကို တိုက်ရိုက် ပြန်ပေးနိုင်ပါတယ်။    Wave Money Call Center ကို ဆက်သွယ်မယ်ဆိုရင် တယ်လီနောဖုန်းသုံးတဲ့သူတွေက 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေကတော့ 09790009000 ဆိုတဲ့ နံပါတ်တွေကို ခေါ်ဆိုပြီး မေးမြန်းနိုင်သလို အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်း ဆက်သွယ်ပြီး… Continue reading Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲပြီးမှ လျှို့ဝှက်နံပါတ် ၆လုံးနဲ့ လုပ်ငန်းစဉ်နံပါတ်ပါတဲ့ မက်ဆေ့ချ်ကို ဖျက်မိသွားရင် ဘာလုပ်ရမလဲ?

တကယ်လို့ မိမိလွှဲလိုက်တဲ့ ငွေက လက်ခံတဲ့သူဆီရောက်မသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

၂၄ နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money Call Center ကိုဆက်သွယ်နိုင်ပါတယ်။ တယ်လီနောအသုံးပြုသူတွေက 900 ကိုခေါ်ဆိုနိုင်ပြီး တခြားအော်ပရေတာအသုံးပြုတဲ့သူတွေကတော့ 09790009000 ကိုခေါ်ဆိုနိုင်ပါတယ်။ တယ်လီနော နံပါတ်နဲ့ ခေါ်ဆိုရင်တော့ ဖုန်းခေါ်ဆိုခ အခမဲ့ဖြစ်ပါတယ်။ အပြာရောင် အမှန်ခြစ်လေးပါတဲ့ Wave Money official Facebook page ရဲ့ Messenger ကိုလည်းဆက်သွယ်နိုင်ပါတယ်။

Wave Money call center က ဆက်သွယ်မှန်းဘယ်လိုသိနိုင်မလဲ?

Wave Money call center က မိတ်ဆွေတို့ကို ဆက်သွယ်တဲ့အခါ တယ်လီနောအသုံးပြုသူတွေဆိုရင် 900 နဲ့ တခြားအော်ပရေတာသုံးတဲ့သူတွေဆိုရင် 09790009000 နံပါတ်တွေနဲ့ပဲ ဆက်သွယ်ပါတယ်။ တကယ်လို့ မိတ်ဆွေက ဆက်သွယ်ခဲ့ရင် သို့မဟုတ် မိတ်ဆွေကို ဆက်သွယ်လာတဲ့အခါ အပြာရောင်အမှန်ခြစ်ပါတဲ့ Wave Money ရဲ့ official Facebook Messenger ကသာ အစစ်အမှန်ဆိုတာကို သတိပြုပေးစေလိုပါတယ်။ Wave Money call center က မိတ်ဆွေရဲ့ ကိုယ်ပိုင်အချက်အလက်၊ လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ်တွေကို မေးမြန်းမှာမဟုတ်သလို တစ်စုံတစ်ယောက်ကမေးလာခဲ့ရင်လည်း မပြောပြမိဖို့ တိုက်တွန်းလိုပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲတဲ့အခါ ဘယ်အချက်အလက် တွေကိုပြောပြရမလဲ?

Wave Money ဆိုင်တွေကတစ်ဆင့် ငွေလွှဲတဲ့အခါ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်၊ နာမည်၊ မှတ်ပုံတင်နံပါတ် နဲ့ လွှဲလိုတဲ့ ငွေပမာဏကိုပဲ ပြောပြရမှာဖြစ်ပါတယ်။

ငွေလွှဲရင် သုံးတဲ့ လျှို့ဝှက်နံပါတ် (Secret Code) ဆိုတာဘာလဲ? ဘယ်လိုအချိန်မျိုးမှာ လျှို့ဝှက်နံပါတ် (Secret Code) ကိုလိုအပ်ပါသလဲ?

WavePay အကောင့်မရှိတဲ့သူဆီ Wave Money ဆိုင်ကနေ ဖြစ်ဖြစ်၊ WavePay အကောင့်ထဲကနေဖြစ်ဖြစ် ငွေလွှဲတဲ့အခါ Wave Money က ငွေလွှဲတဲ့သူဆီအလိုအလျောက် ပို့ပေးတဲ့ လျှို့ဝှက်နံပါတ် (Secret Code)ကို မက်ဆေ့ချ်ရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်နံပါတ် (Secret Code) မှာ ဂဏန်း ၆လုံးရှိပါတယ်။

Wave Money ဆိုင်ကတစ်ဆင့် ငွေလွှဲတဲ့အခါ ဘယ်အချက်အလက်ကို သေချာ သိမ်းထားရမလဲ?

Wave Money ဆိုင်ကနေ ငွေလွှဲတဲ့အခါ ငွေလက်ခံမည့်သူကလွဲပြီး လျှို့ဝှက်နံပါတ် (Secret Code) ၆လုံး နဲ့ လုပ်ငန်းစဉ်နံပါတ်ကို ဘယ်သူ့ကိုမှ မပြောပြရပါ။

Wave Money ဆိုင်မှာ ဘေလ်ပေးဆောင်တာနဲ့ ချေးငွေပေးချေတာ လုပ်လို့ရလား?

Wave Money ဆိုင်ကနေတစ်ဆင့် AEON, Fullerton Myanmar, Rent2Own, Imperial Myanmar Finance, Mahar Bawga, JRC Company, Star Moe Yan, GL-AMMK, MRHF, Pristine Global, Win Finance စတဲ့ ကုမ္ပဏီတွေကို ဘေလ်ပေးဆောင်တာနဲ့ ချေးငွေပေးချေတာတွေ လုပ်နိုင်ပါတယ်။

Wave Money ဆိုင်ကနေ ငွေလွှဲလုပ်ငန်းစဉ်တစ်ကြိမ်ကို အများဆုံး ဘယ်လောက်လွှဲနိုင်လဲ?

Wave Money ဆိုင်မှာ ငွေလွှဲလုပ်ငန်းစဉ်တစ်ကြိမ်ကို အများဆုံး ၃,၀၀၀,၀၀၀ ကျပ်အထိ လွှဲနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ ၂၁ရက်အတွင်း ငွေမထုတ်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ?

မိတ်ဆွေအနေနဲ့ ၂၁ရက်အတွင်း ငွေမထုတ်ဖြစ်ခဲ့ရင်လည်း စိတ်ပူဖို့မလိုပါဘူး။ ၂၁ရက်ကျော်သွားတဲ့ လုပ်ငန်းစဉ်တွေအတွက် ၂၄နာရီဝန်ဆောင်မှုပေးနေတဲ့ Wave Money call center ကို တယ်လီနောအသုံးပြုသူတွေက 900 နဲ့ အခြားအော်ပရေတာ အသုံးပြုသူတွေက 09790009000ကို ဆက်သွယ်ပြီး ငွေထုတ်ယူရန်အတွက် လိုအပ်တဲ့အကူအညီများရယူနိုင်ပါတယ်။